Chin Student Union - Sittwe

Chin Student Union - Sittwe

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin Student Union - Sittwe, Sittwe.

26/06/2021

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း ၄၅ နှစ်ပြည့်

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်)
သမိုင်း‌သွေးကို ရဲရင့်စေသူ
---------------------------

ဆလိုင်း တင်မောင်ဦးသည် ၁၉၅၁ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့တွင် ချင်းတိုင်းရင်းသားများဖြစ်ကြ‌
သော အဖ ဦးလှဒင်(သံတွဲ-ရခိုင်ပြည်နယ်ဇာတိ)နှင့် အမိ ဒေါ်နှင်းမြိုင်(တောင်ကုတ်-ရခိုင်ပြည်နယ်ဇာတိ)တို့မှ တောင်ငူမြို့‌တွင် မွေးဖွားသော သား၊သမီးများ အနက် အကြီးဆုံး‌သားဖြစ်သည်။ ဆလိုင်းတင်မောင်ဦးသည် ငယ်စဉ်ကတည်းကပင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် အဒေါ်နှင့်အတူ နေထိုင်ကြီးပြင်းလာခဲ့သူဖြစ်သည်။ဆလိုင်းတင်မောင်ဦးသည် ၁၉၆၂ခုနှစ် စစ်အာဏာသိမ်းချိန်တွင် အသက်(၁၁)နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၆၇ခုနှစ် အသက်(၁၆)နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းကို အောင်မြင်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် အားကစားရေးရာ၌ ထူးချွန်သည်သာမက အနုပညာ၌လည်း တယောကို ကောင်းစွာ တီးတတ်သူတစ်ဦးဖြစ်သည်။

နိုင်ငံရေး လှုပ်ရှားမှုများ

ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ခုနစ် အသက်(၁၈)နှစ်တက္ကသိုလ် ကျောင်းသားဘ၀၊ နိုင်ငံရေး လှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ ဆလိုင်းတင်မောင်ဦး၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ ၁၉၆၉ ခုနှစ် ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ‌ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၀ ခုနှစ် ရန်ကုန်တက္ကသိုလ် ရွှေရတုအရေးအခင်း ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ခုနစ် ကျောင်းသားအလုပ်သမားအရေးအခင်း လှုပ်ရှားမှု၊ ၁၉၇၂ခုနှစ် အလုပ်သမား အရေးအခင်း လှုပ်ရှားမှု၊ ၁၉၇၃ ခုနစ် ဦးသန့်အရေးအခင်း လှုပ်ရှားမှု၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးအခင်းလှုပ်ရှားမှုများတွင် ရှေ့တန်းမှ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲ၀င်ခဲ့သူဖြစ်သည်။ ၁၉၇၂ ရန်ကုန်တက္ကသိုလ် ရွှေရတု အရေးအခင်း၊ ကျောင်းသား လှုပ်ရှားမှုတွင်လည်း တက်ကြွစွာပါ၀င်ခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မှ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြု အချိန် ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ထောင်မှ ပြန်လည်လွတ်‌မြောက်လာခဲ့သည်။

၁၉၇၄ ခုနှစ် ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ပြီး ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေး အတွက် ချင်းအမျိုးသားများ၏ နာမည်ရှေ့တွင် ဆလိုင်း(ရဲစွမ်းသတ္တိနဲ့ပြည့်စုံသူ)ဟူ၍ လည်းကောင်း ချင်းအမျိုးသမီးများ၏ နာမည်ရှေ့တွင် မိုင်(သားကောင်းရတနာများမွေးဖွားပေးသူ)ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးစွဲရန် အတွက် အဆိုပြုခဲ့ပြီး အတည်ပြုနိုင်ခဲ့သည်။၁၉၇၄ ခုနှစ် ဒီဇင်ဘာ (၅)ရက်‌တွင် ဖြစ်ပွားသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုး ဦးသန့် အရေးအခင်းကျောင်းသားလှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်အဖြစ် မဆလ ဦးနေ၀င်း စစ်အစိုးရအား ရဲ့ဝံ့စွာ ဆန်းကျင်တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ထိုအရေးအခင်းပြီးနောက် စစ်အာဏာရှင်အစိုးရ၏ ဖမ်းဆီးမှုကို တိမ်းရှောင်ရန် ကျောင်းသား ခေါင်းဆောင် ၅ ဦးနှင့် အတူ ထိုင်းနိုင်ငံ နယ်စပ်သို့ တိမ်းရှောင်သွားခဲ့သည်။ ထိုသို့ တိမ်းရှောင်‌နေစဉ် ကာလအတွင်းလက်နက်ကိုင် လှုပ်ရှားမှုမပြုလုပ်ဘဲ မြေအောက်ကျောင်းသား လှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

၁၉၇၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်၀င်
ရောက်လာပြီး ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပွားသော ရွှေတိဂုံ ကျောင်းသား အရေးအခင်းတွင် ထပ်မံ ဦးဆောင် ပါဝင်ခဲ့သည်။ ထို့ကြောင့် မဆလ အစိုးရ အာဏာရှင်များမှ ဆန္ဒပြသော ကျောင်းသားများကို ဇွန်လ ၁၁ ရက်တွင် လိုက်လံဖမ်းဆီးပြီး ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ သို့သော် ဆလိုင်းတင်မောင်ဦးမှာ အဖမ်းအဆီးမခံရဘဲ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်တွင် ပြုလုပ်မည့် သခင် ကိုယ်တော်မှိုင်း၏ အသက် ၁၀၀ ပြည့် မှိုင်းရာပြည့် အရေးအခင်း ဖြစ်မြောက်အောင် ဦးဆောင် ကြိုးပမ်းနေစဉ် ၁၉၇၆ ခုနှစ် မတ်လ ၁၉ ရက်တွင် ကမာရွတ် ပတ္တမြားခြံတွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ မှိုင်းရာပြည့် အရေးအခင်းတွင် ဆလိုင်းတင်မောင်ဦး နှင့်အတူ ဖခင်ဖြစ်သူ ဦးမြဒင်နှင့် အစ်ကိုဖြစ်သူ ဆလိုင်းလှဆွေတို့လည်း အဖမ်းခံခဲ့ရသည်။ ညီမ ဖြစ်သူ ထိုစဉ်က နဝမတန်း တက်ရောက်နေသော မိုင်ပိုပိုတင် ခေါ် မလှမြိုင်မှာလည်း အစ်ကိုဖြစ်သူနှင့် ဖခင်တို့ အဖမ်းခံရ ပြီး​နောက် မှိုင်းရာပြည့် အရေးအခင်းတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သဖြင့် အဖမ်းခံခဲ့ရပြန်သည်။

နောက်ဆုံးနေ့များ

ဆလိုင်းတင်မောင်ဦး၏ညီမဖြစ်သူအထက်တန်းကျောင်းသူ မိုင်ပိုပိုဒင်(ခ) မလှမြိုင်အား ထောင်ဒဏ် (၉)နှစ် ညီဖြစ်သူ (၉)တန်းကျောင်းသား ဆလိုင်းလှရ‌ရွှေအား ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့ပြီး မိဘနှစ်ပါးအား ထောင်ဒဏ် (၅)နှစ် အသီးသီးချမှတ်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးအား အင်းစိန်ထောင် အမှောင်တိုက် နံပါတ် ၁ ၌ ချုပ်နှောင်ထားပြီး အဖမ်းအဆီးခံ ကျောင်းသားများအား စစ်ခုံရုံးတင် စီရင်ရာတွင် ဆလိုင်းတင်မောင်ဦးမှာ စစ်အာဏာရှင်များ၏ မတရား အငြိုးထား သေဒဏ်ပေးခြင်း ခံခဲ့ရသည်။ စစ်ခုံရုံးတွင် ပြင်ဆင်ချက်တင်လျှင် ပြစ်ဒဏ်လျှော့ပေးမည်ဟု ပြောခဲ့သော်လည်း "မင်းတို့ ငါ့ခန္ဒာကိုယ်သာ သတ်လို့ရမယ် ငါ့ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်က်ိုတော့ ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး၊ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" ဟု ရဲရဲ‌တောက်ပြောခဲ့သူဖြစ်သည်။ ဤသို့ဖြင့် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက် (၄)နာရီတွင် မိဘဆွေမျိုးများအား အကြောင်းကြားအသိပေးခြင်းမရှိဘဲ စစ်အာဏာရှင်များ၏ လျှို့ဝှက်စွာ မတရားကြိုးပေးသတ်ဖြတ်ကွပ်မျက် ခံခဲ့ရသည်။ဆလိုင်းတင်‌မောင်ဦးသည် ကြိုးစင်ပေးသတ်ဖြတ် ကွပ်မျက်ရာတွင် ချက်ချင်းမသေလျှင် သူနိုင်သည်ဟု ပြောဆိုကာ နောက်ဆုံးထွက်သက် အချိန်ထိ ရဲဝံ့စွာ ရပ်တည်သွားခဲ့သည်။မြန်မာ့သမိုင်းတွင် ဤကဲ့သို့ ကျောင်းသားခေါင်းဆောင်တစ်ဦးအား တိတ်တဆိတ်စွာ ကြိုးစင်ပေး ကွပ်မျက်ခြင်းမှာ မကြုံစဖူးဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။


ဆလိုင်းကေပီ ထွန်းလင်းအောင်
ချင်းကျောင်းသားသမဂ္ဂ(စစ်တွေ)
၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၆)ရက်
Photo_crd to original uploader

ဗဟိုပြန်ကြားရေး
ဦးဆောင်ကော်မတီ
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ

25/06/2021

“မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ ငါရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ”

— ဆလိုင်းတင်မောင်ဦး
(ဇွန် ၂၆, ၁၉၇၆)

-Sittwe

15/07/2020

ပါမောက္ခချုပ်များကော်မတီ၏ ထုတ်ပြန်စာ

Want your school to be the top-listed School/college in Sittwe?
Click here to claim your Sponsored Listing.

Telephone

Website

Address

Sittwe