Point-SKM
-
28/09/2020
✨ 5 Beauty of Vitamin E ✨
🔔လူတိုင်းသိကြမြင်ဖူးကြတဲ့ Vitamin E ဆေးလုံးလေးတွေက အသားအလှအပအတွက် ဘယ်လောက်အသုံးဝင်ကြောင်း အချက် (၅)ချက်နဲ့ မင်မင် ပြောပြသွားပါ့မယ် 💬
🏵️No.1 က အသားအရေအတွက် လုံးဝသင့်တော်တဲ့ နည်းလမ်းလေးပါ အသားရေ မွဲခြောက်နေတာမျိုး /အသားရေ ကြမ်းပြီး နေလောင်ထားတာမျိုးကစတဲ့ ပြသာနာများကိုအလွယ်တကူ ဖြေရှင်းပေးနိုင်ပါတယ် 💞
♨️အသုံးပြုပုံ - ကိုယ်သုံးနေကျ lotion ကို Vitamin E ဆေးလုံးလေး ၁/၂လုံး ရောညစ်ထည့်ပေးပြီး လိမ်းပေးရုံပါပဲ ဒါဆို အသားရေသိသိသာသာ ကြည်လင်လာမှာပါရှင့်💫
🏵️No.2 က ဆံပင်ပါးပြီး အဖျားနှစ်ခွဖြစ်တာမျိုး ပျက်စီးတာမျိုး ဖြစ်တတ်တဲ့ သူတွေအတွက်ပါ
ခေါင်းလျှော်ပြီးတိုင်း အသုံးပြုစေရုံနဲ့ သိသိသာသာ ဆံသားပြန်လည်ကောင်းမွန်လာစေမှာပါရှင့်💞
♨️အသုံးပြုပုံ _ခေါင်းလျှော်ပြီး ဆံသားမခြောက်တစ်ခြောက်ဖြစ်နေတဲ့ အချိန်မျိုးမှာ Vitamin E လေးကိုဖောက်ပြီး ဆံသားကို လိမ်းပေးထားရုံပါပဲ
ကိုယ့်ဆံပင် အထူအပါး အနည်းအများပေါ်မူတည်ပြီး ၁လုံးသော်ရှိ ၂လုံးသော်ရှိ ချင့်ချိန်အသုံးပြုနိုင်ပါတယ်ရှင့် 💫
🏵️No.3က မျက်တောင်ထူပြီးရှည် ချင်တဲ့သူတွေအတွက်ပါ
သူက veseline အဆီဗူးအသေးတစ်ဗူးနဲ့ vitamin Eဆေးလုံးလေး ရှိရင်ရပြီ သူ့ကို နေ့တိုင်း မနက်တစ်ခေါက်/ညတစ်ခေါက်အသုံးပြုပေးရုံနဲ့ သိ"သာ"မျက်တောင်လေးတွေ ထူပြီးရှည်လာစေပါတယ်💞
♨️အသုံးပြုပုံ_veseline အဆီဗူးလေးကိုထဲ vitamin Eလေး ၃/၄လုံးလောက်ဖောက်ထည့်ပြီး သမာအောင်မွှေပေးရပါမယ် ပြီးရင် mascara အကုန်သုံးသားလေးကို သန့်စင်ပြီး အသုံးပြုပေးရပါမယ်ရှင့်💫
🏵️No.4 က အသားရည်ကိုအတွင်းပိုင်းကနေ ထိန်းသိမ်းချင်တဲ့သူတွေအတွက်ပါ မင်"က အသားရေ သိပ်မလှတော့ ဆေးရမှာလဲပျင်းလို့ သောက်ပါတယ် အသားရေလည်းကြည်လာပါတယ် အဓိက က မျက်နှာပါ မင်မင်အရင်ကဆို period time ဆို ဝက်ခြံတွေ တအားထွက်ပါတယ် vitamin E သောက်ပြီးနောက်ပိုင်း အရင်ကလို အများကြီးမထွက်ပဲ သိသိသာသာအသားရေကြည်လာခဲ့ပါတယ်💞
♨️အသုံးပြုပုံ _ည အိပ်ရာဝင်ခါနီး တစ်နေ့တစ်လုံးသောက်ပေးရုံပါပဲ မနက်ပိုင်းသောက်လဲရပါတယ် အစာနဲ့ခြားသောက်ပေးပါ 💫
🏵️No.5 က မျက်ကွင်းညိုတတ်တဲ့သူတွေအတွက် eyes mask လုပ်နည်းပါ လိုအပ်တာက
aloe vera gel အနည်းငယ်ကို ဗူးခွံလေးထဲထည့်ပြီး vitamin E ၂/၃လုံး ချင့်ချိန်ပြီးထည့်ကာ သမာအောင်မွှေပေးပါ ဒါဆို eyes maskလေးရပါပြီ💞
♨️အသုံးပြုပုံ_ ညတိုင်း မျက်ကွင်းညိုတဲ့နားလေးကိုလိမ်းပေးပါ ကဲဒါဆိုရင် လှပကျော့ရှင်းတဲ့မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်နိုင်ပါပြီရှင့်💫
"အားလုံးပဲကျန်းမားပျော်ရွှင်ပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုလှနိုင်ကြပါစေရှင့်"♥️
Click here to claim your Sponsored Listing.