Zwe Nyan Car Rental
ခရီးတို ခရီးရှည် ငှါးနိုင်ပါတယ်?
23/02/2017
မြန်မာပြည်ရဲ့ မြို့တော် နေပြည်တော်
ရန်ကုန်မြို့ကနေ 228 မိုင် အကွာအဝေးမှာတည်ထားတဲ့နေပြည်တော်ကို သွားမယ်ဆိုရင် လမ်းတစ်လျှောက် ------ မြို့တွေကို ဖြတ်သန်းသွားရပါတယ်။ နေပြည်တော်မြို့တော်ဟာ ခုဆိုရင် သွားလာလည်ပတ်စရာတွေ ရှိနေပါပြီ။ ဗုဒ္ဒဂယာ၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ ရေပန်းဥယျာဉ်၊ ပါလီမန်၊ နက္ခတ်တာရာပြခန်းနဲ့ ရွှေတိဂုံနဲ့ ပုံစံတူတည်ထားတဲ့ ဥပသန္တိစေတီတော်ကြီးတို့ဟာ လာရောက်လည်ပတ်သူတွေကို အဓိကဆွဲဆောင်ရာ နေရာတွေပါ။
နေ့ချင်းပြန်ခရီး သွားရောက်လည်ပတ်နိုင်သလို ညအိပ်ပြီးတော့လည်ပတ်မယ်ဆိုရင်လည်း တည်းခိုနေထိုင်နိုင်တဲ့ ရွေးချယ်စရာ ဟိုတယ်တွေလည်း အများကြီးရှိပါတယ်။
Nissan Caravan (14 Passenger) for Day Trip - 230000/-
Nissan Caravan (10 Passenger) For 2 Days 1 Night – 290000/- ပါခင်ဗျာ။
- စိတ်ပါဝင်စားတယ်ဆိုရင် -
ဖုန်းနံပါတ် 09-786421189 ကို ခေါ်လိုက်ပါခင်ဗျ၊
အိမ်ရှေ့အရောက် ကားနဲ့လာကြိုပြီး လိုက်ပို့ပေးမှာပါ။
~~~ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ~~~
23/02/2017
မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ ခုလိုကျောင်းအားလပ်ရက်မှာ
စိတ်ရောလူပါ အပန်းပြေလန်းဆန်းသွားဖို့ ကမ်းခြေမှာ အပန်းဖြေကြစို့
ရန်ကုန် - ငွေဆောင် ၁၄၈ မိုင်
ရန်ကုန် - ချောင်းသာ ၁၄၃ မိုင်
ရန်ကုန်ရွှေမြို့တော်ကြီးကနေ စတင်ထွက်ခွာပြီး ၄ နာရီခန့်သွားလိုက်ရင် ဧရာဝတီတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့ကိုရောက်ပါပြီ။ အဲဒီကမှတစ်ဆင့် မြစ်ကူးတံတားကြီးကိုဖြတ်ပြီး တစ်ဖက်ကမ်းကူးလိုက်ရင် ငွေဆောင်/ချောင်းသာ လမ်းဆုံကိုရောက်ပါပြီ။ ငွေဆောင်သွားမလား၊ ချောင်းသာသွားမလား အဲဒီနေရာကနေ ခွဲသွားရမှာပါ။
စိမ်းစိုတဲ့ ပတ်ဝန်းကျင်၊ အကွေ့အ၀ိုက်လေးတွေနဲ့ တောင်ဆင်းတောင်တက်လမ်းလေးပေါ်မှာ ပတ်ဝန်းကျင်ရှုခင်းကို ငေးမောရင်း ၁ နာရီခန့် ဆက်သွားလိုက်ရင် ကျယ်ပြောတဲ့ ကမ်းခြေကိုရောက်ပါပြီ။
မပျက်စီးသေးတဲ့ သဘာဝကမ်းခြေ၊ ဓါတ်ပုံရိုက်ရင် အရမ်းလှတဲ့ သဲဖြူကျွန်း(ချောင်းသာ)၊ ဖိုးကုလားကျွန်း(ချောင်းသာ) နဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေက မြို့ပြရဲ့ မွမ်းကျပ်မှုက ရှောင်ထွက်လာတဲ့သူတွေကို ဆွဲဆောင်နေလေရဲ့ဗျာ။
Jet Ski စီးဦးမလား၊ Banana Boat တွေပဲစီးမလား၊ ရေငုပ်မလား၊ ရေကူးမလား ပျော်စရာကြီးပါ။
ဓါတ်ပုံအမိုက်စားတွေကိုလည်း ပို့စ်အမျိုးမျိုးလုပ်ပြီး ရိုက်လို့ကောင်းမှကောင်းပဲ။
တည်းခိုဖို့အတွက် ဟိုတယ်တွေ၊ ဘန်ဂလိုတွေနဲ့၊ ဈေးနှုန်းသင့်တင့်တဲ့ တည်းခိုစခန်းတွေကို Sea View, Garden View အပေါ်ထပ်၊ အောက်ထပ် နှစ်သက်ရာကို စိတ်ကြိုက်ရွေးချယ် တည်းခိုနိုင်ပါတယ်။
အပြန်ခရီး ပုသိမ်မြို့ရဲ့ ကျက်သရေဆောင် ရွှေမော်ဓောစေတီတော်မြတ်ကြီးကိုဖူးမျှော်နိုင်ပါသေးတယ်။ ပုသိမ်လက်ဆောင် ဟာလ၀ါ၊ ၀က်အူချောင်း၊ ကြက်အူချောင်း၊ အသားပြားကောင်းကောင်းတွေလည်း ၀ယ်လို့ရတယ်ခင်ဗျ။
Nissan Caravan (10 Passenger) For 2 Days 1 Night – 280000/-
Nissan Caravan (10 Passenger) For 3 Days 2 Night – 350000/-
ပါခင်ဗျာ။
- စိတ်ပါဝင်စားတယ်ဆိုရင် -
ဖုန်းနံပါတ် 09-786421189 ကို ခေါ်လိုက်ပါခင်ဗျ၊
အိမ်ရှေ့အရောက် ကားနဲ့လာကြိုပြီး လိုက်ပို့ပေးမှာပါ။
~~~ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ~~~
22/02/2017
ကြို့ပင်ကောက်မြို့က တစ်ဆင့်သွားရတဲ့ ပဲခူးရိုးမတောင်ပေါ်က မိဘမဲ့ကျောင်းလေးမှာ အလှူသွား လုပ်ကြတဲ့ ပထမဦးဆုံး မှတ်မှတ်ရရ ခရီးစဉ်လေးပါ။ အားပေးကြတဲ့ ညီလေးတွေ ညီမလေးတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Tamwe
99999