Ariel BookStore

Ariel BookStore

Share

Explore the world with a book and
please let us take you there...��

11/01/2026

ဟဲလို
ဒီနေ့ Sold out သွားတဲ့ စာအုပ်လေးတွေပါ
ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတဲ့ မင်မင်ကို
စိတ်ရှည်ရှည် နဲ့ စောင့်ပီး ဝယ်ယူအားပေးလို့
ကျေးဇူးတင်ပါတယ်

နောက်ရက်တွေမှာ comeback အနေနဲ့
စာအုပ်လေးတွေ တန်တန်လေး ရောင်းပေးပါဦးမယ်ရှင်
Stay tuned ... 🤓

10/06/2025

♡♡♡ စိတ်ကောင်းလေးတွေ မျိုးစေ့ချပေးမယ့် ပုံပြင်လေးတွေ ♡♡♡

သားသားမီးမီးတို့ စာတွေတော်ရုံနဲ့ ကျေနပ်နေလို့ မဖြစ်သေးပါဘူး။
စိတ်ကောင်းရှိတဲ့ ကလေးလေးတွေ ဖြစ်လာဖို့လည်း လမ်းပြပေးရပါသေးတယ်။

ကြင်နာတတ်မှ ကူညီတတ်မှ စိတ်ကောင်းရှိမှ ပတ်ဝန်းကျင်က အားထားရတဲ့ ကောင်းကျိုးပြုတဲ့ လူကောင်းလေးတွေ ဖြစ်လာမှာပါ။

ကလေးတို့ရဲ့ ပင်ကို သဘာဝက ကြင်နာတတ်ပါတယ်။ကူညီချင်စိတ်လေးလည်းရှိကြပါတယ်။မိဘက အားပေးအားမြှောက်လုပ်ပေးဖို့၊ တွန်းအားလေးတွေ ပေးဖို့တော့ လိုပါတယ်။

ပုံပြင်လေးတွေ ဖတ်ပြပြီး ကလေးလေးကို စည်းရုံးရတာ အလွယ်ဆုံးနည်းပါပဲ။

■■■ကူညီချင်တဲ့ မိုးတိမ်လေး

ကူညီတတ်တဲ့ ကလေးလေးဖြစ်လာဖို့ ကြွယ်ဝချမ်းသာစရာ၊ထူးချွန်ထက်မြက်စရာ မလိုပါဘူး။
ကူညီချင်တဲ့ စိတ်လေးရှိနေဖို့ပဲ အရေးကြီးတာပါ။
အဲဒီစိတ်လေးက မှော်နှင်တံလေးလိုပဲ တန်ခိုးကြီးတယ်နော်။
ဒီပုံပြင်ထဲက မိုးတိမ်သေးသေးလေးလိုပေါ့။
မိုးတိမ်အကြီးကြီးတွေတောင် အံ့သြသွားရလောက်အောင် သူ့အကူအညီတွေက ခမ်းနားကြီးကျယ်နေတာ.....
ဒီပုံပြင်လေး ဖတ်ပြီးရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း တိုးလာဦးမှာပါ။

■■■ကြင်နာတတ်တဲ့ ယုန်ကလေး

ဖိုးရွှေယုန်က ကြင်နာတတ်တဲ့ ယုန်လေးပါ။
ဖိုးရွှေယုန် ပြောပြတဲ့ ကြင်နာခြင်းတွေက အများကြီးပဲ။
ဒီပုံပြင်လေး ဖတ်ပြီးရင် သားသားမီးမီးတို့လည်း ကြင်နာခြင်းကို နားလည်ခံစားတတ်သွားမှာပါ။

■■■စေတနာကောင်းတဲ့ ဖိုးဖြူ

ဖိုးဖြူလေးကတော့ sharing နဲ့ caring အကြောင်းကို သင်ပေးပါလိမ့်မယ်။ ဖိုးဖြူလေးကို ဖတ်ရင်း ကူညီချင်စိတ်တွေ၊ စိတ်ကောင်းစေတနာကောင်းတွေ၊ စာနာညှာတာစိတ်တွေ တဖွားဖွားပေါ်လာမှာ သေချာပါတယ်။

ကလေးတို့ကြားထဲမှာ ကြင်နာတဲ့ စိတ်တွေ ၊ ကူညီချင်စိတ်တွေ၊ မျှဝေပေးချင်စိတ်တွေ ပြည့်နေရင် အနာဂတ် ကမ္ဘာကြီးက သိပ်ကို သာယာလှပ လာမှာပါ။

Credit : Dr.May Mon

Photos from Ariel BookStore's post 10/06/2025

U-N-I-C-E-F က ထုတ်တဲ့
Paperback ‌လေးပါ
ဆိုဒ်ကြီး ‌ကြွေထူသား နဲ့

တအုပ်ပဲ ရပါမယ်ရှင်

၄၅၀၀ ကျပ်

Photos from Ariel BookStore's post 10/06/2025

COVID 19 အတွက်
ဘာသာပြန် စာအုပ်ကို
MHS နဲ့ ပူးပေါင်း ထုတ်ဝေထားတဲ့ စာအုပ်ပါ

ကြွေစာရွက် နဲ့ အရောင်စိုစို ပုံပြ စာအုပ်ပါ

၂၅၀၀ ကျပ်

Photos from Ariel BookStore's post 10/06/2025

Third story Project ကနေ ထုတ်တဲ့
ရုပ်ပြ စာအုပ်လေးပါ
Foreign publishedကို အမှီလိုက်နိုင်တဲ့ ဆေးသားတွေနဲ့
မြန်မာစာအုပ်လေးပါရှင်

အမြတ်မတင် အရင်းအတိုင်း ရောင်းပါ့မယ်

Edit : မြန်မာစာအုပ်တွေက အသစ်တွေပါရှင်

3500 ကျပ်ပါရှင်

လိုသလောက် ရနိုင်ပါတယ်

Want your business to be the top-listed Shop in Taunggyi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Myaing Thar Yar Street
Taunggyi