Yee Yee Pyone-MASU
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yee Yee Pyone-MASU, Education, Yoma Residence, Taunggyi.
" စေ့ထားသော တံခါးများ"
သားသမီးများအတွက်
ပကာသန မဖက်
မေတ္တာသက်သက်
ကမ်းလင့် ကြိုကာ
နားခိုရာ
အမေ့အိမ်လေးပါ...။
နွေ လယ် အေးအေး
ဆောင်း ဝယ် နွေး၍
မိုး လေ လုံခြုံ
မေတ္တာပုံကာ
ချမ်းမြေ့ကြည်သာ
နားခိုရာ
အမေ့အိမ်လေးပါ...။
မရှိအတူ ရှိအတူနဲ့
အေးအတူ ပူအမျှ
ဖေးယူကူမ
မိသားစုဘဝ
စိတ်အေးချမ်းသာ
နားခိုရာ
အမေ့အိမ်လေးပါ...။
မနက်ရေချမ်း
ညနေပန်းနှင့်
ဆွမ်းချိန် ဆွမ်းတင်
ဆင်ခြင်ပွားများ
ဘာဝနာတရားနှင့်
များလှဝေနေ
ချမ်းသာစေဖို့
မေတ္တာပို့ကာ
ချမ်းမြေ့စွာနဲ့
တစ်ယောက်ထဲလဲ
အသားကျနေတာ
အမေ့အိမ် လေးပါ...။
အစစ အခမဲ့...
ဒါပေမယ့်လေ
တန်ဖိုးတွက်ကြ
နှိုင်းယှဉ်ကြနဲ့
မြင့်ရာ သာရာ
နားခိုသွားလည်း
မုဒိတာပွား
ဥပေက္ခာတရားနဲ့
နေမြဲ ကြည်သာ
အမေ့အိမ်ပါ...။
တစ်ရံတစ်ခါ
အိပ်မက် ကမ္ဘာမှာ
မျက်စေ့လည်ကာ
လမ်းပျောက်ရှာရင်း
ရောက်ခဲ့လတ်သော်
စေ့ရုံစေ့ထား
တံခါးများက
ပြုံး လို့ ကြိုမှာ
နွေးထွေးစွာ
အဲဒါ...... အမေ့အိမ်လေးပါ...။
မြင့်မိုရ်မေမေများရဲ့ကိုယ်စား
ခံစားဖွဲ့သီ မိပါတယ်။
Yee Yee Pyone(M A S U)
2014 Aug 21
26/08/2014
May all beings be happy !
Click here to claim your Sponsored Listing.
Category
Website
Address
Taunggyi