Knight Boxing Club

Knight Boxing Club

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Knight Boxing Club, Sports, 21/2မဂ်လာလမ်း, Taungoo.

20/01/2026

Morning training 🔥

11/01/2026

Boxing classကို ၄သောင်းမကျော်ပဲနဲ့ သင်လို့ရမယ်ဆိုရင် ကိုကို မမ တို့ စိတ်ဝင်စားကြပါသလားရှင့်?🧐

အားကစားစိတ်ဝင်စားကြတဲ့ ကိုကို မမ များ မင်္ဂလာပါရှင့်🙇🏻‍♀️🩷
ဒီနေ့ကတော့ 🥋 taekwondo ဆော့ရတာထပ် 🥊 boxing ထိုးရတာ ဝါသနာပါတဲ့ ကိုကို မမတွေအတွက် Knight boxing club🥊 လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်🤍🙆🏻‍♀️

🥊 Boxing ဆိုတာဟာ မြန်မာလို အခေါ်အဝေါ်ဆိုရင်ဖြင့် လက်ဝှေ့ထိုးခြင်းကိုပြောတာပဲဖြစ်ပြီး နိုင်ငံတကာမှာ အများစု သင်ယူကြတဲ့ အားကစားတစ်ရပ်လည်းဖြစ်ပါတယ်ရှင့်။🤍

🥊 Boxing သင်တန်းကို joinခြင်းအားဖြင့် ကိုယ့်ခံအားစနစ်ကို မြှင့်တင်းပေးပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ကျန်းမာလာအောင် တည်ဆောက်ပေးနိုင်ပါတယ်ရှင့်🤩… ကိုယ်ခန္ဓာအစိတ်အပိုင်းများ သန်မာစေပြီး နှလုံးနှင့် အဆုတ်လုပ်ဆောင်ချက်များကိုလည်း ကောင်းစွာ လုပ်ဆောင်ပေးနိုင်ပါတယ်ရှင့်🤩🤍

🏆 Knight boxing clubကနေမှတဆင့် boxing ပြိုင်ပွဲများ ပြိုင်လိုပါကလည်း Knight မှ စီစဉ်ပေးတဲ့အတွက် ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်လို့ရပါတယ်ရှင့်🙆🏻‍♀️🤍

ဆရာတွေဟာလည်း သေချာထိထိရောက်ရောက် သင်ပေးတာဖြစ်တဲ့အတွက် အချိန်တစ်ခုအတွင်းမှာ ရလဒ်ကောင်းကိုရစေပါတယ်ရှင်။ 🙆🏻‍♀️❤️

⏳သင်တန်းချိန်လေးတွေဟာဆိုရင်ဖြင့်

တင်္နလာနေ့ မှ ကြာသပတေးနေ့ အထိ
⏰မနက် 7:00-8:30

စနေ - တနင်္ဂနွေနေ့
⏰မနက် 7:00-8:30
တို့ပဲဖြစ်ပါတယ်။

💳 သင်တန်းကြေးလေးတွေဟာဆိုရင်

တနင်္လာနေ့မှ ကြာသပတေးနေ့ အတန်းလေးအတွက် 35,000 MMK ဖြစ်ပြီး

စနေ-တနင်္ဂနွေ အတန်းလေး အတွက် 25,000 MMK ပဲကျသင့်မှာ ဖြစ်ပါတယ်ရှင့်

ဝါသနာအရပဲဆော့မလား? ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက် သင်မလား? knight boxing club 🥊 သင်တန်းလေးကို မြန်မာငွေကျပ် 4သောင်း မကျော်ပဲနဲ့ joinလို့ရပြီမို့ လက်မလွှတ်ပဲ အခုပဲ စာရင်းလာသွင်းလိုက်ကြတော့နော် 🗣️🙆🏻‍♀️

သင်တန်းလိပ်စာလေးကတော့
📍21/2 မင်္ဂလာလမ်း ဇေယျာခင်ဦးရပ်ကွက် တောင်ငူမြို့။
အသေးစိတ် စုံစမ်းလိုပါက ☎️09422544497ကို ဆက်သွယ်စုံစမ်း 📞 မေးမြန်းနိုင်ပါတယ်ရှင့်။

အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။🙆🏻‍♀️❤️

Want your business to be the top-listed Gym/sports Facility in Taungoo?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

21/2မဂ်လာလမ်း
Taungoo