Ka Wi Lay - Edutainment

Ka Wi Lay - Edutainment

Share

E Learning Hub of Myanmar.

Photos from ရွှေသွေးဂျာနယ်များ's post 25/09/2022

ရွှေသွေးဂျာနယ်များ

26/10/2021

ဆရာဆိုသည်မှာ
**************
တောင်ကိုရီးယားနိုင်ငံမှာ “ဆရာဟူသည် နိုင်ငံတော်ကို တည်ဆောက်သူ” လို့ဆိုထားပါတယ်။ တိုင်းပြည်ကို ထူထောင်တဲ့နေရာမှာ အရေးအပါဆုံးသူတွေဆိုပြီးတော့ ဂုဏ်ပြုသတ်မှတ်ထားတဲ့ သဘောပါ။

ဆရာကောင်းတစ်ယောက်ကို ဘာနဲ့ တိုင်းတာမလဲ၊ ဘယ်လို ပိုင်းဖြတ်ကြမလဲ။ ဆရာကောင်းတစ်ယောက်မှာ တိုင်းတာပြလို့ရနိုင်တဲ့ အချက်ပေါင်းများစွာ ရှိနိုင်ပါတယ်။ နိုင်ငံတကာစံနဲ့ တိုင်းတာမယ်ဆိုရင်တော့ ဆရာဆိုတာ

(၁) ဆရာဆိုသည်မှာ တာဝန်ယူနိုင်သူ

ဆရာဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း ကိုယ့်ကျင့်တရားနဲ့ ပညာမှာ တာဝန်ယူရသူဖြစ်သလို တပည့်တွေကိုလည်း စံပြုလောက်တဲ့သူဖြစ်အောင် နေထိုင်ပြောဆိုဖို့ တာဝန်ယူထားသူဖြစ်ရမယ်။ စံပြဖြစ်အောင် တာဝန်ယူနိုင်သူ ဆိုတာ တပည့်တွေကို ကိုယ်တိုင်က ဆေးလိပ်သောက်ပြီး ဆေးလိပ်မသောက်နဲ့လို့ ဆုံးမနေတဲ့ ဆရာမျိုးတွေ မဖြစ် သင့်ဘူးလို့ပြောတာ။

(၂) ဆရာဆိုတာ ပြင်ဆင်လာသူ

အိမ်ကထွက်လာရင် ဘာမှ မပါလာဘဲ စာသင်ခန်းထဲ လက်တန်းဝင်သင်သူတွေ မဖြစ်သင့်ဘူး။ ကိုယ်သင်တဲ့ အကြောင်းအရာအပေါ် သူတို့ စိတ်ဝင်စားအောင်၊ သူတို့ မေးခွန်းထုတ်လာနိုင်တာတွေကို ရင်ဆိုင်နိုင်အောင်၊ သူတို့ အရှင်းလင်းဆုံး သိသွားနိုင်အောင် ပြင်ဆင်လာနိုင်ရမယ်

(၃) ဆရာဆိုတာ စောင့်ရှောက်သူ

ငါတာဝန်ယူထားတဲ့အပိုင်း သင်ပြီးရင် တာဝန်ကျေပြီလို့ ထင်တဲ့သူတွေဟာ ဆရာမဟုတ်ဘူး။ တပည့်တွေရဲ့ တစ်ဦးချင်းအနေအထား၊ စိတ်ဓာတ်၊ အပြုအမူ၊ ခံစားချက်၊ တုံ့ပြန်မှု၊ စိတ်ပါဝင်စားမှု အားလုံးကို ခြုံငုံသုံးသပ်ပြီး အရိပ်တကြည့်ကြည့် စောင့်ရှောက်နိုင်သူလည်း ဖြစ်ဖို့လိုတယ်။

(၄) ဆရာဆိုတာ ကရုဏာတရား ကြီးမားသူ

ကျောင်းသားဆိုတာ ကျောင်းမှာချည်း ပြဿနာရှိနိုင်တာ မဟုတ်ပါဘူး။ အပြင်က ပြဿနာ ကျောင်းထဲသယ်လာ သူတွေလည်း ဖြစ်နိုင်တာပဲ။ ဘာတွေဖြစ်လာဖြစ်လာ ဆရာက ဘေးရန်ဆီးကာပေးဖို့ တာဝန်ရှိတယ်။ သူ ရန်ဖြစ်လာလည်း အမှန် အမှား မားမားမတ်မတ်ရပ်ပေးမယ်။ တပည့်အပေါ် အလေးထားတယ်ဆိုတာ လေးစားစရာပါ။

(၅) ဆရာဆိုတာ ပူးပေါင်းဆောင်ရွက်သူ

မိဘ၊ ဆရာ၊ ကျောင်းသား၊ အရပ်၊ အဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်နေရမယ်။ ဆရာ အချင်းချင်းလည်း ပူးပေါင်းမှ တပည့်တွေအကြောင်း ကောင်းကောင်းသိပြီး ကိုင်တွယ်နိုင်ပါတယ်။ ကိုယ်နေတတ် သလိုနေမယ်။ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူးဆိုတာ ဆရာစိတ်ဓာတ် မဟုတ်ပါ။

(၆) ဆရာဆိုတာ တီထွင်ဖန်တီးတတ်သူ

ကိုယ်သင်တဲ့ အကြောင်းအရာ ဘယ်လိုလေးသင်လိုက်ရရင် သူတို့ ပိုပြီး စိတ်ဝင်စားသွားမလဲလို့ အမြဲစိတ်ထဲ ရောက်နေသူဟာ ဆရာပါ။ စာအုပ်ကြီးထဲကအတိုင်း ဖတ်ပြပြီးသင်တဲ့ဆရာတွေကို ကျောင်းသားတွေက စိတ်မဝင် စားတတ်ပါဘူး။ ထိုးဖောက်တီထွင်သင်ကြည့်ပါ။ တပည့်အားလုံးက အတန်းထဲကို သင်ဝင်လာလျှင် မျက်လုံး လေးတွေ အရောင်တောက်ပြီး စောင့်ကြည့်နေတာကို မြင်ရပါလိမ့်မယ်။

(၇) ဆရာဆိုတာ ဆုံးဖြတ်ချက်ခိုင်မာသူ

ဆရာဆိုတာ ဘယ်လို ပြဿနာတွေပေါ်လာသည်ဆိုစေ ဖြေရှင်းနိုင်သူဖြစ်ရမယ်။ တပည့်တွေက သိလိုတာကြောင့် မေးလာတာတွေ ရှိကောင်းရှိနိုင်တယ်။ မသိတာကို မသိကြောင်း ရိုးသားစွာ ဝန်ခံနိုင်ရမယ်။ ကိုယ်တိုင်မသိ သော်လည်း အဲဒီအကြောင်းကို သိအောင် ဘယ်နေရာမှာ ရှာဖွေလို့ရတယ်ဆိုတာ သူတို့ကို လမ်းညွှန်ပေးနိုင်ရမယ်။

(၈) ဆရာဆိုတာ ကိုယ်ချင်းစာနာတတ်သူ

ဆရာဆိုတာ ကိုယ့်တပည့်အရေး ကိုယ့်အရေးလို့ တွေးပေးနိုင်သူတွေဖြစ်ရမယ်။ ကျောင်းသားတစ်ယောက် မှိုင်နေတာ တွေ့ရင် ဗိုက်ဆာလို့လား၊ မုန့်ဖိုးမရလာလို့လား၊ အိမ်မှာ ဘာဖြစ်လို့လဲ၊ စာမရလို့လားကအစ စာနာ ထောက်ထား မေးမြန်းစူးစမ်း ကူညီဖြေရှင်းပေးနိုင်သူတွေ ဖြစ်ရမယ်။

(၉) ဆရာဆိုတာ မကြောက်တတ်သူ

ဆရာဆိုတာ ဘာမဆို ကိုယ်တိုင်မစူးစမ်း မစစ်ဆေး မမြင်မတွေ့ရရင် လက်မခံသူဖြစ်သင့်တယ်။ သူများ အပြောနဲ့ သူများဝေဖန်တာတွေကို အလေးထားပြီး ဘာမဆို မလုပ်ရဲ မကိုင်ရဲ ဖြစ်နေသူတွေ မဖြစ်သင့်ဘူး။ တပည့်တွေကို လမ်းညွှန်သူတွေ စံပြဖြစ်သူတွေအဖြစ် ရှေ့တန်းက နေရမယ့်သူတွေ ဖြစ်နေတော့ ငါတို့ဆရာဟာ ငါတို့ရှေ့က မားမားမတ်မတ်ရပ်ပေးတတ်သူလို့ တပည့်တွေအမြင်မှာ သူရဲကောင်းတစ်ယောက်လို ဖြစ်နေသင့်တယ်။

(၁၀) ဆရာဆိုတာ ခွင့်လွှတ်တတ်သူ

ကိုယ့်တပည့်လေးတွေအပေါ်မှာ အမုန်းတရားနဲ့ အညှိုးအတေးထားသူတွေဟာ ဆရာမဟုတ်ပါဘူး။ အပြစ်မဲ့ သူတွေ၊ ကိုယ့်လက်ထဲက ဖယောင်းတုံးလေးတွေဟာ ကိုယ်ပုံသွင်းသလို ဖြစ်နေရမှာဆိုတာကို လက်ခံရင် သူတို့ မိုက်မဲတာကို ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်ရမှာပါ။ တပည့်ကို မုန်းလိုက်တာလို့ ပြောတာ ဆရာမဟုတ်ပါ။

Credit : ဆရာတင်ညွန့်

01/01/2021

၂၃ ကြိမ်မြောက် ထီပေါက်စဥ်

ဇန်နဝါရီ လ ၁ ရက်နေ့၊ ၂၀၂၁ခုနှစ်

24/12/2020
24/12/2020
Photos from Learning and Sharing By PHOO's post 24/12/2020
Want your school to be the top-listed School/college in Thamaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Thamine Train Station Lane
Thamaing
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00