Pyi Gyi Khin Thaton KPSC
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyi Gyi Khin Thaton KPSC, Non-Governmental Organization (NGO), အမှတ် ၁၄၅၊ ရှမ်းစုအလယ်တန်းလမ်း၊ နန်းခဲရပ်ကွက်, Thaton.
10/04/2026
🤎
မြန်မာနှစ်သစ်ကူးသင်္ကြန်ရက်များအတွင်း ကျန်းမာချမ်းသာရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
ဧပြီလ ၁၁ရက်နေ့(စနေနေ့)မှ ဧပြီလ ၁၉ရက်နေ့ ( တနင်္ဂနွေနေ့) အထိ ခင်တို့ရဲ့ ပြည်ကြီးခင်ဆေးခန်းများအားလုံးပိတ်ထားပါကြောင်း လေးစားစွာအသိပေးကြေငြာအပ်ပါသည်။
အွန်လိုင်းဝန်ဆောင်မှုအနေဖြင့် Messenger /Chat box မှ မေးမြန်းထားနိုင်ပြီး အမြန်ဆုံး ပြန်လည်ဖြေကြားပေးပါမယ်နော်။
30/03/2026
မိန်းကလေးများပိုမိုသတိထားသင့်တဲ့ Syphilis(ကာလသားရောဂါ)
ကာလသားရောဂါ (Syphilis) ဆိုတာ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါကို Treponema pallidum ဆိုတဲ့ ဘက်တီးရီးယားပိုးကနေ ဖြစ်ပွားစေ တာပါ။ ကုသမှုမခံယူဘဲ ထားမယ်ဆိုရင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ကာလသားရောဂါဟာ အဓိကအားဖြင့် လိင်ဆက်ဆံမှု (မိန်းမကိုယ်၊ ပါးစပ်၊ စအိုတို့ဖြင့် ဆက်ဆံခြင်း) ကနေ ကူးစက်နိုင်ပါတယ်။ ရောဂါရှိသူရဲ့ အနာ (chancre) ဒါ မှမဟုတ် အရေပြား ပေါက်ပြဲရာတွေနဲ့ ထိတွေ့မိရင် ကူး စက်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးဆီကိုလည်း ကူးစက်နိုင်ပါတယ်။
1 ပထမအဆင့်(Primary Syphilis)
ရောဂါပိုးဝင်ပြီး ၂ ပတ်မှ ၁၂ ပတ်အတွင်း လက္ခဏာ ပေါ်နိုင်ပါတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအိုတို့မှာ နာကျင် မှုမရှိတဲ့ အနာ (chancre) တစ်ခု သို့မဟုတ် တစ်ခုထက် ပိုပြီး ပေါက်လာတတ်ပါတယ်။ ဒီအနာဟာ သူ့အလိုလို ပျောက်သွားနိုင်ပေမဲ့ ရောဂါပိုးက ခန္ဓာကိုယ်ထဲမှာ ရှိနေ ဆဲပါ။
2 (ဒုတိယအဆင့် ဆစ်ဖလစ်ရောဂါ):
ပထမအဆင့်အနာပျောက်ပြီး ၆ ပတ်ကနေ ၁၂ ပတ် အတွင်း လက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ လည်ချောင်းနာခြင်း စတဲ့ တုပ်ကွေးနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လက်ဖဝါးနဲ့ ခြေဖဝါးတွေမှာ အနီရောင် အဖုအပိမ့်တွေ ထွက်တတ်ပါတယ်။ ဒါ့အပြင် ချိုင်းကြား၊ ပေါင်ခြံ၊ လည်ပင်းတို့မှာ သံတုံးများ ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအဆင့်မှာလည်း ရောဂါလက္ခဏာတွေ မပြဘဲ အကြာ ကြီး ရှိနေနိုင်ပါတယ်။
3 တတိယအဆင့် (Latent Syphilis)
ဒီအဆင့်မှာ ဘာရောဂါလက္ခဏာမှ မပြဘဲ နှစ်ပေါင်း များစွာ ကြာမြင့်နိုင်ပါတယ်။ ဒါပေမဲ့ ရောဂါပိုးက ခန္ဓာကိုယ်ထဲမှာ ရှိနေပြီး နောက်ဆုံးအဆင့်ကို ရောက်ရှိနိုင်ပါတယ်။
4 နောက်ဆုံးအဆင့် (Tertiary Syphilis):
ကုသမှုမခံယူဘဲ နှစ်ပေါင်း ၁၀ နှစ်မှ ၄၀ အထိ ကြာပြီး နောက်မှာ ပေါ်လာနိုင်ပါတယ်။ ဦးနှောက်နဲ့ နှလုံးပျက်စီးခြင်း၊ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ၊ အကြောသေခြင်း၊ မျက်စိကွယ်ခြင်း စ တဲ့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပွားနိုင် ပါတယ်။
ကာလသားရောဂါကို သွေးဘယ်အချိန်စစ်ရင် သိရမ လဲ။လိင်ဆက်ဆံမှုရှိပြီးနောက် ကာလသားရောဂါပိုး ရှိ၊ မရှိ သွေးစစ်ကြည့်ဖို့ အရေးကြီးပါတယ်။ ကာလသားရောဂါပိုးဝင်ပြီး ၂ ပတ်ခန့် အကြာမှာ သွေးစစ်ရင် ရောဂါပိုးကို တွေ့ရှိနိုင်ခြေရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာဆိုရင် ၁၂ ပတ် (၃ လ) အထိဒါကြောင့် အကယ်၍ သံသယရှိတဲ့ လိင်ဆက်ဆံမှုရှိခဲ့ ရင် ၃ လအကြာ မှာ သွေးပြန်စစ်ဆေးဖို့ အကြံပြုထား ပါတယ်။
ရောဂါလက္ခဏာတွေ ပေါ်လာပြီဆိုရင် ဒါမှမဟုတ် ကိုယ့်ရဲ့လိင်ဆက်ဆံဖော်မှာ ရောဂါရှိကြောင်း သိရပြီဆို ရင်တော့ ချက်ချင်း စစ်ဆေးမှုခံယူသင့်ပါတယ်။ ကာကွယ်ခြင်းနှင့် ကုသခြင်း
ကာကွယ်ခြင်း: လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို စနစ်တကျ အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
ကုသခြင်း: ကာလသားရောဂါဟာ ဘက်တီးရီးယားပိုး
ကြောင့် ဖြစ်တာမို့ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ရောဂါအဆင့်ပေါ်မူတည်ပြီး ဆေးထိုးခြင်း (Penicillin) သို့မဟုတ် ဆေးသောက်ခြင်းဖြင့် ကု သလေ့ရှိပါတယ်။ ရောဂါစောစီးစွာ တွေ့ရှိပြီး ကုသရင် အပြည့်အဝ ပျောက်ကင်းနိုင်ပါတယ်။ သင့်မှာ ကာလသားရောဂါ လက္ခဏာတွေ ရှိနေတယ်လို့ သံသယရှိရင် ဒါမှမဟုတ် သံသယဖြစ်ဖွယ် လိင်ဆက်ဆံ မှု ရှိခဲ့ဖူးတယ်ဆိုရင် ဆရာဝန် (သို့မဟုတ်) နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံး သွားရောက်ပြီးစစ်ဆေး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။။
06/03/2026
HIV ဘယ်လိုကူးစက်နိုင်သလဲ
HIV ပိုးဟာ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်မှ ထွက်တဲ့သွေး၊ လ ိ င်ဆက်ဆံရာမှ ထွက်တဲ့ အရည်နှင့် မိခင်ရဲ့ နို့ရည် တို့မှ တစ်ဆင့် ကူးစက်တတ်ပြီး တချို့လူတွေ ထင်ထား သလို ထမင်းအတူစားရုံ၊ တံတွေးနဲ့ထိမိရုံ၊ အဝတ်အစား တူတူဝတ်မိရုံနဲ့ မကူးစက်နိုင်ပါဘူး။
ကူးစက်နည်းတွေကတော့ -
၁။ ပိုးရှိသူနှင့် အကာအကွယ်မပါဘဲ (လိင်တူ၊ လိင်ကွဲ) ဆက်ဆံမိခြင်း
၂။ ပိုးရှိသူ အသုံးပြုပြီးသား မသန့်ရှင်းတဲ့ ဆေးထိုးအပ်၊ ဆေးထိုးကိရိယာများနဲ့ မူးယစ်ဆေးထိုး သွင်းခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း
၃။ ပိုးရှိသော သွေးကိုသွင်းမိခြင်း
၄။ ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားကို ကူး စက်ခြင်း တို့ ဖြစ်ပါတယ်။
သင့်မှာ အထက်ပါ HIV ပိုးကူးစက်ခံရနိုင်တဲ့ အခြေအနေတခုခု ရှိခဲ့ဖူးတယ်ဆိုရင်တော့ HIV ပိုးရှိမ ရှိ စစ်ဆေးကြည့်သင့်ပါတယ်။
27/02/2026
ပြည်ကြီးခင် လူမှုရေးအသင်း၏
Key Population Service Center
များမှရရှိနိုင်သော ဝန်ဆောင်မှုများ
❤️✓ HIV / AIDS နှင့် ကာလသားရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပေးခြင်း
❤️✓ HIV ပိုးရှိ/မရှိ အခမဲ့ သွေးစစ်ပေးခြင်း
❤️✓ Syphilis (ကာလသားရောဂါ) ရှိ/မရှိ အခမဲ့သွေးစစ်ပေးခြင်း
❤️✓ ကွန်ဒုံး (Condom) သုံးစွဲမှု အကြောင်း အသိပညာပေးခြင်း
❤️✓ ကွန်ဒုံး (Condom) အခမဲ့ဖြန့်ဝေပေးခြင်း
❤️✓ HIV / AIDS နှင့် ပတ်သက်၍ နှစ်သိမ့်ဆွေးနွေးပေးခြင်း
💊✓ ART ဆေးရရှိရန် ညွှန်းပို့ပေးခြင်း
🗓️တနလ်ာနေ့ မှ သောကြာနေ့ ရုံးချိန်
အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်
⏰( 9 Am to 5 Pm)
📞09400191077.
📞09693297443.
📞09255853445
💊HIV နှင့် ART💊
💕အတိတ်ကို ပြန်လည်မတူးဆွပါနှင့် ။ လက်တွေ့ဘဝတွင် အကောင်းဆုံး ရင်ဆိုင်ပါ
အနာဂတ်မှာ အဆင်ပြေသွားမှာပါ💕
26/02/2026
ကာလသားရောဂါဘယ်လိုအရာတွေကနေကူး စက်သလဲ?
ကာလသားပိုး (Syphilis) ဆိုတာ Treponema pallidum လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားတာဖြစ်ပြီး အဓိကအားဖြင့် တိုက်ရိုက်ထိတွေ့မှု ကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။ လူအ များစု ထင်ထားသလို အိမ်သာထိုင်ခုံတွေ၊ ရေကူးကန်တွေ ဒါမှ မဟုတ် အဝတ်အစား မျှဝေသုံးစွဲတာမျိုးကနေ ကူးစက်ဖို့ အခွင့်အလမ်း အလွန်နည်းပါတယ်။
ကာလသားပိုး ကူးစက်နိုင်ခြေရှိတဲ့ နည်းလမ်းတွေကို အသေးစိတ် ခွဲခြားပြပေးပါမယ် -
၁။ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ခြင်း (အဖြစ်အများဆုံး) ဒါက အဓိက ကူးစက်ပုံဖြစ်ပါတယ်။ ပိုးရှိသူရဲ့ ကာလသားအနာ နဲ့ တိုက်ရိုက်ထိတွေ့မိရာကနေ ကူးစက်တာပါ။
မိန်းမကိုယ်မှတစ်ဆင့် ဆက်ဆံခြင်း။
စအိုမှတစ်ဆင့် ဆက်ဆံခြင်း။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (Oral S*x): ပါးစပ်မှာ အနာရှိနေရင် ဒါမှမဟုတ် လိင်အင်္ဂါက အနာနဲ့ ပါးစပ်နဲ့ ထိတွေ့မိရင် ကူးစက်နိုင် ပါတယ်။
၂။ ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း မိခင်မှာ ပိုးရှိနေရင် ကိုယ်ဝန်ဆောင်စဉ်အတွင်း အချင်းကတစ်ဆင့် ကလေးဆီ ကူးစက်နိုင်သလို၊ ကလေးမွေးဖွားချိန် လမ်းကြောင်းမှာ ရှိတဲ့ အနာတွေနဲ့ ထိတွေ့ပြီးတော့လည်း ကူးစက်နိုင်ပါတယ်။ ၃။ တိုက်ရိုက်ထိတွေ့ခြင်း (အနာရှိနေပါက) ကာလသားရောဂါရဲ့ အဆင့် (၁) နဲ့ အဆင့် (၂) တွေမှာ ခန္ဓာကိုယ် (အထူးသဖြင့် လိင်အင်္ဂါ၊ စအို၊ ပါးစပ်၊ နှုတ်ခမ်း) တွေမှာ အနာ တွေ ဒါမှမဟုတ် အဖုအပိမ့်တွေ ရှိနေတတ်ပါတယ်။
အဆိုပါ အနာတွေကနေ ထွက်တဲ့ အရည်တွေနဲ့ မိမိရဲ့ အရေပြား ပွန်းပဲ့ရာ ဒါမှမဟုတ် အချွဲမြှေး (Mucous membrane) တွေ ထိတွေ့မိရင် ကူးစက်နိုင်ပါတယ်။
နမ်းခြင်း: ပါးစပ် ဒါမှမဟုတ် လျှာမှာ ကာလသားအနာ ရှိနေသူကို နက်နက်ရှိုင်းရှိုင်း နမ်းရာကနေ ကူးစက်နိုင်တဲ့ အခွင့်အလမ်း အနည်းငယ် ရှိပါတယ်။ ၄။ သွေးသွင်းခြင်း (အလွန်ရှားပါး)
ယနေ့ခေတ်မှာ သွေးမလှူခင် စနစ်တကျ စစ်ဆေးမှုတွေ ပြုလုပ်တာ ကြောင့် ဒီနည်းနဲ့ ကူးစက်ဖို့ဆိုတာ ခဲယဉ်းသွားပါပြီ။ ဒါပေမဲ့ ပိုးရှိ နေတဲ့ သွေးကို တိုက်ရိုက်သွင်းမိရင်တော့ ကူးစက်နိုင်ပါတယ်။
သိထားသင့်သည့် အချက်များ
! လက္ခဏာမပြဘဲ ကူးစက်နိုင်ခြင်း: ပိုးရှိသူမှာ အနာက ပျောက်နေ တဲ့အချိန် (Latency period) မှာတောင် တခြားသူကို ကူးစက်နိုင် စွမ်း ရှိနေတတ်ပါတယ်။
အကာအကွယ် (Condom): ကွန်ဒုံးသုံးခြင်းက ကူးစက်မှုကို သိသိသာသာ လျှော့ချပေးနိုင်ပေမယ့်၊ ကွန်ဒုံးနဲ့ မလုံခြုံတဲ့နေရာမှာ အနာရှိနေရင်တော့ ကူးစက်နိုင်ခြေ ရှိနေဆဲ ဖြစ်ပါတယ်။ သင်ဟာ ကူးစက်ခံရနိုင်ခြေ ရှိတဲ့ အပြုအမူမျိုး ပြုလုပ်မိထားတယ် ဆိုရင် လက္ခဏာပေါ်သည်ဖြစ်စေ၊ မပေါ်သည်ဖြစ်စေ သွေးစစ် ကြည့်ဖို့ အရေးကြီးပါတယ်။ ကာလသားရောဂါဟာ စောစောစီးစီး သိရရင် ပဋိဇီဝဆေး (Antibiotics) နဲ့ အမြစ်ပြတ် ကုသလို့ ရပါ တယ်။
#သထုံ ပြည်ကြီးခင်ရုံးတွင်အခမဲ့ သွေးစစ်
ဝန်ဆောင်မှုများရယူနိုင်ပါတယ်ရှင်
Ph no. 📞☎️09400191077 / 09693297443 / 09255853445
59
26/02/2026
HIVပိုးမရှိပေမယ့်ကာလသားရောဂါဖြစ်နိုင် လား?
#ဟုတ်ကဲ့၊ ရှိနိုင်ပါတယ်။ HIV ပိုး မရှိရုံနဲ့ ကာလသားရောဂါ (Syphilis) မရှိဘူးလို့ တစ်ထစ်ချ ပြောလို့မရပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတာကို နားလည်လွယ်အောင် အချက်အလက်လေးတွေ ခွဲပြီး ရှင်းပြပေးပါမယ်။
၁။ ရောဂါပိုး အမျိုးအစား မတူခြင်း HIV နဲ့ ကာလသားရောဂါဟာ ကူးစက်ပုံချင်း (လိင် ဆက်ဆံရာမှတစ်ဆင့်၊ သွေးမှတစ်ဆင့်) တူညီကြပေ မယ့် သူတို့ဟာ သီးခြားစီဖြစ်ပွားတဲ့ ရောဂါပိုးတွေ ဖြစ် ပါတယ်။
HIV: ဗိုင်းရပ်စ် (Virus) ပိုးကြောင့် ဖြစ်တာပါ။
ကာလသားရောဂါ: ဘက်တီးရီးယား (Bacteria) ပိုး ကြောင့် ဖြစ်တာပါ။
၂။ တစ်ခုရှိရင် နောက်တစ်ခု ပါလာတတ်ခြင်း လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ (STI) တစ်ခုခု ရှိနေရင် (ဥပမာ- ကာလသားရောဂါ) အခြားသောရောဂါပိုးတွေ (ဥပမာ- HIV) ဝင်ရောက် ဖို့ အခွင့်အလမ်း ပိုများတတ်ပါတယ်။ ဒါပေမဲ့ လူတစ် ယောက်မှာ HIV ပိုး မရှိဘဲ ကာလသားပိုး တစ်မျိုးတည်း ပဲ ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
၃။ စစ်ဆေးမှု မတူခြင်း
သွေးစစ်တဲ့အခါမှာလည်း HIV စစ်တဲ့နည်းလမ်းနဲ့ ကာလသားပိုးစစ်တဲ့နည်းလမ်းဟာမတူပါဘူး HIV အတွက် Blood Test သီးသန့်စစ်ရသလို၊
ကာလသားပိုး ရှိ၊ မရှိ သိနိုင်ဖို့ VDRL သို့မဟုတ် RPR စစ်ဆေးမှုတွေကို သီးသန့် ထပ်လုပ်ရပါတယ်။
အကြံပြုချက်:
အကယ်၍ မိမိမှာ ရောဂါကူးစက်နိုင်ခြေရှိတဲ့ အပြုအမူ မျိုး ရှိခဲ့တယ်ဆိုရင် သို့မဟုတ် သံသယရှိတယ်ဆိုရင် HIV တစ်မျိုးတည်းတင် မဟုတ်ဘဲ ကာလသားရောဂါ (Syphilis) နဲ့ အခြားသော လိင်မှုဆိုင်ရာ ကူးစက်ရောဂါ တွေကိုပါ စစ်ဆေးကြည့်ဖို့ အကြံပြုလိုပါတယ်။ ကာလသားရောဂါဟာ အစောပိုင်းမှာ ရှာဖွေတွေ့ရှိရင် ပဋိဇီဝဆေး (Antibiotics) နဲ့ အမြစ်ပြတ်အောင် ကုသ လို့ရတဲ့ ရောဂါဖြစ်ပါတယ်။
#သထုံ ပြည်ကြီးခင်တွင်ရုံးချိန်အတွင်းအခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ် Pyi Gyi
09400191077 / 09693297443/09255853445
25/02/2026
လူတစ်ယောက်ကိုကြည့်ပြီး
“ဒီလူမှာ HIV ရှိမယ်ထင်တယ် အရမ်းပိန်နေတယ်”
“ဒီလိုပုံစံနဲ့တော့ မရှိနိုင်ဘူး သူကလှလိုက်တာ၊ သန့်လိုက်တာ” ဆိုပြီး ခန့်မှန်းလို့ မရပါဘူး။
HIV ဟာ
❌ မျက်နှာပေါ်မှာ မရေးထားပါဘူး
❌ အဝတ်အစားပုံစံ၊ ရုပ်ရည်ချောတာ သန့်တာကို ကြည့်ပြီး မသိနိုင်ပါဘူး
❌ ခန္ဓာကိုယ်အလှအပနဲ့ မတိုင်းတာနိုင်ပါဘူး (ပိန်တာ၊ ဝတာကိုကြည့်ပီးမဆုံးဖြတ်နိုင်ပါ)
HIV ရှိမရှိ သိချင်ရင်
✔️ သွေးစစ်ခြင်း တစ်ခုထဲကပဲ အတည်ပြုနိုင်ပါတယ်။
ဒါ့ကြောင့် သူကချောလိုက်တာ HIV မရှိနိုင်ပါဘူးဆိုပြီး တစ်ဖက်လူကိုယုံစားကာ တစ်ခါလောက်ကွန်ဒုံးမသုံးလိုက်တာနဲ့ HIV မကူးစက်နိုင်ပါဘူးဆိုပြီး အကာကွယ်မဲ့ဆက်ဆံဖို့မစဉ်းစားသင့်ပါဘူး။
ဒါ့ကြောင့် ဘယ်သူနဲ့မဆို ဆက်ဆံတိုင်း ကွန်ဒုံးနဲ့ ချောဆီစနစ်တကျ သုံးဖို့လိုအပ်ပါတယ်။
#မဗေဒါ
25/02/2026
18/02/2026
18/02/2026
သွေးစစ်လိုက်တာ ပိုသေချာ
အများစုက ကိုယ့်ကိုယ်ကို HIV ကူးစက်ခံရတယ်လို့ သံသယရှိရင် ကိုယ့်ရဲ့ရောဂါလက္ခဏာတွေက HIVဟုတ်မဟုတ်သိရအောင် အွန်လိုင်းပေါ်မှာ အရင်ရှာတတ်ကြပါတယ်။ တကယ်တော့ HIVဟာ ကူးစက်ခံရကာစအချိန်မှာ လက္ခဏာအမျိုးမျိုးပြနိုင်ပြီး လက္ခဏာလုံးဝမပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်က HIV အကြောင်းအရာအချို့ဟာ အပေါ်ယံလောက်သာဖြစ်ပြီး အချက်အလက်အမှားတွေလည်း ပါဝင်နိုင်တာကြောင့် အဲတာတွေကိုပဲ အားကိုးပြီး ကိုယ့်မှာ HIV ရှိမရှိ မဆုံးဖြတ်နိုင်ပါဘူး။
HIV ရှိမရှိ အတိအကျသိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ သွေးစစ်ခြင်းပဲဖြစ်ပါတယ်။
သို့လော သို့လော နဲ့ စိုးရိမ်ပူပန်နေရမယ့်အစား သံသယကင်းရှင်းသွားစေဖို့အတွက် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး အခုပဲ သွေးစစ်ဆေးလိုက်ဖို့ ခင့်မိတ်ဆွေတွေကို တိုက်တွန်းလိုက်ပါတယ်နော်။
ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ
"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy
TikTok
https://www.tiktok.com/?_t=8qFnAtOSvtH&_r=1
Click here to claim your Sponsored Listing.
Website
Address
Thaton
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:30 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |