Online

Online

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Online, Sports, main Road, Tigyaing.

11/07/2023

"​ပပ်နဲ့ ကလော့ပ်နဲ့ ဘာကွာသွားလဲ"

"ပပ်ဂွာဒီယိုလာနဲ့ ဂျာဂင်ကလော့ပ်ဆိုတာ ဒီဘက်ခေတ် ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံးနည်းပြ 2 ယောက်ပါ။

လေ့လာသင်ယူပုံတွေ၊ Tactical Set up တွေက အမြဲတမ်း ပြောင်းလဲနေပြီး...
မော်ဒန်ဘောလုံးလောကမှာ သက်ဆိုင်ရာအသင်းတွေကို အမြင့်ဆုံးဆိုတဲ့ နေရာတွေဆီ ပို့ဆောင်ပေးနေတာပါ။

ဒါပေမယ့်...
အောင်မြင်မှုမှာ​တော့ ပပ်က အသာရနေပြီး ကလော့ပ်က စိတ်မကောင်းစွာနဲ့ နောက်ကျကျန်ရစ်နေပါတယ်။

အဓိက ကွာသွားတာကတော့...
ပပ်ဟာ ဘယ်တုန်းကမှ အသင်းရဲ့ Legend ဆိုတာမျိုး၊ အသင်းနဲ့ ဘယ်လိုသံယောဇဥ်ရှိတာမျိုး၊ သူနဲ့ ဘယ်လိုပတ်သက်တယ်ဆိုတာမျိုးကို မကြည့်ဘဲ...
သူ အောင်မြင်မှုရဖို့တစ်ခုတည်းကိုပဲ ကြည့်တာပါ။

ဒါဟာ သူ့ရဲ့ Underrated အဖြစ်ဆုံး Quality ပါပဲ။

တစ်ဖက်မှာတော့...
ကလော့ပ်ဟာ သာမန် Average Player တွေနဲ့တောင် အသင်းကို တည်ဆောက်နိုင်ပေမယ့်...
သူ့တပည့်တွေကို သံယောဇဥ်ကြီးလွန်း၊ ချစ်လွန်းတဲ့အတွက် ပြင်ဆင်သင့်တဲ့အချိန် မပြင်ဆင်ဘဲ နောက်ကျနေခဲ့တာပါ။

ပြောရရင် နည်းစနစ် ​ကျွမ်းကျင်မှုအပိုင်းမှာ ပပ်နဲ့ ကလော့​ပ်ဟာ အရည်အသွေးပိုင်း မကွာလှပေမယ့်...
အပေါ်မှာဆိုခဲ့သလို ကလော့ပ်ရဲ့ သံယောဇဥ်ကြီးမားတဲ့ အားနည်းချက်ဟာ သူ့ကို ဆွဲထားခဲ့တဲ့အတွက် အောင်မြင်မှုပိုင်းမှာ ကွာခြားသွားတာ ဖြစ်ပါတယ်။

11/07/2023

ကစားသမား ၇ ဦးကို အောင်မြင်စွာ သက်တမ်းတိုးနိုင်ခဲ့ပြီးနောက် အိုဒီဂတ်ကို သက်တမ်းတိုးနိုင်ဖို့ အာဆင်နယ် တာဝန်ရှိသူတွေက ကြိုးပမ်းနေကြောင်း သိရပါတယ်။

Crd

Want your business to be the top-listed Gym/sports Facility in Tigyaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Main Road
Tigyaing