ILC International Language Corner

ILC International Language Corner

Share

Learn With iLC & Unlock Your Future Self

14/11/2025

𝗖𝗲𝗹𝗲𝗯𝗿𝗮𝘁𝗶𝗻𝗴 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗮𝘆 𝘄𝗶𝘁𝗵 𝗽𝗿𝗶𝗱𝗲 𝗮𝗻𝗱 𝗿𝗲𝘀𝗽𝗲𝗰𝘁 𝗳𝗼𝗿 𝗼𝘂𝗿 𝗵𝗶𝘀𝘁𝗼𝗿𝘆. 🇲🇲

Honoring our history and the spirit of independence. May our nation continue to grow with hope and strength.

Photos from ILC International Language Corner's post 14/10/2025

သုညမှသည် တစ်ရာဆီသို့...👏🏼👏🏼
ILC ကနေ ဉီးစီးကျင်းပခဲ့တဲ့ သုညမှသည် တစ်ရာဆီသို့... ဆိုတဲ့ Career Foundation Camp လေးကတော့ အောင်မြင်စွာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်။

ဒီ Camp လေးမှာ ကဏ္ဉအသီးသီးကနေ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ Speaker လေးဉီးဖြစ်တဲ့

Tr Chit Aein Thu

Ma Zin Taryar Win

Ma Engyin Mhwe နဲ့

Sayar Kyaw Zin Myint Thein တို့ကိုလည်း ILC ကနေ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။

Camp တစ်လျှောက်လုံး တက်ကြွစွာပါဝင်ပေးခဲ့ကြတဲ့ Participants တွေကိုလည်း ရသင့်ရထိုက်တဲ့ ဗဟုသုတတွေနဲ့ အတွေ့အကြုံတွေကိုလည်း ရသွားလောက်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။

Camp တစ်လျှောက်ကပုံလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်ရှင့်။ 🥳🥳

#သုညမှသည်_တစ်ရာဆီသို့

02/10/2025

Our Mentor is on the way!
သုညမှသည် တစ်ရာဆီသို့... Camp အပြီးမှာ Free Individual Mentorship အစီအစဉ်လေးပါ ရှိတာ သိပြီးထားကြပြီလို့ ထင်ပါတယ်။

ဆိုတော့ ဒီနေ့မှာ ILC ဘက်ကနေ ဒီ Mentorship Service လေး ကို အခမဲ့ လုပ်ပေးသွားမယ့် Mentor နဲ့အတူ ဒီအစီအစဉ်လေးအကြောင်းကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင့် 🧑🏽‍🏫

🎖️ပထမဆုံးအနေနဲ့ ဒီ Mentorship အစီအစဉ်လေးမှာ Education နဲ့ Career အတွက်ပါ ဆွေးနွေးအကြံပေးသွားမှာဖြစ်လို့ Camp အပြီးမှာ ပါဝင်ရမယ့် Challenge လေးကနေတစ်ဆင့် ရွေးချယ်ခံရတဲ့ Participant တွေကနေ ကိုယ်စိတ်ဝင်စားရာ Career ဒါမှမဟုတ် Education ခေါင်းစဉ်တစ်ခုနဲ့ Individual Mentorship ကို Session တစ်ခုစာတိတိကို အခမဲ့ရရှိသွားမှာပဲဖြစ်ပါတယ်။ 👨🏼‍💻

ဒီလိုဆိုရင်တော့ Camp မှာ ရခဲ့တဲ့ Realife Knowledges , Experiences တွေနဲ့ပေါင်းပြီး Camp အပြီးမှာပဲ Individual Mentorship အစီအစဉ်ကနေပါ ကိုယ့်အတွက်ရှေ့ဆက်သွားဖို့လိုအပ်တဲ့ Step by Step Guidance တွေကိုပါ အဆင်သင့် တစ်ပါတည်းရရှိသွားမှာဆိုတော့ Career ခြေလှမ်းစမယ့်သူတွေ၊ လမ်းပျောက်နေတဲ့သူတွေနဲ့ ပြင်ဆင်နေတဲ့သူတွေအတွက်တော့ အများအထောက်အကူပြုမှာ အသေအချာပါပဲရှင်👏🏻

ဒါဆို ဒီ Free Mentorship အစီအစဉ်လေးမှာ ပါဝင်အားဖြည့်သွားမယ့် Professional Mentor တစ်ဦးအနေနဲ့ကတော့ Ko Theo ပဲဖြစ်ပါတယ်။ 🧑🏽‍🏫🌟

Ko Theo -🧑🏻‍🏫

Theo သည် 2020ခုနှစ်မှစတင်၍ ယခုအချိန်အထိ ကျောင်းသားလူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးအစီအစဉ်များအပေါ်အခြေခံ၍ International Confederation များနှင့် Local Program များစွာတွင်ပါဝင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ 🤲🏻

International Confederation တစ်ချို့ရဲ့ Managerial Roles တွေမှာလည်း တာဝန်ယူလုပ်ကိုင်ခဲ့ပြီး ယခုချိန်ထိ International School တော်တော်များများတွင် Teacher / Academic Leadership Role တွေကနေတစ်ဆင့် သင်ကြားရေးနဲ့ အုပ်ချုပ်ရေးအပိုင်းကိုတာဝန်ယူလုပ်ဆောင်လျက်ရှိပြီး လက်ရှိမှာ Professional Mentor တစ်ယောက်အနေနဲ့လည်းရပ်တည်လျက်ရှိကာ လူငယ်များကို အဓိကထားပြီး ပညာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာအကြောင်းအရာတွေနဲ့ပက်သက်ပြီးတော့ Mentoring လုပ်ပေးလျက်ရှိပါတယ်။ 🎗️

🏅Director - ILC International Language Corner
🏅Academic Supervisor - Greatest Guideline International School ( GGIS )
🏅Educational Mentor - Stepping Corner Mentorship Platform
🏅Teacher / Instructor - International Schools
Freelance Mentor

ဒီလောက်ဆိုရင် Camp လေးအပြီးမှာပါဝင်အားဖြည့်သွားမယ့် Mentor အကြောင်းနဲ့ အစီအစဉ်လေးအကြောင်းကိုပါသိရှိပြီးပြီဆိုတော့ Camp လေးမှာ လျှောက်ထားကြတဲ့သူတွေအနေနဲ့လည်း ပါဝင်ခွင့်ရပြီး Career Foundation နဲ့ပက်သက်တဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေနဲ့ Guidance တွေကိုပါတစ်ပါတည်းရရှိသွားနိုင်ကြဖို့ မျှော်လင့်ပါတယ်ရှင့်။ ⭐️💖

#သုညမှသည်_တစ်ရာဆီသို့

Photos from ILC International Language Corner's post 21/09/2025

ဒေါက် ဒေါက် ဒေါက်…. ILC ကနေ သုညမှသည် တစ်ရာဆီသို့... ဆိုတဲ့ NextGen Career Foundation Camp ကြီးအတွက်လျှောက်လွှာဖောင်တွေကိုဖွင့်ပေးလိုက်ပါပြီ။ 💯

Registration မဖွင့်ခင်ကတည်းကလာမေးထားကြတဲ့ သူတွေကိုလည်း စိတ်ဝင်စားပေးတဲ့အတွက် ILC ဘက်ကနေ ဝမ်းသာစွာနဲ့ ကျေးဇူးများကြီးတင်ရပါတယ်။

ဒီ Camp ဟာ အပြင်လုပ်ငန်းခွင်တစ်ခုမှာ ရပ်တည်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေ ပြင်ဆင်နေတဲ့လူငယ်တွေနဲ့ ဘယ်ကစရမှန်းမသိသေးတဲ့ လူငယ်တွေအတွက် ဉီးတည်ပြီး လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံတွေနဲ့အတူ တကယ့်အပြင်လောကမှာ Professional အလုပ်တစ်ခုနဲ့ ရပ်တည်နိုင်ဖို့အတွက်လိုအပ်တဲ့အကြောင်းအရာတွေကိုပါ အတွေ့အကြုံရှိတဲ့ Professional တွေကနေတစ်ဆင့် ဆွေးနွေးအကြံပေးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

Program မှာပါဝင်တဲ့ ကဏ္ဉလေးခုနဲ့ ပါဝင်သွားမယ့် Speaker တွေကတော့ -

📌 Academic Development - Tr Chit Aein Thu [ CCEducare’s Founder ]

📌 Vocational Skills - Ma Zin Taryar Win ( Architect, Stepping Corner’s Founder )

📌 Mental Impact နဲ့ - Ma Eingyin Hmwe [ Mental Counselor, Mental Heal’s Founder ]

📌 Language Profiencey - Kyaw Zin Mint Thein [ Teacher’s Trainer, The Ups’s Founder ]

တို့ပဲဖြစ်ပါတယ်။

ဒီ ကဏ္ဉလေးခုကနေတစ်ဆင့် လုပ်ငန်းခွင်အတွက် Foundation အနေနဲ့ ဘာတွေပြင်ဆင်ထားရမလဲဘာတွေလိုအပ်လဲဆိုတာကို သိရှိရမှာဖြစ်တဲ့အပြင် လိုအပ်တဲ့ Career Network တွေကိုပါရရှိသွားမှာပဲဖြစ်ပါတယ်။

Camp အပြီးမှာတော့ Camp တစ်ခုလုံးမှာ တက်ကြွစွာပါဝင်ခဲ့ကြတဲ့သူတွေကို ILC ဘက်ကနေ Certificate အသိအမှတ်ပြုလက်မှတ် ချီးမြှင့်သွားမယ့်အပြင် နောက်ဆုံးမှာ Reflection Activity တစ်ခုအနေနဲ့ ပေးလာမယ့် Short Essay Challenge တစ်ခုကိုပါဝင်ရမှာဖြစ်ပြီး ရွေးချယ်ခံရတဲ့ Participants တွေကို Individual Educational + Career Mentorship အစီအစဉ်ကို အခမဲ့ကိုလည်း အတွေ့အကြုံရှိ Mentors တွေကနေ ပေးအပ်သွားအုန်းမှာလည်းဖြစ်ပါတယ်။

ပိုပြီးထိရောက်ဖို့အတွက် လူဉီးရေလေးတော့ကန့်သတ်ထားတာမို့ အောက်မှာပေးထားတဲ့ဖောင်လေးကို သေချာလေးဖြည့်စွက်ပေးဖို့တော့လိုပါမယ်။ Program ကသတ်မှတ်ထားတဲ့ တစ်ချို့ Personal Criteria တွေထဲမပါနေတာမျိုးရှိလည်း စိတ်ဝင်စားရင် ပါဝင်လျှောက်ထားဖို့အကြံပေးပါတယ်။ တကယ်ကို စိတ်ပါဝင်စားရင် Camp လေးမှာပါဝင်ဖို့ ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာ။ 💞

Speaker တွေနဲ့ပက်သက်တဲ့ အသေးစိတ်ကိုတော့ ပုံလေးတွေရဲ့အောက်မှာဖတ်ရှုလို့ရပါတယ်။

ဖောင်လေးဖြည့်ရမယ့် နောက်ဆုံးရက်ကတော့ စက်တင်ဘာ ၃၀ ရက်နေ့ဖြစ်ပါတယ်ဗျ။

ဖောင်လေးကို ဒီလင့်ခ်လေးထဲမှာ ဝင်ဖြည့်ရမှာပါဗျာ။ https://docs.google.com/forms/d/e/1FAIpQLSfBIuNibDoRm8Wg5orhUGbgWWAhvBGoaS0OyZmf1U5HtWQ_NQ/viewform?usp=dialog

အားလုံးပဲ ကောင်းသောနေ့လေးဖြစ်ပါစေလို့ ILC ကနေဆုတောင်းပေးလိုက်ပါတယ်။ 😍😍

#သုညမှ_သည်တစ်ရာဆီသို့..

Telephone

Website