ATP Electronice

ATP Electronice

Share

စိတ်ချယုံကြည် ATP နယ်မှ မှာယူသော customers များကို
ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်
09765000654
ကိုဆက်သွယ်ပေးပါခင်ဗျာ

Photos from ATP Electronice's post 12/03/2023

အားသွင်းပန်ကာ
(Ac. Dc) 12"ဆိုလာပြားပါ
(Ac. Dc) 12" ဆိုလာပြာမပါ
(Ac. Dc) 12" တိုက်ရိုက်ပန်ကာ(အားသွင်းမရ)
1ဖာ 6လုံး လက်ကား စျေးသီးသန့်

စျေးနှုန်းနှင့် အသေးစိပ်သိရှိလိုပါက
Ph 09765000654 (viber)
09258750558 (viber)
သို့ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်ခင်ဗျာ
ဝယ်ယူအားပေးကြသော မိတ်ဟောင်း/မိတ်သစ်များကို အစဥ်လေးစားလျှက်
ATP electronice& electric
Mandalay

Photos from ATP Electronice's post 13/04/2022

Solar ဆလိုက်မီးတွေ ပစ္စည်းထပ်ရောက်ပြီနော်

Photos from ATP Electronice's post 18/03/2022

Battery (ဘက္ထရီအိုး) တွေရောင်းဖို့ရှိတယ်နော်
စျေးနှုန်းနဲ့အချက်လက်သိလိုပါက
Ph 09765000654 (viber)
09258750558
သို့ ကျေးဇူးပြု၍ဆက်သွယ်ပေးပါခငိဗျာ

ATP electric& electronice (Mandalay) မှ
Solar light (ဆိုလာဆလိုက်)
Eveready battery
Duro. battery
LA. battery
နှင့်
လျှပ်စစ်ပစ္စည်း အမျိုမျိုးတို့ကို ဆက်သွယ် ဝယ်ယူနိုင်ပါသည်
ဝယ်ယူအားပေးသော မိတ်ဟောင်း မိတ်သစ်များ အလုပ်အကိုင်များ အဆင်ပြေကြပါစေ

19/12/2021

ATP electrical
#

၁၁/၀.၄ ကေဗွီ၊ xx kVA ထရန်စဖော်မာ တစ်လုံး တပ်ဆင်ခြင်း

ဒီစာကို လျှပ်စစ်နဲ့ စိမ်းတဲ့သူတွေ၊ အထူးသဖြင့် ကိုယ့်အိမ်နားမှာ ထရန်စဖော်မာကြီး ရှိနေလျှက် ဘာကဘာကိုခေါ်မှန်းမသိသူ။ ကျောင်းပြီးစ ထရန်စဖေါ်မာ တစ်စုံမှာ ဘာတွေ ပါသလဲ သိလိုသူများအတွက် ရည်ရွယ်ပါတယ်။

ထရန်စဖော်မာ တစ်လုံးတပ်ဆင်မယ်ဆိုရင်
၁။ LA (Lightning Arresters)
၂။ DS ( Dis-connecting Switch) / LBS (Load Break Switch) / CB (Circuit Breaker)
၃။ DOF (Drop Out Fuses)
၄။ Transformer
၅။ Cables
၆။ 220/380V Low Voltage Distributions Panels
၇။ Earthing (LA Earth, Neutral Earth & Body Earth)
စသည့်ဖြင့် အနည်းဆုံး ၇ မျိုးလိုတယ်။

၁။ LA (Lightning Arrester)

မိုးကြိုးပစ်ခြင်းကြောင့် ထရန်စဖေါ်မာပျက်စီးခြင်း မဖြစ်အောင်ကာကွယ်ပေးတယ်။ မိုးကြိုးလွှဲ တပ်တဲ့နေရာကို DS ရှေ့မှာ တပ်တာရှိသလို DS နောက်မှာ တပ်တာလဲ ရှိတယ်။ အမှန်ကတော့ LA ဆိုတာ မိုးကြိုးပစ်ဖို့ အခြေအနေပိုများတဲ့ ဓာတ်အားလိုင်းကို ကာကွယ်ဖို့ တပ်တာ ဖြစ်တဲ့အတွက် DS ရဲ့ အရှေ့မှာ တပ်ရမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ အချို့က DS အနောက်မှာ တပ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ Line Fault ဖြစ်ပြီး Megga Test လို့ခေါ်ကြတဲ့ Insulation Test လုပ်ချိန်မှာ LA ကို ဓာတ်အားလိုင်းကနေ တစ်ခုချင်း ပြန်ခွာနေရရင် အချိန်အလွန်ကုန်တဲ့ အပြင် လူအင်အား အများကြီး လိုတဲ့ အတွက် ဝန်ထမ်းအင်အားမလုံလောက်တဲ့ မြို့နယ်တွေမှာ တပ်ကြရတယ်။

၂။ DS ( Dis-connecting Switch) / LBS (Load Break Switch) / CB (Circuit Breaker)

DS လို့ခေါ်တဲ့ ဓာတ်အားဖြတ် ခလုတ်ကို ထရန်စဖေါ်မာ အရေးပေါ်ပြုပြင်ထိန်းသိမ်းချိန်၊ ဓာတ်အားပေးရန်မလိုအပ်ချိန်တွေမှာ သုံးတယ်။
500kVA နှင့် အထက် အင်အားကြီး ထရန်စဖေါ်များတွင်တော့ LBS/CB ကိုသုံးတယ်။
DS များကို အဖွင့် အပိတ်၊ အတင်အချ လုပ်လျှင် LT side ရှိ အထွက် မီးများကို ဦးစွာ ပထမ ပိတ်ရန် အလွန် အရေးကြီးသည်။ သို့မဟုတ်ပါက လျှပ်စစ်အန္တရာယ် အလွန်ကြီးသည်။

၃။ DOF ( Drop Out Fuses)

တနည်းပြောရရင်တော့ 11kV Fuses / HT Fuses များပဲ ဖြစ်တယ်။ အိမ်တွေမှာ သမရိုးကျသုံးတဲ့ Fuses များလိုပဲ Metal contactor တစ်ခုခုနဲ့ ဆက်ထားတယ်။ ထရန်စဖေါ်မာ တစ်ခုခုချို့ယွင်းခဲ့ရင် သို့မဟုတ် 220/380V load side မှာ အပစ်ကြီးကြီးမားမားရှိခဲ့ရင် DOF ထဲက contactor က ပြတ်ပြီး DOF က တွဲလောင်းကျလာတယ်။ ဒါကိုကြည့်ပြီး ဘယ်လိုင်း (L1, L2, L3) မှာ အပစ်ကြီးကြီးမားမား ဖြစ်သလဲသိနိုင်တယ်။
DOFs ကို Protection Device အနေနဲ့ သုံးနိုင်သလို တခါတလေ DS ကြပ်တာ CB အလုပ်မလုပ်တာတွေ ကြုံတဲ့ အချိန်မှာလည်း အရေးပေါ် Dis-connecting Switch အနေနဲ့ အသုံးပြုနိုင်တယ်။ ဒါကြောင့် သက်စောင့်အနေနဲ့ မဖြစ်မနေတတ်သင့်တယ်။ စျေးလည်း သက်သာတယ်။

၄။ Transformer

မြန်မာလို လျှပ်တာပြောင်းလို့ ခေါ်ပေမည့် ထရန်စဖော်မာဆိုတဲ့ မွေးစားဘိုနာမည်ကိုပဲ လူတွေက သိကြတယ်။ ထရန်စဖော်မာအမျိုးအစားများစွာရှိသော်ငြား မြန်မာပြည်မယ် ဓာတ်အားဖြန့်ဖြူးရေးအတွက် ၁၁/၀.၄ကေဗွီ ထရန်စဖော်မာများကို အများဆုံး အသုံးပြုတယ်။ ပထမ ၁၁ ဆိုတာ အဝင်ဓာတ်အား ၁၁ ကီလိုဗို့ (ဗို့အား ၁၁၀၀၀) ကို ကိုယ်စားပြုပြီး ၀.၄ ဆိုတာ (၀.၄ ကီလိုဗို့ တနည်း ၄၀၀ ဗို့) အထွက်ဗို့အားကို ကိုယ်စားပြုပါတယ်။ ၎င်းနောက်တွင်မှ ၅၀၊ ၁၀၀၊ ၂၀၀၊ ၃၁၅၊ ၅၀၀ ကေဗွီအေ စသည်ဖြင့်ကတော့ တပ်ဆင်အင်အားကို ကိုယ်စားပြုပါတယ်။

မြန်မာနိုင်ငံအတွက် ထရန်စဖော်များကို အုပ်စုအနေဖြင့် Vector Group Dyn11 ထရန်စဖော်မာများ အသုံးပြုပြီး၊ ထရန်စဖော်မာ အအေးခံခြင်း၊ လျှပ်တားခြင်းကို အခြောက် Dry Type နှင့် ဆီဖြင့်အအေးခံခြင်း ONAN/KNAN ဆိုပြီး အသုံးများပါတယ်။

နေရာချတာကတော့ ခုံပေါ် (Plinth type)၊ တန်းပေါ် (Bracing type) နဲ့ တိုင်ပေါ် (Pole mounted type) ဆိုပြီး မြေနေရာ ရရှိမှုနဲ့ budget ပေါ် မူတည်ပြီး တည်ကြတယ်။

၅။ Cables

ထရန်စဖော်မာ အထွက် ၂၂၀/၃၈၀ ကြိုးများကို ဆိုလိုပါတယ်။ အနည်းဆုံး အကာအကွယ် ၂ ထပ်ပါတဲ့ XLPE/PVC သုံးသင့်ပြီး၊ မြေအောက်မြှုပ်မည့်ကြိုးတွေအတွက် စတီးကြိုးတစ်ထပ် AWA ပိုပါတဲ့ ကြိုးမျိုးသုံးသင့်ပါတယ်။

ကြိုးအရွယ်အစားကို အလွယ်ဆုံး အကြမ်းဖျဉ်းမှတ်ရင် စီးဆင်းမည့် Current (Ampere) အမ်ပီယာ ရဲ့ တစ်ဝက်ကို Line + Neutral ကြိုး၊ ၄ပုံ၁ပုံကို Earth ကြိုး အနေနဲ့ သုံးရပါမယ်။ ဥပမာ 100 Amp သုံးမည့်နေရာအတွက်ဆို လိုင်းကြိုးက 50 sq.mm၊ မြေစိုက်ကြိုးက 25 sq.mm အနည်းဆုံး သုံးရမယ်။ (အကြမ်းမျဉ်း)

၆။ 220/380V Low Voltage Distributions Panels

ဒီအပိုင်းမှာတော့ အဝင် Breaker အနည်းဆုံး တစ်ခုကနေ အထွက်ကို မီးပေးမည့် အနေအထားအလိုက် ပြောင်းလဲပြီး ဒီဇိုင်းလုပ်နိုင်တယ်။

ဒီနေရာမှာပဲ မီတာပါ တပါတည်း တပ်ဆင်အသုံးပြုကြတာတွေ ရှိတယ်။ အရွယ်အစားအမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးရှိတယ်။ အဓိကအချက်ကတော့ ရာသီဥတုဒါဏ်ခံနိုင်ရမယ်။ (အနည်းဆုံး IP44) ရှိသင့်တယ်။

အရေးကြီးတာ တစ်ခုက Surge Protector မပါမဖြစ် ထည့်ရန်။

၇။ Earthing (LA Earth, Neutral Earth & Body Earth)

ဒီအပိုင်းက အလွန်အရေးကြီးတယ်။ ထရန်စဖော်မာ ပျက်စီးခြင်း၊ ပေါက်ကွဲခြင်း၊ မီးလောင်ခြင်း၊ ဓာတ်လိုက်ခြင်းတွေက Earthing မကောင်းခြင်းကြောင့် ၇၀% ဖြစ်နိုင်တယ်။

သူ့အကြောင်းရေးရင် စာတစ်ပုဒ်မို့ တော်သေးပြီ။

Photo : Internet

#လျှပ်စစ်ရေးရာ

Want your business to be the top-listed Contractor in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay