Winners Chess Training Centre
Teaching chess&sharing chess news
19/06/2023
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပလျှက်ရှိသော ASEAN age group ပြိုင်ပွဲ U16 boy standard ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ကစားနေသော WCTC မှ rating 1400 ကျော်သာရှိတဲ့ သင်တန်းသား ကောင်းမွန်သာ က Vietnam မှ rating 2100ကျော် FM ကို ပွဲစဉ်(၃)မှာအနိုင်ရရှိခဲ့တဲ့အတွက် congratulations ပါ ကောင်းမွန်သာ
Nay Tun
16/06/2023
စစ်တုရင်ပညာရပ်ကို စနစ်တကျ အခြေခံမှ စတင် လေ့လာသင်ယူလိုသူများအတွက် Winner Chess Training Center တွင် တစ်ဦးချင်းသီးသန့်သင်တန်းကို ပြန်လည်စတင်ကာ လက်ခံသင်ကြားပေးနေပါပြီ။
#တစ်ဦးချင်းသီးသန့်သင်တန်းကဘယ်အချိန်တွေလဲ ?
သင်တန်းသားအားတဲ့အချိန်နဲ့ ဆရာတွေအဆင်ပြေတဲ့အချိန် ညှိပြီးသင်ပေးပါတယ်။
တစ်ပတ်ကို လေးရက် တစ်ရက်ကို တစ်နာရီ zoom platform မှ သင်ပေးပါတယ်။
#သင်တန်းကြေးကဘယ်လောက်လဲ?
တစ်လကို ခြောက်သောင်းကျပ်ပါ
ှိဘူးလား?
ဟုတ်ကဲ့ Group Class မရှိပါဘူး။ သင်တန်းသားများ စစ်တုရင်ပညာရပ်တတ်မြောက်မှု နှေးကွေးသည့်အတွက် အဖွဲ့လိုက်သင်တန်း မရှိတော့ပါဘူး။
#သင်တန်းဆရာတွေကဘယ်သူတွေလဲ?
ကမ္ဘာ့စစ်တုရင်အဖွဲ့ ချုပ် (FIDE) အသိအမှတ်ပြု International Master ဦးနေဦးကျော်ထွန်း ကိုယ်တိုင်ဦးစီးပြီး သင်ကြားပြသပေးမှာဖြစ်ပြီး အခြေခံမှ အဆင့်မြင့်တန်းထိ စနစ်တကျ လက်တွဲခေါ် သင်ကြားပေးမှာဖြစ်ပါတယ်။
#တစ်ဦးချင်း သီးသန့်သင်တန်း တက်မယ်ဆို အချိန်ဘယ်လောက်ကြာရင် စစ်တုရင်ကစားတတ်မလဲ?
ဟုတ်ကဲ့ ဒီမေးခွန်းအတွက် အဖြေက နည်းနည်းရှည်ပါမယ်။ စစ်တုရင် ကို ဘယ်လိုအတိုင်းအတာမျိုးအထိ လေ့လာသင်ယူလိုသလဲ အပေါ် မူတည်ပါတယ်။ သာမန် အရုပ်ရွှေ့တတ်ဖို့အတွက် အချိန် ၁နာရီပဲလိုပါတယ်။ အရုပ်ရွှေ့တတ်ရင် ကစားလို့ရပါပြီ ဒါပေမယ့် စစ်တုရင် မဆော့တတ်သေးပါဘူး။ နိုင်ငံတကာသင်ရိုးအရ စစ်တုရင်အခြေခံကို စနစ်တကျ ကစားတတ်ဖို့အတွက် စာအုပ်၆အုပ် ၆လ လေ့လာဖို့လိုပါတယ်။ သင်တန်းသားရဲ့ ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီး အချိန်ကွာခြားနိုင်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ ထူးချွန်ဖို့ သင်ယူလိုတယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခု ပေးပြီးသင်ယူရပါမယ်။ စစ်တုရင်ဟာ ကစားနည်းတစ်ခုဆိုတာထက် ပညာရပ်တစ်ခုလို့ပြောမှ မှန်ပါမယ်။
#သင်တန်းဆရာများ
ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ဖြစ်တဲ့(FIDE) မှတရားဝင် စစ်တုရင်နည်းပြလက်မှတ် ရရှိထားတဲ့သူများ ဖြစ်ပါတယ်။
International Master Nay Oo Kyaw Tun(Founder of WCTC) ( FIDE Trainer) နည်းပြချုပ်
Nyein Myint Aung (National Instructor) နည်းပြ
အသေးစိတ်ဆက်သွယ်စုံစမ်းရန်
📱09959446987
📱09256178960
Page's Messengerတွင်လည်း
စုံစမ်းမေးမြန်းနိုင်ပါတယ်။
__________________________________________
#အထူးသင်တန်း
စစ်တုရင်ပညာရပ်အပေါ် စိတ်ဝင်စားပြီး ထူးချွန် စစ်တုရင်သမားဖြစ်ချင်သူများအတွက်
(Pro Class)
တစ်ဦးချင်းသင်တန်းဖြစ်ပြီး ရည်မှန်ချက်ကြီးမားသော သင်တန်းသားများအတွက်ဖြစ်ပါသည်။ သင်တန်းချိန်ကို ညှိနှိုင်းပြီး တက်ရောက်နိုင်ပါသည်။
ဆက်သွယ်ရန်- 09256178960
Chess Training Centre မှ မွေးထုတ် ပေးခဲ့သော စစ်တုရင်ကစားသမားများ၏ ပုံရိပ်များ
Click here to claim your Sponsored Listing.