Motion Diary Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Motion Diary Myanmar, Digital creator, Shwe Kyat Hpa Street, .
Post လေးတွေ မတင်ဖြစ်တာတောင် ကြာပြီ Photoshop group တွေ ၊ သင်္ခန်းစာ page တွေ အများကြီးပေါ်လာတာတွေ့တော့ ဝမ်းသာပါတယ် သူတို့ကပိုတောင် update ဖြစ်တာတွေ့တော့ ကိုယ်သိထားတာ ဘာမှ မဟုတ်မှန်း သိလာတယ် 😊
နောက်နေ့မှ တစ်ခုခုတော့ တင်ပေးပါဦးမယ် အားလုံးကျန်းမာကြပါစေ။
စာလေးတွေ မရေးဖြစ်တာတောင်ကြာပေါ့ အလုပ်ကလည်းမအား တော့ ကြာသွားတယ် နောက်နေ့ ပုံ တစ်ပုံကို Clone stamp သုံးပြီး Smooth ဖြစ်သွားအောင် လုပ်ပြပါမယ် ။ သူ့သဘောတစ်ရားလေးတွေသိလျင်မခက်ခဲပါဘူး စိတ်ရှည်ဖို့တော့ လိုမှာပေါ့။
21/10/2019
မရေးတာလဲ နည်းနည်းကြာသွားပြီ အလုပ်ကမအားလို့ပါ ဒီနေ့တော့ Colour ချိန်နည်းလေးအကြောင်း အရိုးရှင်ဆုံး ချဉ်းကပ်ကြည့်ရအောင်ပါ။ ဦးစွာ Photoshop ပေါ်တွင်ပုံအလျင်ဖွင့်ပါ။ Ctrl+B နှိပ်ပါ။ ( auto colour ချိန်လိုပါက Ctrl+Shift+B တွဲနှိပ်ပါ)။ အဆိုပါ colour Balance box ကျလာလျင် လိုသလိုချိန်ညှိနိုင်ပါပြီ
31/08/2019
ဒါကတော့ Photoshop windows ပါ ဘယ်ဘက်မှာ က Tool box ပါ။ ညာဘက်က Layer box ပါ ဟိုတစ်နေ့က အသုံးများတဲ့ Tools လေးတွေနဲ့မိတ်ဆက်ပေးပြီးပါပြီ ကျန်တာတွေက အသုံးနည်တော့ လက်တွေ့ သုံးရတဲ့အချိန်မှပဲ ပြောကြတာပေါ့ ။ ဒီနေ့ Layer အကြောင်း နည်းနည်းပြောပါမယ်။ Layer box ကို windows tap ထဲကနေ ခေါ်လို့ ရပါတယ်။ ပုံတစ်ပုံကို စပြင်တော့မယ်ဆိုလျင် Layer ပွားထားတာ အကောင်းဆုံးပါ ။ဒါမှ ပြင်နေရင်းနဲ့ မှားသွားတာပဲဖြစ်ဖြစ် မကြိုက်လို့ပဲ ဖြစ်ဖြစ် ကိုယ်လက်ရှိပြုပြင်နေတဲ့ Layer ကို ဖျက်လိုက်လျင် မူရင်းပုံ ပြန်ရပါတယ် ။ အလုပ်မရှုပ်ရတော့ဘူးပေါ့။ Background ပြောင်းတာတွေ Effect ထည့်တာတွေ အကုန် ဒီ layer ပေါ်မှာလုပ်ပါတယ်။