Hyper Engineering Group

Hyper Engineering Group

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hyper Engineering Group, Heating, ventilating & air conditioning service, ThuDhaMa Road and BhoneGyii Street, .

Photos from Hyper Engineering Group's post 27/11/2024

သမိုင်းမုဒိတာနားက
မှန်ထောင် #ရေခဲသေတ္တာ မအေးဘူးဆိုလို့ Hyper Engineering Group ညီအကိုတွေ ပြုပြင်ပေးလို့ အေးသွားပါပြီ
လူကြီးမင်းတို့ လိုအပ်ပါကဆက်သွယ်အားပေးနိုင်ပါတယ်
09-428120646

Photos from Hyper Engineering Group's post 26/11/2024

ပင်လယ်ကူးသင်္ဘောပေါ်က
Water Cool Aircon Chiller မအေးဘူး ဆိုလို့
Hyper အဖွဲ့တွေ သွားရောက်စစ်ဆေးပြုပြင်ပေးခဲ့တာလေး

Photos from Hyper Engineering Group's post 10/08/2024

🚩ဒီနေ့ကတော့ Star city မှာစက်အသစ်လေးတွေဆင်တဲ့အလှည့်ပါ

🚩 #အဲကွန်းတွေဂျီးပိတ်ပြီးမအေးတော့လို့
🚩 #ရေကျနေလို့ဆားဗစ်လုပ်ချင်တယ်ဆိုရင်တော့
ရှိပါတယ်ခင်ဗျာ။

⛔ဆားဗစ်အနေနဲ့ ဆေးခသပ်သပ်ချည်းဆိုရင်
1HP & 1.5HP အရွယ်အစားဆိုရင်
တလုံးကို ဝန်ဆောင်ခ 45000/-ပဲယူပါတယ်ခင်ဗျာ။ပိုမယူပါ။ကားခထပ်မတောင်းပါခင်ဗျာ။

⛔ဂက်စ်ထပ်ဖြည့်ရတယ်ဆိုရင်တော့
တလုံးကို 60000/- စီယူပြီး ပြည့်သည်အထိဖြည့်ပေးပါတယ်ခင်ဗျ။အစအဆုံးဖြည့်ရရင်တော့
90000/-ယူပါတယ်ခင်ဗျာ။

သူ့အောက်စျေးလျှော့ပေးလို့မရပါဘူးခင်ဗျာ။
အဲဒါထက် ထပ်လျှော့ခိုင်းရင် စက်ချည်းတပ်ဆင်ခချည်းယူနေသူ အဲကွန်းသမားတွေအတွက်
အဆင်မပြေတော့တဲ့အပြင်
အိမ်ရှင်အတွက်ပါစေတနာပိုနိုင်မှာ
မဟုတ်တော့ပါဘူးခင်ဗျာ။

🛑အဲကွန်းကောင်းကောင်းတပ်ဆင်သူ
အဲကွန်းဆားဗစ်ကောင်းကောင်းလိုချင်ရင် စျေးထပ်မလျှော့ခိုင်းကြပါနဲ့ခင်ဗျာ😖😖😖😖။

🔊အဲကွန်းအသစ်ပဲဆင်ဖို့လိုအပ်ရင်ဖြစ်စေ
အဟောင်းပြင်ဖို့ လိုအပ်ရင်ဖြစ်စေ
ကျနော်တို့ Service အဖွဲ့ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

အာမခံနဲ့အဆင်ပြေသည်အထိ
ဝန်ဆောင်မှုပေးပါမယ်ခင်ဗျာ။

#အဲကွန်း #အဲယားကွန်း
machine ...ရခေဲသတ်ေတာ
. Engineering group

ကျနော်တို့ဂျင်းမထည့်ပါခင်ဗျာ။
လူကြီးမင်းကလည်းဂျင်းထည့်လိုရမည့်သူ
မဟုတ်လောက်ပါ။

🚩အဲကွန်းရဲ့ Indoor မှာဘာကြောင့် #ရေကျတာလဲ?

အဲကွန်းIndoor unit မှာ အခန်းထဲကို
ရေကျတဲ့နေရာက
အကြမ်းဖြင့်သုံးနေရာဖြစ်နိုင်ပါတယ်။
🚩 #ကွိုင်ရဲ့မျက်နှာပြင်ပေါ်ကနေဂျီးပိတ်လို့ရေလျှံကျတာ
🚩 မျပ်နှာပြင်ပေါ်မှာရေသီးပြီးကျတာ
🚩 #ရေခံဗန်းက ယိုပြီးကျတာတွေပါ

⛔ #အဲဒီသုံးခုကြောင့်ရေလျှံကျနေတယ်ဆိုရင်တော့ ဖြစ်နိုင်ချေတွေကတော့
ဂက်စ်ကလိုတာထက်နည်းနည်းလေးနည်းနေတာ
လေစစ်ဇကာနဲ့ ကွိုင်ချေးပိတ်နေတာ
အခန်းထဲမှာလေထုစိုထိုင်းဆများတာ
အခန်းအတွင်းနဲ့အပြင် အပူချိန်ကွာဟချက်များတာ
အခန်းမလုံတာ..အဖွင့်အပိတ်များတာ
Indoor unit တပ်ဆင်မှု စောင်းနေတာ
Blower မော်တာ ချေးပိတ်တာ
Blower မော်တာ ချေးကပ်ပြီး လေ လျှံတာ
Blower မော်တာ ဒလက်ကျိုးပြီးလေအထွက်မမှန်တာ
ရေခံဗန်းပေါက်တာ၊လျှံတာ
ရေဆင်းပိုက်အဆက်မလုံတာ၊ပေါက်တာ
ရေဆင်းပိုက် ပိတ်တာ
ရေဆင်းပိုက် အထွက်က Trap တပ်ပုံမှားတာ
ဖော့ပိုက်တွေပါးလို့၊မပါလို့၊သုံးတာကြာလို့
Indoor unit အတွင်းနံရံတွေကInsulation
ပါးတာ၊ကွာတာ၊မရှိတာတွေဖြစ်နိုင်ပါတယ်။

တခြားအချက်တွေလည်းရှိနိုင်ပါသေးတယ်။
အတွေ့အကြုံအရတော့ ဒီအချက်တွေကအများစုဖြစ်ပါတယ်ခင်ဗျာ။

🚩 #မိုးတွင်းအခါဆိုရင်အဲကွန်းရေသီးနေရင်တော့

မိုးတွင်းရောက်လို့
အခန်းထဲမှာ နံရံတွေက ရေသီးနေတာ
#အဲကွန်းရဲ့လူဗာ (louver)တွေ အဲကွန်းရေခံဗန်းနဲ့
အဲကွန်းဘော်ဒီ ဘေးကနေ ရေကျတာတွေဖြစ်တော့
အဲကွန်းဆားဗစ်ခေါ်. ၊ပြီးတော့လည်း
ရေထပ်ကျ ကြံရမရဖြစ်တာခဏခဏကြုံဖူးမှာပါ။

အဲဒါကဘယ်လိုအခန်းတွေမှာ ဖြစ်တတ်သလဲဆိုတော့
အခန်းထဲကို လေဝင်လေထွက်များတဲ့အခန်းတွေ
( #အဲကွန်းကြီးဖွင့်ထားပြီး တံခါးတွေ၊ပြူတင်းတွေ
ဖွင့်ထားတဲ့အခနိးတွေ၊ ဟနေတဲ့အခနိးတွေ)
နဲ့ လေဝင်လေထွင်မများပေမဲ့ အခန်းရဲ့လေထုစိုထိုင်းဆ
(Relative Humidity)ကိုက များနေတဲ့အခန်းတွေမှာ
ဖြစ်တာပိုတွေ့ရမှာပါ။

ဘာကြောင့်ဖြစ်ရသလဲဆိုတော့

#မိုးတွင်းအခါလေထုဟာစိုးထိုင်းဆ(Relative humidity) မြင့်ပါတယ် ရန်ကုန်ဆိုရင် မိုးရွာတဲ့နေ့တွေမှာ
စိုထိုင်းဆRelative humidity ကတခါတရံ 85% ထိရှိတတ်ပါတယ်။

#မိုးတွင်းမှာ လေထုရဲ့
သာမာန်အပူချိန် (Dry bulb temperature)ဟာ နိမ့်တတ်ပါတယ်။ မိုးဆက်တိုက်ရွာရင် 27'C
အောက်ထိရှိတဲ့နေ့တွေများပါတယ်။
အဲဒီအခါ သူ့ရဲ့ ရေငွေ့ကနေ ရေအဖြစ်ပြောင်းမည့်အပူချိန်(Dew point temperature) ကလည်း Relative Humidity လိုက်လို့ ပြောင်းလဲနေပါတယ်။

ပုံပါအတိုင်း
ပတ်ဝန်းကျင်လေထုရဲ့သာမာန်အပူချိန် (Dry Bulb temperature)က 27'C ရှိနေချိန်

လေထုစိုထိုင်းဆ (Relative himidity) ကလည်း
85% ရှိနေတယ်ဆို သို့မဟုတ်များနေတယ်ဆိုရင်

ရေငွေ့ကနေ ရေအဖြစ်ပြောင်းမည့်အပူချိန်
Dew Point Temperature) ကလည်း
24.26'C အောက်ရှိနေပါလိမ့်မယ်။

အဲဒီအချိန်မှာ အဲကွန်းရဲ့ အခန်းအပူချိန်ကို
24'C အောက်ထားဖွင့်ပြီး အခန်းရဲ့ ပြူတင်းတွေ
တံခါးတွေကို တချို့နေရာတွေကဟပြီးပွင့်ရင်တော့ အဲကွန်းကနေရေတွေကျနေပါလိမ့်မယ်။နံရံမှာအစိုပြန်နေပါလိမ့်မယ်။

အဲလိုကျပြီဆိုရင်
အဲကွန်း ကိုအခန်းအပူချိန် ကို ရီမုကနေနည်းနည်းမြှင့်လိုက်ပါ။Dry mode နဲ့‌ေပြာင်းမောင်းပါ။
နည်းနည်းကြာမှာ( အခန်းလုံတယ် ဆိုရင်)အပူချိန်ပြန်ချနိုင်ပါတယ်။
အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

မိတ်ဟောင်းမိတ်သစ်
Customer ... များအားလုံးကို .....
အထူးလှိုက်လဲစွာ...ကြိုဆိုလျက် ပါ ....🌿🙏🙏🙏







☎️၀၉၄၂၈၁၂၀၆၄၆
ဆက်သွယ်မေးမြန်းနိုင်ပါတယ်..ဗျ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

Culinary Team

Attire

Telephone

Website