Smart Kids
For Brighter Future
24/05/2026
# Smart Kids Education Centre
Weekly activities with our little ones ❤️❤️
Smart Kids လေးတို့ရဲ့
တပတ်တာ လှုပ်ရှားမှုလေးတွေပါရှင့်
အက္ခရာလေးတွေ သင်ကြားရင်း
အရောင်ခြယ်ကြတယ်
Motor skill ဖွံ့ဖြိုးဖို့အတွက်
လက်ချောင်းလေးတွေ သန်မာအောင်
tracing လဲ အပတ်စဉ် လုပ်ရတယ်
စာလုံးလေးတွေ ရေးတဲ့အခါ တည်ငြိမ်မှု
ရှိစေဖို့နဲ့ အက္ခရာလေးတွေ မှတ်မိဖို့
သင်ခန်းစာနဲ့ အရောင်ခြယ်လုပ်ငန်းကို
တူတူ လုပ်ရသေးတယ်
Life skill အတွက် အဝတ်ခေါက်တာလေးလဲ သင်ရသေးတယ်🥰
စိတ်ပျော်ရွှင်ဖို့နဲ့ ကာရန်လေးတွေ နားလည်ဖို့
ကဗျာလေးတွေ သီဆိုရင်း
နားထောင်တတ်အောင် လေ့ကျင့်ရသေးတယ်
နားက ကြားတဲ့ အသံကို မှတ်သားရင်း
ကိုယ်အမူရာ လှုပ်ရှားတတ်အောင် လေ့ကျင့်ရတာက နောက်တဆင့်ပေါ့ရှင်
တကယ်တော့ မူကြိုအရွယ်ဟာ
သင်ယူစရာတွေအပြည့်ရှိနေတဲ့ အရွယ်လေးပါ
တနေ့ချင်း နည်းနည်းစီ သင်ယူရင်း
ရှေ့ဆက်ကြစို့ ကလေးလေးတို့ရေ🥰
18/05/2026
Kids Education Centre
ကျောင်းဖွင့်တာနဲ့
ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ
ကျောင်းလာပေးတဲ့ ကလေးလေးတွေ
ခုတပတ်ရဲ့
Weekend project လေးကိုလဲ
လုပ်လာပေးကြလို့ ကျေးဇူးပါရှင့်
မူကြိုလေးတွေကို အိမ်စာပေးနေတာမျိုး
မဟုတ်ရပါဘူးနော်
ကျောင်းပိတ်ရက်တွေမှာ မိဘနဲ့ကလေး
အတူတူ လုပ်ရတဲ့ project လေးတွေကြောင့် family attach ပိုဖြစ်ဖို့ရယ်နဲ့
ကျောင်းက ပေးလိုက်တဲ့ သင်ခန်းစာတွေ အိမ်စာတွေကို လုပ်ရတယ်ဆိုတဲ့
အသိစိတ်လေးကို ပျိုးထောင်နေတာမို့ပါရှင့်🥰
07/05/2026
Kids Education Centre
Hey guys,
We studied and coloured
Myanmar alphabet.
ဝလုံး ဝလုံး ဖိုးဝလုံး
လေးကို ရှာဖွေပြီး အရောင်ခြယ်ကြပါစို့
သားသားမီးမီးတို့ရေ🥰
06/05/2026
# Smart Kids Education Centre
Today is the time for tracing....
🍀 We trace the car.