Honest Hour
Mental, Physical, Spiritual Wellbeing တွေအတွက် တစ်နေရာတည်းမှာဆွေးနွေး၊ ကုစား၊ ပြောင်းလဲနိုင်မယ့် Honest Hour Application
03/06/2026
Honest Hour အနေနဲ့ Mahaland ကအဖွဲ့သားတွေအတွက် "Resilience with Clarity" training ကို အောင်မြင်စွာ ပို့ချပေးခွင့်ရခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းမြောက်မိပါတယ်။
စစ်မှန်တဲ့ ခေါင်းဆောင်မှုဆိုတာ မရေရာမှုတွေကို ရှောင်လွှဲဖို့ မဟုတ်ဘဲ၊ အခက်အခဲတွေကို တည်ငြိမ်မှု၊ အာရုံစိုက်မှုနဲ့ ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခြင်း ဖြစ်ပါတယ်။
ဒီ training ဟာ ဖိအားတွေကြားထဲကနေ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိန်းသိမ်းပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကူညီပေးတဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။
✅ လုပ်ငန်းခွင်ဖိအားတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို စီမံခန့်ခွဲခြင်း။
✅ စိတ်ဖိစီးမှုတွေက ခေါင်းဆောင်မှုပိုင်းနဲ့ ပြောဆိုဆက်ဆံရေးတွေအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာ သိရှိခြင်း။
✅ စိတ်ခံစားချက်ကို ထိန်းညှိခြင်းနဲ့ စိတ်ဖိစီးမှု လျှော့ချခြင်းဆိုင်ရာ လက်တွေ့နည်းလမ်းများ။
✅ အဖွဲ့အစည်းအတွင်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ခြင်း။
ကျန်းမာပျော်ရွှင်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု ဖြစ်လာဖို့ စိတ်အားထက်သန်စွာနဲ့ ပွင့်ပွင့်လင်းလင်း တက်ရောက်ခဲ့ကြတဲ့ Mahaland အဖွဲ့သားအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🤝
သင့်အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် Honest Hour က ကူညီပံ့ပိုးပေးဖို့ အမြဲအသင့်ရှိနေမှာပါ။
ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများအတွက် Honest Hour ဆက်သွယ်လိုပါက:
📞 09 79 282 4522 | 📧 [email protected]
30/05/2026
💖မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ ချစ်ရသူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို မြှင့်တင်ပြီး Healthy Relationship တွေတည်ဆောက်နိုင်စေဖို့…
ကျန်းမာပျော်ရွှင်တဲ့ လူမှုဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့အတွက် Communication (ဆက်သွယ်ပြောဆိုမှု)၊ Boundaries တွေနဲ့ Emotional Awareness (စိတ်ခံစားမှုဆိုင်ရာ သိမြင်နားလည်မှု) တို့က အဓိက အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။
ဒီ Workshop video ကနေ သင့်ရဲ့ ဆက်ဆံရေးတွေကို ပိုမိုခိုင်မာလာစေမယ့် Effective Communication ကိုတည်ဆောက်ဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးသွားမှာပါ။
ဒီ workshop လေးမှာ Honest Hour ရဲ့ counsellor တစ်ဦးဖြစ်တဲ့ Ma Myat Noe Pwint မှ ဆွေးနွေးပေးထားတာဖြစ်ပါတယ်။
Workshop Video လေးကို Honest Hour Youtube Channel ကနေတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။
Healthy Relationship Workshop:
https://youtu.be/sOjhP9OHY7U?si=iaIPz30LAa79Jczd
Ma Myat Noe နဲ့ appointment booking ရယူလိုပါက Honest Hour Application မှာ C15 အနေနဲ့ ရယူနိုင်ပါတယ်။
Honest Hour Application ကို comment မှာ ရယူနိုင်ပါတယ်။
29/05/2026
ဘားအံရဲ့ မိုးရာသီအလှကြားမှာ စိတ်ရောလူပါ ‘Slow Down’ လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချိတ်ဆက်ကြမယ့် Retreat ခရီးစဉ်။" 🌿🌧
Honest Hour ရဲ့ Retreat ခရီးစဉ်တွေမှာ အတူတူ ဆုံတွေ့ဖူးပြီးသား Inner Circle ထဲက သူတွေရော၊ အခုမှ အတူတူ လိုက်ပါဖို့ ပြင်ဆင်နေတဲ့သူတွေပါ အားလုံးပဲ မင်္ဂလာပါရှင်။
ကျွန်မတို့ အမြဲတမ်း သွားနေကျ Retreat ခရီးစဉ်လေးအတွက် ဒီတစ်ခေါက် မိုးရာသီမှာတော့ Honest Hour ကနေ သင့်ကို ဖားအံမြို့ရဲ့ စိမ်းစိုဆိတ်ငြိမ်တဲ့ သဘာဝတရားကြီးဆီ ခေါ်ဆောင်သွားချင်ပါတယ်။
🧘♀️စိတ်ဖိစီးမှုတွေကို လျော့ချပြီး လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ အေးချမ်းစွာ နေထိုင်တတ်စေမယ့် Mindful Connection.
🌿သဘာဝတရားကြီးရဲ့ ကုထုံးနဲ့အတူ စိတ်ရောလူပါ Refresh ဖြစ်စေမယ့် Nature Therapy Activity များ။
💬 ဘယ်အရာကိုမှ စိုးရိမ်စရာမလိုဘဲ မိမိကိုယ်မိမိ နားလည်မှုအပြည့်နဲ့ ရင်ဖွင့်ဆွေးနွေးနိုင်မယ့် Honest Hour ရဲ့ နွေးထွေးတဲ့ Safe Space တစ်ခု။
🌿Slow Living Retreat
📅 Retreat Date: July 3,4,5 2026 (2 nights 3 days)
📍 နေရာ: ဘားအံမြို့ (Hpa-An)
🎟 Limited Slots Only
မိုးရာသီ ဖားအံရဲ့ အလှတရားကြားမှာ စိတ်ဝိညာဉ်ကို ‘Reset’ လုပ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အခုပဲ နေရာဦးထားလိုက်ပါဦးရှင်။ 💚
Retreat ရဲ့ Activities အသေးစိတ်ကို သိရှိလိုတယ်ဆိုရင်တော့ 📞09 79 282 4522 သို့ဖြစ်စေ Honest Hour Page ရဲ့ Chat Box ကဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။
28/05/2026
လစာထုတ်ရက်မှာ ကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခု လုပ်ကြည့်ရအောင်။ 🌱
နေ့စဉ်ဘဝရဲ့ စိန်ခေါ်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ သောကတွေကို တစ်ယောက်တည်း ရင်ဆိုင်ကျော်ဖြတ်နေရလို့ ပင်ပန်းနေပြီလား? မိမိကိုယ်ကိုယ် ပြန်လည်ဂရုစိုက်ဖို့နဲ့ စိတ်ခွန်အားတွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် Honest Hour ရဲ့ June Payday Promotion က ကူညီပေးဖို့ အသင့်ရှိနေပါတယ်။
Honest Hour ရဲ့ ဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ ရယူနေကျ Client ဟောင်းများရော၊ ပထမဆုံးအကြိမ် စတင်ဆွေးနွေးလိုတဲ့ Client အသစ်များအတွက်ပါ Individual Counseling Sessions (တစ်ဦးချင်းဆွေးနွေးမှု) အားလုံးကို 10% OFF ပေးသွားမှာ ဖြစ်ပါတယ်။
📅 ပရိုမိုးရှင်း အသေးစိတ်
Duration: ၅ ရက်တာသာ (မေလ၃၀ ရက် မှ ဇွန်လ ၃ ရက်၊ ၂၀၂၆ အထိ)
Session Type: တစ်ဦးချင်းဆွေးနွေးမှု (Individual Sessions) အားလုံး
Promotion: Client သစ်နှင့် Client ဟောင်းများအားလုံး အတွက် 10% Discount
"စိတ်ကျန်းမာရေးကို အလေးထားဂရုစိုက်ခြင်းက သင့်ဘဝအတွက် အထိရောက်ဆုံးနဲ့ အမြော်အမြင်အရှိဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။"
၅ ရက်တာသာ ပြုလုပ်မယ့် Limited-time Offer ဖြစ်တာကြောင့် Mental Health Professionals တွေနဲ့ စနစ်တကျတိုင်ပင်ဆွေးနွေးပြီး စိတ်ပေါ့ပါးတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Booking ရယူလိုက်ပါ။
💬 အသေးစိတ်စုံစမ်းရန်နှင့် Booking ရယူရန်:
Honest Hour Page Messenger မှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်နိုင်သလို၊
📞 ဖုန်းနံပါတ် 09 79 282 4522 သို့လည်း ဆက်သွယ်မေးမြန်းကာ Booking ရယူနိုင်ပါတယ်ရှင်။
Application ကနေလည်း Appointment Booking ရယူနိုင်ဖို့ comment မှာ application download link ကို ရယူနိုင်ပါတယ်။
26/05/2026
Honest Hour အနေနဲ့ Future English Language Center တွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအတွက် "Mental Health Awareness Session" ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီ session လေးမှာ စိတ်ကျန်းမာရေးကို ပိုမိုအလေးထားလာစေရန်၊ နေ့စဉ်ကြုံတွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ကြိုတင်သတိပြုမိစေရန်၊ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမြင်မှားတွေကို လျှော့ချရန်နှင့် နေ့စဉ်လူမှုဘဝမှာ စိတ်အပန်းပြေစေမည့် လက်တွေ့ကျသော နည်းလမ်းကောင်းများကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဦးစားပေးပြီး၊ တစ်ဦးကိုတစ်ဦး ဖေးမကူညီတတ်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးခဲ့ကြတဲ့ Future English Language Center အား Honest Hour မိသားစုမှ လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိအပ်ပါသည်။
ယခုခေတ်ကာလတွင် စိတ်ကျန်းမာရေးအကြောင်း ဆွေးနွေးတိုင်ပင်ခြင်းက ပိုမိုအရေးပါလာသည်နှင့်အမျှ လုပ်ငန်းအဖွဲ့အစည်းများ၊ ပညာရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများအနေဖြင့် မိမိတို့၏အဖွဲ့သားများအတွက် စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများနှင့် စောင့်ရှောက်မှုအစီအစဉ်များကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် ပိုမိုကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ လူမှုဝန်းကျင်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
အလားတူ session မျိုး သင့်ရဲ့အဖွဲ့အစည်း၊ လုပ်ငန်းခွင်များတွင်လည်း အောက်ပါအစီအစဉ်များကို ပြုလုပ်လိုပါက —
✅ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ (Mental Health Awareness Sessions)
✅ လုပ်ငန်းခွင် စိတ်အေးချမ်းသာယာရေး အစီအစဉ်များ (Workplace Wellbeing Programs)
✅ စိတ်ဖိစီးမှု စီမံခန့်ခွဲမှု ဆွေးနွေးပွဲများ (Stress Management Workshops)
✅ အလုပ်ကြောင့် စိတ်အားကုန်ခမ်းခြင်း (Burnout) ကာကွယ်ရေး သင်တန်းများ (Burnout Prevention Training)
✅ ဝန်ထမ်းများ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှု အစီအစဉ်များ (Employee Assistance Programs - EAP)
အစီအစဥ်များအတွက် Honest Hour အနေနဲ့ အမြဲတမ်းအသင့်ရှိနေပါတယ်။
Honest Hour ရဲ့ corporate wellness session အသေးစိတ်ကို ရုံးဖုန်း 09 79 282 4522 ကိုဖြစ်စေ email - [email protected]. ကိုဖြစ်စေဆက်သွယ်နိုင်ပါတယ်ရှင်။
Contact the practice
Telephone
Website
Opening Hours
| Monday | 09:00 - 23:00 |
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 23:00 |
| Thursday | 09:00 - 23:00 |
| Friday | 09:00 - 23:00 |
| Saturday | 09:00 - 23:00 |
| Sunday | 09:00 - 23:00 |