TechEdu Htila

TechEdu Htila

Share

Education Study Services for high school students

14/01/2026

ခုလို Knowledge Sharing video တွေ မျှဝေပေးမှာမို့ သိချင်တဲ့အကြောင်းအရာတွေ comment မှာရေး‌ေခဲ့ လို့ ရပါတယ်
#နောက်တစ်ပုဒ်ကဘာတင်ပေးရမလဲ🥰

05/01/2026

#မင်မင်ရဲ့ 2025 တမ်းချင်း
🥰ဒီ page လေးဟာလဲ 2025 မှာပဲ စတင်အသက်သွင်းခဲ့တဲ့ မင်မင် ရဲ့ အမှတ်တရတစ်ခုမို့ မင်မင်ရဲ့ တမ်းချင်းလေးကို copy & paste
👇👇
#2025 ဟာ ကိုယ့်ဘဝရဲ့ မေ့လို့မရတဲ့နှစ်
🌹ဘဝမှာ 2025 ဆိုတဲ့ ခုနှစ်က မမေ့သင့်တာ မေ့လို့မရတာတွေ အများကြီးကြုံခဲ့ရတဲ့နှစ်
✊အကြီးမားဆုံးသော အပြောင်းအလဲတွေ ကောင်းခြင်း၊ဆိုးခြင်းတွေ ပြည့်နေတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့လို့ Memory အနေနဲ့ မှတ်ထားချင်ရုံပါ

🌀2025 ဟာ ငလျင်နဲ့ စခဲ့တယ် ဖိနပ်တောင်မပါဘဲ အသက်ဘေးကပြေးခဲ့ရတယ် ကွင်းပြင်ထဲ အိပ်ခဲ့ရတယ်။ ဒါပေမယ့် ကျော်ဖြတ်နိုင်ခဲ့တယ် အပြန်အလှန်ကူညီခဲ့ကြတဲ့ မိတ်ဆွေတွေ ရခဲ့သလို ကိုယ့်ကို စိတ်ပူပေးတဲ့ မိတ်ဆွေတွေကြောင့်လဲ ဝမ်းသာရတယ် ကျေးဇူးတင်ခဲ့ရတယ်။

💢 5 လပိုင်းမှာ ဆေးရုံတောင်တစ်ခါမှ မတက်ဖူးတဲ့ကိုယ်က Operation လုပ်ခဲ့ရတယ် 10 စုနှစ် တစ်ခုစာလောက်နီးပါး ခံစားနေရတဲ့ ဝေဒနာအတွက် ဆုံးဖြတ်ချက်ချခဲ့ရတယ် 4 နာရီကြာခွဲခန်းဝင်ပြီး အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့တယ် အားလုံးကတော့ ကောင်းဖို့ဖြစ်လာတာပါပဲ

💻2025 ၊5 လပိုင်းဟာ အရမ်းအမှတ်တရများခဲ့တာပေါ့၊ 13 နှစ်လောက် လုပ်ခဲ့တဲ့ ဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့တယ်၊
ဘာ Plan မှမရှိဘဲ ခွဲစိတ်ထားလို့ နားနေရတဲ့အချိန် အလုပ်ပါထွက်ခဲ့တော့ စိတ်တွေကိုတော်တော် ထိန်းချုပ်ခဲ့ရတယ်
*အဆိုးတွေဆက်တိုက်ကိုကျော်ဖြတ်ခဲ့ရတယ် ကျော်ဖြတ်နိုင်ခဲ့တယ်
(ရင်ဖွင့်သမျှ နားထောင်ပေးတဲ့ နားတွေအများကြီးရှိလို့ ကျေးဇူးတင်ပါတယ်)

အားပေးခဲ့တဲ့သူတွေ မျှဝေခံစားပေးခဲ့တဲ့သူတွေ ကိုယ့်ကိုစိတ်ပျက်ခဲ့တဲ့သူတွေ အားလုံးကျေးဇူးတင်ပါတယ်

💚2025 ကို ‌အားတင်းပြီးဖြတ်ကျော်ခဲ့ပါပြီ
‌အကောင်းတွေကိုပြောရရင် အသစ်အသစ်သော လေ့လာမှုတွေကလဲ 2025 မှာပဲ ရှိခဲ့တယ် ကိုယ့်ရဲ့
Resilience ကိုလဲ 2025 မှာ မြင်ခဲ့ရတာပဲ

🌟 ဘဝမှာ အခက်ခဲဆုံးနှစ်လို့ပြောလို့ရသလို စိတ်ဓါတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုတွေ အများကြီးရခဲ့လို့ကျေးဇူးတင်ရတဲ့နှစ်ပါ။

🎊အကြီးမားဆုံး အောင်မြင်မှုက ကိုယ်သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အသက်အပိုင်းအခြားတစ်ခုမှာ ကိုယ်ရည်ရွယ်ထားသလို မွေးရပ်မြေမှာ ပြန်နေရတာပဲ ( ‌ဝင်ငွေမရှိတာရှိတာတော့မပြောတော့ဘူး 😁)



✊2026မှာတော့ ဒီထက်မကပိုပျော် ပိုရင့်ကျက်ဖို့ကြိုးစားမှာပါ။ I can do it

Telephone

Website