BTech Tin Ko Ko
Structural Engineer
အင်ဂျင်နီယာ အသိုင်းအဝန်းက
မိတ်ဆွေတွေကတော့
ကျွန်တော့်ကို အင်ဂျင်နီယာ နေထူးနိုင်လို့
စနောက်တတ်ကြပါတယ်။
မြို့ပြအင်ဂျင်နီယာ
ကွန်ပျူတာသိပ္ပံ
စီးပွါးစီမံ စတဲ့ဘာသာရပ် ၃ခုကို ဘွဲ့လွန်အထိ
လေ့လာဖူးသူဖြစ်တာရယ်
မတူညီတဲ့ လုပ်ငန်းမျိုးစုံကို ဦးဆောင်သူ
ဖြစ်နေတာကြောင့်မို့လားမသိပါ။
ခင်များက ဘာလုပ်တာလဲဆို
စီးပွါးရေး လုပ်ပါတယ်ဆို
တချို့က ရွဲ့ဖြေတယ်ထင်ပြီး
ဘာစီးပွါးရေးလဲ ထပ်မေးတဲ့အခါ
ကျွန်တော့်အနေနဲ့ တကယ်ဖြေရခက်ပါတယ်။
တကယ်က ကျွန်တော်က မတူညီတဲ့
လုပ်ငန်းသေးလေးတွေစုပေါင်းပြီး
Business Ecosystem တစ်ခု တည်ဆောက်နေတဲ့သူပါ။
ကျွန်တော် ဘာတွေလုပ်နေလဲ
ဒီ Website မှာ လေ့လာနိုင်ပါတယ်။
https://deltabe.com
Website မှာ လိုအပ်တာတစ်ခုခုတွေ့လို့
စိတ်ဝင်စားလို့ အားပေးချင်ရင်
မှာယူရန်/စုံစမ်းရန် Button ကိုနှိပ်ပြီး
တခါတည်း အားပေးလို့ရပါတယ်။
ဒီ post သာ Screenshot ပြလိုက်ပါ။
လျော့စျေးတစ်ခုလုပ်ပေးပါ့မယ်။
ဒီထဲမှာ မပါတဲ့ တခြားလုပ်ငန်းတွေလည်း
ရှိပါသေးတယ်။
Tin Ko Ko (BE, MBA)
The Financial Architect
"Engineering Your Wealth for Stability and Growth"
20/05/2026
ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်နေတဲ့
Local Brand တွေရှိပါတယ်။
တချို့ Brand တွေက ကျွန်တော့်အသိ
အင်ဂျင်နီယာမိတ်ဆွေတွေ
တည်ထောင်ထားတာပါ။
တချို့က Consulting သီးသန့်
တချို့က Consulting & Supplier
တချို့က ကျွန်တော်ကိုယ်တိုင် Share ပါပြီး
ပြုစုပျိုးထောင်ပေးထားတဲ့ Brand တွေပါ။
အများစုရဲ့ ဆိုင်တည်နေရာတွေက
အချက်အချာကြတဲ့ နေရာကောင်းမှာမရှိကြပါဘူး။
Online ကနေ အဓိကရောင်းကြပါတယ်။
ဒါကြောင့် လူကိုယ်တိုင်လာကြည့်ချင်တဲ့
Customer တွေအတွက် အခက်အခဲရှိတယ်
တိုင်ပင်လာကြလို့ သူတို့အတွက်
Sample အထည်လေးတွေ ထားဖို့နေရာလေး
လုပ်ပေးဖြစ်ပါတယ်။
ကျွန်တော့်ရုံးက လှည်းတန်းလို
နေရာမှာဖြစ်ပြီး ကားပါကင်လည်းရှိလို့
လာကြည့်ချင်တဲ့သူတွေအတွက်
အဆင်ပြေသွားပါတယ်။
လကုန် ကျွန်တော်တည်ထောင်ထားတဲ့
အထည်ချုပ်ရုံအသေးလေးလည်းစတော့မှာမို့
အရင်းအနှီးနည်းနည်းနဲ့ ကိုယ်ပိုင် Brand တစ်ခု
စချင်တဲ့သူအားလုံးကိုလည်း
တခါတည်းဖိတ်ခေါ်လိုက်ပါတယ်။
ကျွန်တော်တို့အတတ်နိုင်ဆုံး
အနည်းဆုံး ပမာဏနဲ့ လက်ခံချုပ်ပေးပါမယ်။
နောက်ပြီး ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့
Local Brand တွေဆီက အရင်းအနီးနည်းနည်းနဲ့
လက်ကားယူရောင်းချင်တာပဲဖြစ်ဖြစ်
အရင်းအနှီးမလိုဘဲ Order ကောက်ချင်တာပဲဖြစ်ဖြစ်
ကျွန်တော်တို့နဲ့ ချိတ်ဆက်နိုင်ပါတယ်။
Tin Ko Ko (BE, MBA)
The Financial Architect
"Engineering Your Wealth for Stability and Growth"
အင်ဂျင်နီယာတစ်ယောက်အနေနဲ့
Business Ecosystem တစ်ခုကို
ဘယ်လိုတည်ဆောက်နေလဲဆိုတာ
ဒီ Page မှာ ဝင်ရောက်လေ့လာနိုင်ပါပြီ။
အရင်းအနှီး မလိုဘဲ Online ကနေ
ဝင်ငွေရှာနိုင်တဲ့ နည်းလမ်းတွေလည်း
အဲ့ဒီ Page မှာ မျှဝေပေးသွားပါမယ်။
https://www.facebook.com/share/14dMJhQEexo/?mibextid=wwXIfr
11/05/2026
အင်ဂျင်နီယာတွေအတွက် Technical Skillအပြင်
ဘာကြောင့် Financial Skill ပါ လိုအပ်တာလဲ?
အင်ဂျင်နီယာတစ်ယောက်ရဲ့ ဘဝဟာ
တွက်ချက်မှုတွေ၊ ဒီဇိုင်းတွေနဲ့ စနစ်တကျ
တည်ဆောက်မှုတွေအပေါ်မှာ အခြေခံပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝနဲ့
အနာဂတ် Financial System ကို
တည်ဆောက်တဲ့အခါမှာ
Stock နဲ့ Gold လိုမျိုး ရင်းနှီးမြှုပ်နှံမှု
အသိပညာတွေက မရှိမဖြစ် အရေးပါလာပါတယ်။
ဘာကြောင့် Engineer တွေအတွက်
ဒီအသိပညာတွေက အရေးကြီးတာလဲ?
1) စနစ်ကျတဲ့ Portfolio တည်ဆောက်ခြင်း
အင်ဂျင်နီယာတွေဟာ Structure တစ်ခု
ခိုင်ခံ့ဖို့ အခြေခံ Foundation ကို အသေအချာ
တွက်ချက်ရသလိုပါပဲ၊
မိမိရဲ့ ငွေကြေးခိုင်မာမှုအတွက်လည်း
စနစ်တကျ တွက်ချက်တတ်ဖို့
လိုပါတယ်။
Stock
ရေရှည်မှာ Growth ရစေမယ့်
အင်ဂျင်တစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။
Gold
မမျှော်လင့်ထားတဲ့ စီးပွားရေး မတည်ငြိမ်မှုတွေအတွက်
ခိုင်မာတဲ့ အကာအကွယ် တစ်ခုအဖြစ်
လုပ်ဆောင်ပေးပါတယ်။
2)စွန့်ဦးတီထွင်မှုအတွက် အရင်းအနှီး
ကျွန်တော်တို့ဟာ တစ်သက်လုံး
ဝန်ထမ်းအဖြစ်ပဲဖြစ်ဖြစ်၊ Freelance အဖြစ်ပဲဖြစ်ဖြစ်
လုပ်နေကြတာထက် ကိုယ်ပိုင် လုပ်ငန်းတစ်ခု
(SME/Startup) ထောင်ဖို့ ရည်မှန်းချက်
ရှိတတ်ကြပါတယ်။ အဲ့ဒီအခါမှာ Stock ကရတဲ့
အမြတ်ဝေစု (Dividend) တွေနဲ့ ရွှေလိုမျိုး ခိုင်မာတဲ့
ပိုင်ဆိုင်မှုတွေက လုပ်ငန်းချဲ့ထွင်ဖို့အတွက်
အရေးကြီးတဲ့ Capital source တွေ ဖြစ်လာပါတယ်။
3)Risk Management ကို လက်တွေ့အသုံးချခြင်း
Project တစ်ခုမှာ Factor of Safety ကို
ထည့်သွင်းစဉ်းစားသလိုပါပဲ၊ ရင်းနှီးမြှုပ်နှံမှုမှာလည်း
Risk နဲ့ Return ကို ချိန်ညှိတတ်ဖို့ လိုပါတယ်။
Stock Market ရဲ့ Fundamental Analysis ကို
နားလည်ခြင်းက စီးပွားရေးရဲ့ အလားအလာကို
ခန့်မှန်းတတ်စေပြီး၊ Gold ကို ပိုင်ဆိုင်ထားခြင်းက
Risk ကို လျှော့ချရာရောက်ပါတယ်။
4) Passive Income ကပေးတဲ့ လွတ်လပ်မှု
အင်ဂျင်နီယာအလုပ်က တာဝန်ကြီးသလို
အချိန်ပေးရတာလည်း များပါတယ်။ မိမိကိုယ်တိုင်
တက်ကြွစွာ အလုပ်မလုပ်နိုင်တဲ့ အချိန်မှာတောင်
ငွေက အလုပ်လုပ်ပေးနေဖို့ အတွက်
Stock နဲ့ Gold ရင်းနှီးမြှုပ်နှံမှုတွေက
Passive Income အဖြစ် အထောက်အကူပြုပါတယ်။
အနှစ်ချုပ်အနေနဲ့
နည်းပညာပိုင်းမှာ ဆရာကျရုံတင်မကဘဲ
ငွေကြေးစီမံခန့်ခွဲမှုမှာပါ စနစ်ကျတဲ့
Smart Engineer တစ်ယောက် ဖြစ်လာဖို့ဆိုရင်
Stock နဲ့ Gold အကြောင်းကို အခုကတည်းက
လေ့လာရင်းနှီးမြှုပ်နှံထားသင့်ပါတယ်။
ကျွန်တော်တို့ တည်ဆောက်မယ့်
ဘဏ္ဍာရေးအနာဂတ်ဟာ
ခိုင်ခံ့တဲ့ Structure တစ်ခုလိုပဲ တည်ငြိမ်ပြီး
တိုးတက်နေဖို့ လိုအပ်ပါတယ်။
Tin Ko Ko (BE, MBA)
The Financial Architect
"Engineering Your Wealth for Stability and Growth"
Stock Market မှာ Investment လုပ်ချင်တာဖြစ်ဖြစ်
Gold Market မှာ Investment လုပ်ချင်တာဖြစ်ဖြစ်
လိုအပ်တဲ့ သင်တန်းကို အခြေခံကစပြီး
Online ကနေ တက်ရောက်နိုင်ပါပြီ။
Messenger မှာ အသေးစိတ် စုံစမ်း
မေးမြန်းနိုင်ပါတယ်။
06/05/2026
အရပ်ပန်းရံနဲ့ အပ်ပြီး ပြဿနာတက်မှ
ဘာလို့ အင်ဂျင်နီယာဆီရောက်လာကြသလဲ?
အိမ်ရှင်အများစုက အင်ဂျင်နီယာထက်
အရပ်ပန်းရံကိုပဲ အားကိုးမိကြတဲ့ နောက်ကွယ်က
အဓိက အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင်
1)ကုန်ကျစရိတ်ကို အပေါ်ယံကြည့်ခြင်း
အိမ်ရှင်အများစုက အင်ဂျင်နီယာခေါ်ရင်
Service Fee ပေးရမယ်၊
Drawing ဖိုးပေးရမယ်ဆိုတော့
အပိုကုန်တယ်လို့ မြင်ကြပါတယ်။
အရပ်ပန်းရံနဲ့ကျတော့ အလုပ်သမားခပဲ
ပေးရမယ်လို့ ထင်ပြီး ချွေတာချင်ကြတာပါ။
ဒါပေမဲ့ အင်ဂျင်နီယာတစ်ယောက်က
Structural Design ကို စနစ်တကျ တွက်ချက်
ပေးလိုက်တဲ့အခါ မလိုအပ်တဲ့ သံချောင်းနဲ့
ဘိလပ်မြေ လေလွင့်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။
အင်ဂျင်နီယာခ ချွေတာလိုက်လို့ ကုန်သွားတဲ့
ပြန်ပြင်စရိတ်က အစကတည်းက
အင်ဂျင်နီယာခေါ်တာထက် ပိုများသွားတတ်ပါတယ်။
2)အတွေ့အကြုံအပေါ် အထင်ကြီးမှု
ဒီပန်းရံခေါင်းက အိမ်တွေ
အများကြီး ဆောက်ဖူးတာပဲ၊ ဘာဖြစ်မှာလဲ ဆိုတဲ့
အယူအဆ ရှိပါတယ်။
တွက်ချက်မှု (Calculation) ထက် အတွေ့အကြုံ
(Experience) တစ်ခုတည်းကိုပဲ
ပိုယုံကြည်မိကြတာပါ။
ဒါပေမဲ့ မြေကြီးရဲ့ ခံနိုင်ရည်
(Soil Bearing Capacity) နဲ့ အဆောက်အအုံရဲ့
ဝန် (Load Calculation) က တစ်နေရာနဲ့
တစ်နေရာ မတူပါဘူး။ တွက်ချက်မှုမပါတဲ့
အတွေ့အကြုံဟာ အရမ်းကို
အန္တရာယ်များပါတယ်။
3)Structural Knowledge အားနည်းခြင်း
အင်ဂျင်နီယာတစ်ယောက်ရဲ့ တာဝန်က
အိမ်ဆောက်ဖို့တင်မဟုတ်ဘဲ
Structural Integrity
(အဆောက်အအုံ ကြံ့ခိုင်မှု) အတွက်ဆိုတာကို
သေချာ သဘောမပေါက်ကြပါဘူး။
တိုင်တွေ ဘယ်လောက်ခံနိုင်ရည်ရှိရမယ်၊
သံချောင်း ဘယ်လောက်သုံးရမယ်ဆိုတာကို
တွက်ချက်မှ ရမှာဖြစ်ပေမဲ့ ပန်းရံကတော့
အရင်အိမ်တွေမှာလည်း
ဒီလောက်ပဲ သုံးနေကျဆိုတဲ့
ပုံသေနည်းနဲ့ သွားတတ်ပါတယ်။
တကယ်တမ်း ပြဿနာတက်တဲ့အခါ
နံရံတွေ သိသိသာသာ အက်လာပြီ၊
အိမ်က တစ်ဖက်စောင်းချင်သလို
ဖြစ်လာပြီဆိုရင်တော့ အရပ်ပန်းရံတွေက
လက်လျှော့သွားပါပြီ။
အဲဒီအချိန်ကျမှ အင်ဂျင်နီယာကို ခေါ်ရခြင်းက
အသက်ကယ်ဆေး လိုမျိုး ရှာကြတာပါ။
ဒါပေမဲ့ အဲဒီအချိန်မှာ ပြုပြင်ရတာက
အစကတည်းက စနစ်တကျ ဆောက်တာလောက်
မခိုင်ခံ့နိုင်တော့သလို အကုန်အကျလည်း
အင်မတန် များသွားပါပြီ။
ပြဿနာတက်မှ အင်ဂျင်နီယာဆီ
ဘာလို့ လာကြတာလဲ?
1)
အိမ်ကြီး ပြိုကျသွားမလားဆိုတဲ့
စိုးရိမ်စိတ်ကြောင့် ကျွမ်းကျင်သူကို
အားကိုးချင်လာပါတယ်။
2)
ဘယ်နေရာမှာ ဘာမှားခဲ့သလဲဆိုတာကို
သိပ္ပံနည်းကျ စစ်ဆေးပေးမယ့်သူ
(Forensic Engineering ဆန်ဆန်) လိုအပ်လာလို့ပါ။
3)
စစချင်းမှာ ငွေချွေတာခဲ့ပေမဲ့ နောက်မှ
ပြန်ပြင်ရတဲ့စရိတ်က အစကတည်းက
အင်ဂျင်နီယာခေါ်တာထက် ၃ ဆ ၄ ဆ ပိုကုန်မှန်း
သိသွားကြလို့ ဖြစ်ပါတယ်။
အနှစ်ချုပ်ရရင်
ခိုင်ခံ့မှုထက် မြန်မြန်နဲ့ သက်သက်သာသာ
လိုချင်တဲ့ စိတ်ကြောင့် စစချင်းမှာ
လမ်းမှားတတ်ကြတာပါ။
စီးပွားရေး ရှုထောင့်ကကြည့်ရင်လည်း
အင်ဂျင်နီယာတစ်ယောက်ရဲ့
Structural Design ကပစ္စည်းလေလွင့်မှုကို
လျှော့ချပေးပြီး ရေရှည်မှာ
ပိုတွက်ချေကိုက်တာကို သတိမပြုမိကြသေးလို့ပဲ
ဖြစ်ပါတယ်။
အကြံပြုချက်
အိမ်တစ်လုံးဆိုတာ
တစ်သက်စာ ရင်းနှီးမြှုပ်နှံမှုပါ။
ငွေချွေတာတာထက် စိတ်ချရမှု (Safety) ကို
ဦးစားပေးပါ။
အစကတည်းက Drawing ဆွဲပါ။
Structural Engineer နဲ့ တိုင်ပင်ပါ။
စနစ်တကျ ကြီးကြပ်မှု (Supervision) ထားပါ။
အင်ဂျင်နီယာဆိုတာ အိမ်ကို ဆောက်တာပဲ
လုပ်ပေးတာမဟုတ်ဘဲ သင့်အိမ်ရဲ့
Structure ခိုင်ခံ့ဖို့ နဲ့မကုန်သင့်တာ
မကုန်ရအောင် တာဝန်ယူပေးသူ ဖြစ်ပါတယ်။
Tin Ko Ko (BE, MBA)
The Financial Architect
"Engineering Your Wealth for Stability and Growth"
သင့်အိမ်ဆောက်ဖို့အတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ
အကြံပေးဝန်ဆောင်မှုလိုအပ်ရင်
ဆယ်စုနှစ်တစ်ခုကြာ သက်တမ်းရှိပြီဖြစ်တဲ့
ကျွန်တော်တို့ KSI Engineering Co.,Ltd က
တာဝန်ယူဆောက်ရွက်ပေးလျက်ရှိပါတယ်။
05/05/2026
Civil Engineer ကနေ Real Madrid ရဲ့ ဥက္ကဌ
ဖြစ်လာသူ - Florentino Pérez
လူအများစုက Florentino Pérez ကို ကမ္ဘာကျော်
Real Madridဘောလုံးကလပ်ရဲ့ ဥက္ကဋ္ဌ၊
Cristiano Ronaldo တို့လို ကြယ်ပွင့်တွေကို
စုစည်းခဲ့သူအဖြစ်ပဲ သိကြပေမဲ့၊ သူ့ရဲ့ အောင်မြင်မှု
အခြေခံအုတ်မြစ်ကတော့ Civil Engineering
(မြို့ပြအင်ဂျင်နီယာ) ပညာရပ်ပဲ ဖြစ်ပါတယ်။
ပညာရေးနှင့် နောက်ခံ
သူဟာ Madrid နည်းပညာတက္ကသိုလ်
(Polytechnic University of Madrid) ကနေ
Civil Engineering ဘွဲ့ကို ရရှိခဲ့တဲ့
အင်ဂျင်နီယာစစ်စစ် ဖြစ်ပါတယ်။
အသက်မွေးဝမ်းကျောင်းကို အင်ဂျင်နီယာဘဝနဲ့
စတင်ခဲ့ပြီး နောက်ပိုင်းမှာ စီးပွားရေးနဲ့ နိုင်ငံရေး
နယ်ပယ်ထဲကို အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့သူပါ။
စီးပွားရေးအင်ပါယာ (ACS Group)
သူဟာ ကမ္ဘာ့အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု
ဖြစ်တဲ့ ACS Group ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ဒီကုမ္ပဏီဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အထပ်မြင့်
အဆောက်အအုံတွေ၊ တံတားတွေ၊ ရထားလမ်းတွေနဲ့
အခြေခံအဆောက်အအုံ (Infrastructure)
စီမံကိန်းကြီးတွေကို တာဝန်ယူ တည်ဆောက်နေတာပါ။
ဘာကြောင့် ဒီလောက်ထိ အောင်မြင်တာလဲ?
1)Technical Expertise
Civil Engineering ဘွဲ့ရဖြစ်တဲ့အတွက်
Project ကြီးတွေရဲ့ ခက်ခဲနက်နဲမှုနဲ့ ကုန်ကျစရိတ်ကို
သေချာတွက်ချက်နိုင်စွမ်း ရှိပါတယ်။
ဒါဟာ စီးပွားရေးအရ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ
အမှားနည်းစေတဲ့ အားသာချက်ပါ။
2)Galácticos Policy
သူဟာ Real Madrid ကို စီမံခန့်ခွဲတဲ့နေရာမှာလည်း
အင်ဂျင်နီယာတစ်ယောက်လိုပဲ
အရည်အသွေးအမြင့်ဆုံး ထိပ်တန်းကစားသမားတွေနဲ့
စနစ်တကျ စုဖွဲ့တည်ဆောက်ခြင်း ဆိုတဲ့
ပုံစံထုတ်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။
3)Diversification
ဆောက်လုပ်ရေးနယ်ပယ်တင်မကဘဲ
ဝန်ဆောင်မှုနဲ့ စွမ်းအင်ကဏ္ဍတွေအထိ
လုပ်ငန်းကို နယ်ပယ်စုံ ဖြန့်ကျက်နိုင်ခဲ့တာပါ။
4)ချမ်းသာကြွယ်ဝမှု
Florentino Pérez ဟာ Forbes ရဲ့ Billionaires
စာရင်းဝင်တစ်ယောက်ဖြစ်ပြီး
သူ့ရဲ့ ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ
၂.၈ ဘီလီယံကျော် ရှိပါတယ်။
အင်ဂျင်နီယာတစ်ယောက်ဟာ
သူ့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို
အသုံးချပြီး ဘယ်လောက်အထိ ကြီးမားတဲ့
အင်ပါယာတစ်ခု တည်ဆောက်နိုင်သလဲ ဆိုတာကို
Pérez က သက်သေပြနေပါတယ်။
Tin Ko Ko (BE, MBA)
The Financial Architect
"Engineering Your Wealth for Stability and Growth"
Telephone
Website
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |