Spring REV

Spring REV

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spring REV, .

Photos from Spring REV's post 19/05/2024

ပိုင်း လိုအပ်ရင်ဆက်သွယ်ပေးပါဗျ။

18/11/2023

တော်လှန်ရေးခရီး ၆.....

မြို့ပြပြန်လာတော့ ပထမဆုံး ငတ်ပျက်ခဲ့သမျှ အတိုးချစားတာပေါ့ဗျာ...

မိသားစုကချက်ကျွေးတဲ့ဆိတ်ပဲဟင်း...
ဝက်သားနဲ့မျှစ်ချင်....
ဘဲဥချဉ်ဟင်း.....

အကြိုက်ဆုံးဟင်းတွေ ကိုယ်တိုင်ချက်ပြုတ်စား
တယ်...

နောက်မြို့ပြရဲ့ ကျနော်အကြိုက်ဆုံးဆိုင်တွေဖြစ်တဲ့

ဘုန်းကြီးလမ်းကြေးအိုး.
ဈေးကွေ့က ..ဝက်သားသုတ်ဆိုင်
စမ်းချောင်းက ချစ်တီးထမင်း.
ဂဏန်းကော်ကြော် နို့ဆီဗူး ပူတင်း.😁😁
(အခုရေးရင်တောင် စားချင်လာပီ)

အားရပါးရ လျောက်ပတ်စားဖြစ်တယ်...

ကျနော်ရောက်ပီးမကြာခင် EPC ကျူလီပေါင်ရောက်လာတယ်...

လက်ဖက်ရည်ဆိုင်ထိုင်
အိမ်မှာ တွေ့ပီး တိုင်ပင်ဆွေးနွေးကျနဲ့...
ရန်ဖြစ်စကားအချေအတင်များတာလည်းရှိသေး 😁😁😁

အဲ့လိုနဲ့ တွေလိုက် တိုင်ပင်လိုက် အလုပ်လုပ်လိုက်နဲ့
အချိန်တွေကုန်ဆုံးသွားရင်း

သိပ်မကြာခင် ရက်သပတ်အတွင်း

EPC ပါဆယ်ရောက်ပီ ပစည်းပို့လို့ရပီဆိုတာပြောတယ်.ကျနော့်ဆီ....

ကျနော်လုပ်ချင်တဲ့အလုပ်အတွက် လိုအပ်တာတွေလုပ်ရင်းနဲ့ နေရာလေးရွေးဖြစ်ခဲ့တယ်.

ညနေဘက် ပါဆယ်လာပို့ရင်း ဘေးကင်းပါစေ ညီလေးဆိုပီး လက်ပွားနဲ့ပစည်းလာပို့ပေးတယ်..

တခြားသောမြို့နယ်လေးတခုမှာပေါ့

အဲ့လိုနဲ့ကျနော်လည်း ဘိုးတော်(ယခုကျားဖြူတပ်ခွဲ) ရောက်တဲ့ညီလေးနဲ့ကျနော် မနက် ၅ခွဲချိန်းလိုက်တယ်.

အဲ့တုန်းကသူတို့လူငယ်တွေ အခြေခံစစ်သင်တန်းမတက်ရသေးဘူး..

ကျနော်တို့နစ်ယောက် တညလုံး pubg ပစ်လိုက် တော်ကီပွားလိုက် ဂိမ်းနိပ်လိုက်နဲ့ ညမအိပ်ပဲ အွန်လိုင်းကနေ အချိန်ကုန်တာ ဆောင့်နေလိုက်တယ်...

မနက်ခင်း ရောကိတော့ မိုးကတအားရွာတော့ ၆နာရီမှသူ့ဆီရောက်တယ်.😁😁😁

ဈေးသည်ကြီးခငိဗျားက ရုပ်ဖျက်ကောင်းတာပဲ.
ညေးရေ ငါ့ကိုမီးတိတ်​လေး​ပေးပါအု့းဟ
သူလည်းလိုက်ရှာကိုယ်လည်းလိုက်ရှာ..

ခင်ဗျားစက်ဘီးနဲ့ဖစ်ပါ့မလား ဘက်ထရီဘီးလည်းမဟုတ်ဘူး သေနေမယ်. အဆင်ပြေပါ့မလား
ဘိုးတော်ကစိုးရိမ်စိတ်နဲ့မေးတယ်..

အေးဆေးညေး..မင်းအရှေ့ကသွားပီးလမ်းထိပ်ကဆောင့်နေ. ငါနောက်ကလိုက်ခဲ့မယ်.ဘာသံကြားကြား မသိချင်ယောင်ဆောင်နေနော်...
ငါမှာတာမမေ့နဲ့...ကျနော်မှာကြားရင်း

ထွက်လာခဲ့တယ်...

အနားမရောက်ခင် ကျနော်စက်ဘီးမှောက်ချပစ်လိုက်တယ်..ကားအောက်ပါဆယ် လှမ်းထည့်ပေးလိုက်တယ်....
ဘယ်သူမှမရှိတာကံကောင်းတယ်ပြောရမယ်.

စက်ဘီးသွက်သွက်နင်းရင်း....
ခွေးသူတောင်းစား ထွက်မဲ့အချိန်ကိုဆောင့်နေခဲ့တယ်....

ခွေးသူတောင်းစားထွက်လာတော့ ဖုန်းခေါပေးလိုက်တယ်....😁😁😁

သူသေနေ့မစေ့သေးလို့လားမသိ ၂ခုမှာ ၁ခုပဲအလုပ်ဖြစ်ပီး ခြေထောက်နဲ့ကားအောက်ပိုင်း စုတ်ပြတ်သွားတယ် ကြားလိုက်တယ်....

အချိန်အားဖြင့် ၇ခွဲနဲ့၈နာရီကြားကာလတခု.
မြို့နယ်တခုရဲ့အုပ်ကြီးခွေးသူတောင်းစားတကောင်

ကိုယ်နဲ့သူနဲ့လက်ပွားတို့အုပ်စုတို့ လက်ဖက်ရည်ဆိုင်လေးမှာပဲထိုင်ရင်း သတင်းနားထောင် ဝါးတိးဆွဲလိုက်ကျတယ်...

အဲ့လိုနဲ့ သိပ်မကြာခင်မှာပဲ
သတင်းကြားလိုက်ရတယ်. ဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့
ချာတိတ်လေးနစ်ကောင်ကို ဆွဲစီသွားတယ်
ကြားတယ်...
သူတို့ကတော့ပြန်လွတ်လာတယ်......

နောက်သတင်းတခုက ကျနော်တို့လုပ်တဲ့ကပွဲလေးကို နာမည်သုံးကိုယ်ကြိုးအတွက် အလှူငွေဖန်နေတဲ့ ကောင်တွေသတင်းကြားရတယ်၊

ကျနော်တို့လည်းထွက်မရှင်းခဲ့ဘူး...
လုံခြုံရေးကြောင့်ရော...ထောင်ဖမ်းပူးသတ်မှာစိုးလို့
မသိချင်ယောင်ဆောင်ပီး ရူးချင်ယောင်ဆောင်ခဲ့တယ်😂😂😂😂

အဲ့ကောင်တွေလည်း စခတွေဖမ်းသွားတယ်ကြားလိုက်တယ်....

နောက်သတင်းတခုက Telegram နဲ့စခလော်ဘီတွေဆီမှာတော့ Rocker အဆိုတော်ကြီးတယောက်ရဲ့သား အဆိုတော်ကောင်လေး ကို ဒီအမှူနဲ့ဆက်စပ်ပီးဖမ်းလိုက်တယ် ဆိုတာကြီးတက်လာတယ်.

ဒီအမှူနဲ့ဖမ်းတယ်ဆိုရင် ဆောက်ရူးတွေငွေညစ်ချင်လို့ဖမ်းတယ်ပဲ ဒီစာရေးပီးပြောပါမယ်...
အဲ့တုန်းက screenshots ပုံတွေ ဖုန်းပျောက်သွားတာ ပါသွားလို့မထင်ပေးတော့ဘူး...

နောက်တခေါက်ကျတော့ ရက်တွေသိပ်မကြာခင်မှာပဲ ယူဇနမှာ လုပ်ဖို့ ကျနော်ဆီ EPC ကဆက်သွယ်လာတယ်....
အဲ့အချိန်ဖြစ်ချင်တော့ကျနော်က အလုပ်ကိစနဲ့ အပြင်မှာနေနေရတဲ့အချိန်....

ကျနော်မလိုက်သွားခဲ့ဘူး..ကျနော်ကိုတော့စိတ်ဆိုးသွားလားမသိဘူး 😖😖😖

ကျနော်လည်း အလုပ်ကိစပီးတော့သူဆီသွားခဲ့တယ်
ဆရာသမားက ရီရီမောမောနဲ့ ပြောပြတယ်.

ငါတို့ညီအကိုနစ်ယောက်လုပ်တော့ မိုးရွာနေတယ်
အဲ့လိုနဲ့ထွက်လာရင်းအဲ့နားရောက်တော့မိုးက ပါးပါးပဲရွာတယ်ကွာ...
ငါတို့ထောင်နေတုန်းက စခနစ်ကောင်က ဆေးလိပ်ထွက်သောက်တာနဲ့

ကြုံတော့ ငါတို့ကိုတွေ့ပီး လိုက်ဖမ်းတယ်.
အထဲကစခတွေလည်း ထွက်လာပီး

ငါတို့နစ်ယောက်ကို မုဆိုးဒူးထောက်နဲ့ ကျည်အစစ်ကို single ဖြုတ်ပီးပစ်တယ်.
ငါတို့လည်းကွေ့ပတ်ပြေးရင်း ကားမှန်တွေထိတယ်..

ကံကောင်းချင်တော့ လမ်းမမှာ ကားတွေ့တာနဲ့ ကားသမားက ငါတို့ကိုကူပီး ကယ်ထုတ်ပေးသွားတယ်ကွာ...
နို့မို့ဆို သွားပီ.😁😁😁

ဖုန်း ကရေထိပီးကြောင်နေတော့ နိုပ်တာလုံးဝမရဘူးကွာ..ရခဲ့ရင် ငါတို့ပြေးလမ်းကအလုံးက ပွဲဖြစ်သွားပီ....

သူတိုနစ်ယောက်ရီမောကျရင်း ကျနော်လည်းနားထောင်ခဲ့တယ်....

မြို့ပြမှာမင်းတို့စခတွေအင်အားအပြည့်ရှိခဲ့တာတောင် ငါတို့လုပ်နိင်ခဲ့သေးတာကွာ...
ငါတို့မြို့ငါတို့ပိုင်တယ်.........
နောက်ထပ်အလုပ်လေးတွေလုပ်ဖြစ်တယ်.

UG လုပ်တဲ့ဘဝတွေမှာ.....
ကျနော်တို့ဘဝအတွက် ဘာမှအာမခံချက်မရှိခဲ့ဘူး.
ရှိဖို့လည်းမမျော်လင့်ခဲ့ဘူး....

ကျနော်တို့လိုချင်တာစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့တခုတည်းပဲ.....

စစ်အာဏာရှင်လက်အောက် နေရတဲ့ စစ်ကောင်စီ တပ်သားတွေအနေနဲ့ ပြည့်သူနဲ့လက်တွဲပီး
စစ်မှန်တဲ့ဖယ်ဒရယ် ဒီမိုကရေစီ နိင်ငံတော်သစ်

ထူထောင်ဖို့ အလင်းဝင်ဘဝသစ်က ပြန်စကျဖို့

နောက်ဆုံးအကြိမ် ကမ်းလှမ်းရင်း.........

လက်နက်ချအလင်းဝင်းဖို့ တိုက်တွန်းချင်တယ်.

စစ်အာဏာရှင်တွေအတွက် ဘာကြောင့်မှ အသုံးချခံဘဝအဖြစ်နဲ့မနေကျပါနဲ့လို့ ပြောရင်း.....

အပိုင်း(အပိုင်း၇) ကိုဆောင့်မျော့်နေပေးပါလို့.....

Culinary Team

Attire

Website