PrimeReg Consulting

PrimeReg Consulting

Share

Myanmar Startups & SMEs များအတွက် Company Registration, Annual Return, TIN နှင့် ဆက်စပ်ဝန်ဆောင်မှုများ

06/05/2026

မိမိလုပ်ငန်းကိုတစ်ယောက်တည်းလည်ပတ်နေတဲ့ လုပ်ငန်းရှင်များ အတွက်
ကုမ္ပဏီအမျိုးအစား၊လည်ပတ်ပုံ၊သင်းဖွဲ့စည်းမျဥ်း၊ရှယ်ယာရှင်နဲ့ဒါရိုက်တာတွေရဲ့လုပ်ပိုင်ခွင့်အာဏာတွေကို ဒီလမ်းညွှန်ထဲမှာအသေးစိတ် ခွဲခြမ်းပေးထားပါတယ်။

ဖတ်ချင်တဲ့သူများ Chat Boxမှာ အခမဲ့လာရောက်တောင်းယူနိုင်ပါတယ်။
Viberမှတောင်းချင်သူများ 09-795594525ကိုဆက်သွယ်တောင်းယူလို့ရပါတယ်။

04/05/2026

ကုမ္ပဏီမှတ်ပုံတင်ရင် ဘဏ်ထဲမှာ မတည်ငွေ ဘယ်လောက်ပြရမလဲ?

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတစ်ခုကို တရားဝင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ စဉ်းစားတဲ့အခါ လုပ်ငန်းရှင်အများစု အစိုးရိမ်ဆုံးမေးခွန်းက DICA (MyCO) မှာ ကုမ္ပဏီမှတ်ပုံတင်ရင် ဘဏ်ထဲမှာ မတည်ရင်းနှီးငွေ သိန်းပေါင်းအများကြီး ကြိုပြထားရမှာလား"ဆိုတာပါပဲ။

ဒီလိုငွေအမြောက်အမြား ကြိုတင်ပြသရမှာကို စိုးရိမ်ပြီး ကုမ္ပဏီမထောင်ဖြစ်ဘဲ အချိန်ဆွဲနေတတ်ကြပါတယ်။ ဒီစိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးဖို့နဲ့ လက်တွေ့ဥပဒေအရ ဘယ်လိုရှိသလဲဆိုတဲ့ အချက်အလက်မှန်တွေကို Primereg Consulting ကနေ အရိုးရှင်းဆုံး ရှင်းလင်းဝေမျှပေးလိုက်ပါတယ်။

၁။ အနည်းဆုံး မတည်ရင်းနှီးငွေ (Minimum Capital) သတ်မှတ်ချက် ရှိလား?

အဖြေကတော့ "လုံးဝ မရှိပါဘူး"။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ သာမန် ပုဂ္ဂလိကကုမ္ပဏီ (Private Company Limited by Shares) တွေအတွက် အနည်းဆုံး မတည်ရင်းနှီးငွေ ဘယ်လောက်ရှိရမယ်လို့ သတ်မှတ်ထားခြင်း မရှိပါ။

ဒါကြောင့် လုပ်ငန်းစတင်မည့်သူများအနေဖြင့် ငွေကြေးပမာဏ အများကြီးကို ဘဏ်မှာကြိုတင်ထည့်သွင်းပြသရမယ်ဆိုတဲ့ စိုးရိမ်မှုတွေကို အပြီးတိုင်ဖယ်ရှားလိုက်လို့ ရပါပြီ။ မိမိလုပ်ငန်းအခြေအနေအရ သင့်တော်မယ့် ပမာဏကိုသာ လွတ်လပ်စွာ သတ်မှတ်နိုင်ပါတယ်။

၂။ မတည်ငွေပမာဏကို ဘယ်လိုသတ်မှတ်သင့်သလဲ? (သိထားသင့်သည့် အသုံးအနှုန်း ၂ ခု)

ဥပဒေအရ ကန့်သတ်ချက်မရှိပေမယ့် ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာ (Image) နဲ့ အနာဂတ် Business Partner တွေရဲ့ ယုံကြည်မှုရရှိဖို့အတွက် လက်တွေ့ဆန်တဲ့ ပမာဏတစ်ခု (ဥပမာ - ကျပ် သိန်း ၅၀၊ သိန်း ၁၀၀) ကို သတ်မှတ်ဖို့ အကြံပြုလိုပါတယ်။

မတည်ရင်းနှီးငွေ သတ်မှတ်တဲ့အခါ အောက်ပါအချက် (၂) ချက်ကို နားလည်ထားရပါမယ် -

✅ထည့်ဝင်ပြီး မတည်ငွေ (Paid-up Capital):
ကုမ္ပဏီထောင်တဲ့အချိန်မှာ ဘဏ်ထဲကို တကယ်ထည့်ဝင်မယ့် ငွေပမာဏ။

✅ထည့်ဝင်ရန်ကျန် မတည်ငွေ (Unpaid Capital):
မတည်ငွေအဖြစ် သတ်မှတ်ထားပေမယ့် ချက်ချင်းမထည့်သေးဘဲ နောက်မှထည့်ဝင်မယ့် ငွေပမာဏ။

ဥပမာအနေနဲ့ ရှင်းပြရရင် -

သင်က ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေစုစုပေါင်းကို "သိန်း ၁၀၀"သတ်မှတ်လိုက်တယ် ဆိုပါစို့။
ထို သိန်း ၁၀၀ လုံးကို ချက်ချင်းထည့်စရာမလိုပါ။
သင်က သိန်း ၃၀ ပဲ အရင်ထည့်ဝင်မယ်ဆိုရင် သင့်ကုမ္ပဏီရဲ့
'ထည့်ဝင်ပြီးမတည်ငွေ (Paid-up Capital)' က သိန်း ၃၀*ပြနေမှာဖြစ်ပြီး၊ 'ထည့်ဝင်ရန်ကျန် (Unpaid Capital)' က သိန်း ၇၀ ပြနေမှာ ဖြစ်ပါတယ်။

၃။ မတည်ငွေကို ဘယ်အချိန်မှာ၊ ဘယ်လိုထည့်ဝင်ရတာလဲ? (လုပ်ငန်းစဉ်အဆင့်ဆင့်)

အရေးကြီးဆုံးအချက်မှာ ကုမ္ပဏီမှတ်ပုံတင်နေစဉ် (လျှောက်ထားဆဲ) ကာလမှာ ငွေထည့်စရာ မလိုပါ။ ကုမ္ပဏီကျလာပြီးမှသာ အောက်ပါအတိုင်း လုပ်ဆောင်ရပါသည် -

1. ကုမ္ပဏီမှတ်ပုံတင်ကျလာခြင်း:✅
DICA (MyCO) မှာ မှတ်ပုံတင်ပြီး ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ရယူပါ။

2. ကုမ္ပဏီဘဏ်အကောင့်ဖွင့်ခြင်း:✅
ကုမ္ပဏီအမည်နဲ့ Corporate Bank Account ကို မိမိကြိုက်နှစ်သက်ရာ ဘဏ်မှာ သွားရောက်ဖွင့်လှစ်ပါ။

3. ငွေထည့်ဝင်ခြင်း:✅
ထို Bank Account ထဲသို့ အပေါ်မှာပြောခဲ့တဲ့ 'ထည့်ဝင်ပြီးမတည်ငွေ (Paid-up Capital)'ပမာဏအတိုင်းထည့်သွင်းပါ။

4. Bank Statement ယူခြင်း:✅
ငွေထည့်ပြီးကြောင်း ဘဏ်စာရင်းရှင်းတမ်း (Bank Statement) ထုတ်ယူပါ။

5. လုပ်ငန်းစဉ်အပြီးသတ်ခြင်း:✅
အဆိုပါ Bank Statement နှင့်တကွ အခြားလိုအပ်သော ထောက်ခံစာများ ပူးတွဲပြီး ကုမ္ပဏီရဲ့ ပထမဦးဆုံး Annual Return (နှစ်ချုပ်အစီရင်ခံစာ) ကို MyCO စနစ်မှာ တင်ပြရပါမယ်။ ဒါဆိုရင် ကနဦးလုပ်ငန်းစဉ်တွေ ပြီးဆုံးပါပြီ။

---

အနှစ်ချုပ်

သာမန်လုပ်ငန်းငယ်လေးတွေကနေစပြီး ကုမ္ပဏီတရားဝင်တည်ထောင်ချင်တယ်ဆိုရင် မတည်ရင်းနှီးငွေအတွက် ခေါင်းခဲနေစရာ မလိုတော့ပါဘူး။ မိမိတတ်နိုင်တဲ့ ပမာဏနဲ့ စတင်ပြီး လုပ်ငန်းတိုးချဲ့မှုအပေါ် မူတည်ကာ မတည်ငွေ (Capital) ကို နောင်မှ ထပ်မံတိုးမြှင့်သွားလို့ ရပါတယ်။

DICA မှာ ကုမ္ပဏီမှတ်ပုံတင်ဖို့အတွက် အချိန်ကုန်၊ လူပင်ပန်းမခံဘဲ စာရွက်စာတမ်း အတိအကျနဲ့ စိတ်ချယုံကြည်ရတဲ့ ဝန်ဆောင်မှုကို လိုချင်တယ်ဆိုရင်တော့ လုပ်ငန်းရှင်များရဲ့ အခက်အခဲတွေကို အမြဲကူညီဖြေရှင်းပေးနေတဲ့ Primereg Consulting ထံသို့ တိုက်ရိုက်ဆက်သွယ် ဆွေးနွေးနိုင်ပါတယ်။

ဆက်သွယ်ရန် - 09-795594525 (Ph/Viber)

26/03/2026

"လုပ်ငန်းရှင်အသစ်တိုင်း 'မဖြစ်မနေ' သိထားရမယ့် Company Bank Account ဖွင့်လှစ်ခြင်းဆိုင်ရာ လမ်းညွှန်" ✅

လုပ်ငန်းရှင်တွေအနေနဲ့ DICA မှာ ကုမ္ပဏီမှတ်ပုံတင်ပြီးတာနဲ့ အမြန်ဆုံး ဆက်လုပ်ရမယ့် အရေးကြီးဆုံးအဆင့်ကတော့ Company Bank Account (Corporate Account) ဖွင့်လှစ်ခြင်းပါပဲ။ အရင်ကလို လိုအပ်မှဖြည်းဖြည်းချင်းဖွင့်မယ်ဆိုပြီး အချိန်ဆွဲထားလို့မရတော့ဘဲ အခုနောက်ပိုင်း ထွက်ရှိထားတဲ့ စည်းမျဉ်းတွေအရ မဖြစ်မနေ ချက်ချင်းလုပ်ဆောင်ရမယ့် ကိစ္စတစ်ခု ဖြစ်လာပါပြီ။ ဘာကြောင့်လဲဆိုတာနဲ့ ဘာတွေလိုအပ်မလဲဆိုတာကို အောက်မှာ အသေးစိတ် ရှင်းပြပေးထားပါတယ်။

---

၁။ ဘာကြောင့် ဖွင့်ဖို့လိုအပ်တာလဲ။ (လုပ်ငန်းအတွက် ဘယ်လိုအသုံးဝင်လဲ)

အရေးအကြီးဆုံး အချက်ကနေ စပြောရရင် -

🚨 Annual Return (AR) တင်ရန် မဖြစ်မနေလိုအပ်လာခြင်း (Most Important):

ခုနောက်ပိုင်း ထွက်ရှိထားတဲ့ စည်းမျဉ်းအရ လုပ်ငန်းအသစ်တွေအနေနဲ့ ကုမ္ပဏီထောင်ပြီး (၂) လအတွင်း ပထမဆုံးအကြိမ် မဖြစ်မနေ တင်ရမယ့် AR (Annual Return) မှာ Company Bank Statement ကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီမှတ်ပုံတင်ကျပြီးတာနဲ့ AR တင်ဖို့အတွက် Bank Account ကို အချိန်မီ အမြန်ဆုံးဖွင့်လှစ်ဖို့ လိုအပ်လာတာပဲ ဖြစ်ပါတယ်။

✅ကိုယ်ပိုင်ငွေနှင့် လုပ်ငန်းငွေ ခွဲခြားနိုင်ခြင်း (Clear Financial Separation):

လုပ်ငန်းရှင်ရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ ကုမ္ပဏီရဲ့ ရငွေ/သုံးငွေတွေကို ရောထွေးနေခြင်းမျိုး မဖြစ်စေဘဲ စာရင်းဇယား ရှင်းလင်းတိကျစေပါတယ်။

✅ဖောက်သည်များ၏ ယုံကြည်မှုရရှိခြင်း (Building Professional Trust):

B2B (Business to Business) အလုပ်လုပ်တဲ့အခါဖြစ်စေ၊ Corporate Client တွေဆီက ငွေလက်ခံတဲ့အခါဖြစ်စေ လူပုဂ္ဂိုလ်အမည်နဲ့ အကောင့်ထက် ကုမ္ပဏီအမည်နဲ့ ဘဏ်အကောင့်က လုပ်ငန်းရဲ့ ခိုင်မာမှုနဲ့ ယုံကြည်ရမှုကို ပိုမိုပြသနိုင်ပါတယ်။

✅အခွန်ကိစ္စနှင့် စာရင်းစစ်ရန် လွယ်ကူခြင်း (Tax & Audit Compliance):

နှစ်စဉ် အခွန်ဆောင်တဲ့အခါ (IRD) နဲ့ စာရင်းစစ် (Audit) အစီရင်ခံစာတွေ လုပ်တဲ့အခါ ကုမ္ပဏီဘဏ်အကောင့်ရဲ့ Bank Statement က အခိုင်မာဆုံး အထောက်အထား ဖြစ်ပါတယ်။

✅ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုများ ရယူနိုင်ခြင်း (Access to Financing):

နောင်တစ်ချိန် လုပ်ငန်းချဲ့ထွင်ဖို့ ဘဏ်ချေးငွေ (SME Loan) လျှောက်ချင်တာဖြစ်စေ၊ ရင်းနှီးမြှုပ်နှံသူ (Investor) ခေါ်ချင်တာဖြစ်စေ ကုမ္ပဏီရဲ့ ငွေကြေးစီးဆင်းမှု (Cash Flow) မှတ်တမ်းကောင်းရှိနေဖို့ Company Account က မရှိမဖြစ်ပါ။

---

၂။ ဘဏ်အကောင့်ဖွင့်မယ်ဆို ဘာတွေ လိုအပ်လဲ။ (Requirements)

ဘဏ်တစ်ခုနဲ့တစ်ခု တောင်းခံတဲ့ အချက်အလက် အနည်းငယ် ကွဲပြားနိုင်ပေမယ့် ယေဘုယျအားဖြင့် အောက်ပါ စာရွက်စာတမ်းတွေ မဖြစ်မနေ ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်။

✅Cover Letter (အပေါ်စာ):

ဘဏ်အကောင့်ဖွင့်လှစ်ခွင့်ပြုပါရန် သက်ဆိုင်ရာဘဏ်သို့ လိပ်မူရေးသားထားသော ကုမ္ပဏီ၏ တရားဝင် Cover Letter။

✅ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (Certificate of Incorporation):

DICA မှ တရားဝင် ထုတ်ပေးထားသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်။

✅Company Profile / Company Extract:

MyCO စနစ်မှ နောက်ဆုံး update ဖြစ်နေသော Company Extract အပြည့်အစုံ။

✅ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း (Board of Directors' Resolution):

ဘဏ်အကောင့်ဖွင့်လှစ်ရန် သဘောတူညီကြောင်းနှင့် ငွေထုတ်/ငွေသွင်း ပြုလုပ်မည့် (Authorized Signatories) သူများကို တရားဝင် သတ်မှတ်ပေးထားသော အစည်းအဝေးမှတ်တမ်း။

✅မှတ်ပုံတင်နှင့်နိုင်ငံကူးလက်မှတ်း (NRC & passport):

ဒါရိုက်တာအဖွဲ့ဝင်များနှင့် လက်မှတ်ရေးထိုးခွင့်ရှိသူများ၏ မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူများ။

ဒီလောက်ဆိုရင်တော့ ကိုယ်ကကုမ္ပဏီဘဏ်အကောင့်ဖွင့်ဖို့ဘဏ်သွားတဲ့အခါ စာရွက်စာတမ်းမပြည့်စုံလို့ အချိန်ကုန်လူပင်ပန်းမဖြစ်တော့သလို ပြင်ဆင်ရမယ့်စာရွက်စာတမ်းကိုလဲ သိသွားပြီမို့ အကျိုးရှီသွားမယ်လို့ မျှော်လင့်မိပါတယ်။

အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

(Note: USD Account ဖွင့်မည်ဆိုပါက ဘဏ်ခွဲတိုင်းမှာဖွင့်မရတတ်လို့ ဘဏ်ကိုအသေးစိတ်ဆက်သွယ်စုံစမ်းပြီးမှ သွားကြဖို့ကိုလဲအကြံပေးလိုပါတယ်။)

16/03/2026

🚨 Importance Notice

ကုမ္ပဏီတော့ ထောင်ထားပြီးပြီ၊ အခွန်ထမ်းမှတ်ပုံတင် (Taxpayer Registration) မလုပ်ရသေးဘူးလား?

"အခွန်ကိစ္စ နောက်မှရှင်းမယ်"၊ "လောလောဆယ် ဘာမှမဖြစ်လောက်ပါဘူး"
ဆိုပြီး ပေါ့ဆထားခဲ့ရင် နောက်ပိုင်းမှာ မျှော်လင့်မထားတဲ့ ဒဏ်ကြေးတွေနဲ့
လုပ်ငန်းလည်ပတ်ခွင့်ပါ ထိခိုက်လာနိုင်တဲ့အထိ ပိုပြီးရှုပ်ထွေးသွားနိုင်ပါတယ်။

အခုရက်ပိုင်းမှာ ပြည်တွင်းအခွန်များဦးစီးဌာန (IRD) ကနေ
ကုမ္ပဏီမှတ်ပုံတင်ထားပြီး အခွန်ထမ်းမှတ်ပုံတင် မလျှောက်ထားတဲ့
ကုမ္ပဏီတွေကို တိုက်ရိုက် ဆင့်ခေါ်စာတွေ စတင်ပို့နေပါပြီ။
အကြောင်းကြားစာထဲမှာ အဓိက တောင်းဆိုထားတာကတော့ —
📌 ကုမ္ပဏီကို Taxpayer Registration အမြန်ဆုံးလုပ်ရန်
📌 IRD e-Registration System မှတစ်ဆင့် လျှောက်ထားရန်
📌 သတ်မှတ်ထားတဲ့ရက်မှာ အခွန်ရုံးသို့ မပျက်မကွက် လာရောက်ရန် ဖြစ်ပါတယ်။

ဘာဖြစ်လို့ အခုမှ ရုတ်တရက် တင်းကြပ်လာတာလဲ?
လတ်တလောမှာ အစိုးရပိုင်းက စည်းမျဉ်းစည်းကမ်း လိုက်နာမှု (Compliance Enforcement) ကို ကဏ္ဍစုံမှာ တဖြည်းဖြည်း တင်းကြပ်လာနေတာ ဖြစ်ပါတယ်။

CEIR System: အခွန်မဆောင်ဘဲ ဝင်လာတဲ့ ဖုန်းတွေကို စစ်ဆေးခြင်း
Import License: တရားမဝင် ယာဉ်တွေကို အရေးယူရန် ကြေညာခြင်း
ယစ်မျိုးဥပဒေ: အသစ်ထွက်ရှိလာပြီး စည်းမျဉ်းပိုမိုတင်းကြပ်လာခြင်း

ဒီလို အဆင့်ဆင့် လုပ်ဆောင်လာပြီးနောက်... အခုဆိုရင်တော့ အခွန်မဆောင်ထားတဲ့
ကုမ္ပဏီတွေအလှည့် တရားဝင် ရောက်လာခဲ့ပါပြီ။

⚠️ သတိပြုရန်
အကြောင်းကြားစာကို လိုက်နာမှုမရှိဘူးဆိုရင် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေအရ
ကြီးလေးတဲ့ ဒဏ်ကြေးတွေနဲ့ ဥပဒေအရ အရေးယူခံရနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ပြဿနာတွေ ပိုမိုကြီးထွားမလာခင်နဲ့ ကိုယ့်လုပ်ငန်း အနှောင့်အယှက်မဖြစ်စေဖို့၊ အခွန်ထမ်းမှတ်ပုံတင် မလျှောက်ရသေးတဲ့ ကုမ္ပဏီများအနေနဲ့
www.ird.gov.mm မှာ အမြန်ဆုံး ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

💡 အခွန်ကိစ္စတွေ ရှုပ်ထွေးလို့ ခေါင်းမကိုက်ချင်ဘူးဆိုရင်တော့...
ကိုယ်တိုင်လုပ်ဆောင်ဖို့ အချိန်မပေးနိုင်တာပဲဖြစ်ဖြစ်၊ စာရွက်စာတမ်း အဆင့်ဆင့်ကို အမှားအယွင်းမရှိ သေချာလုပ်ဆောင်ချင်တာပဲဖြစ်ဖြစ် PRC Consulting က လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် အသင့်ရှိနေပါတယ်။

ကုမ္ပဏီမှတ်ပုံတင်ခြင်းနဲ့ အခွန်ထမ်းမှတ်ပုံတင် (Taxpayer Registration) လျှောက်ထားခြင်း ကိစ္စရပ်တွေအားလုံးကို အချိန်တိုအတွင်း အဆင်ပြေချောမွေ့အောင် ကျွမ်းကျင်စွာ ဝန်ဆောင်မှုပေးနေပါပြီ။ နောက်ဆက်တွဲ ပြဿနာတွေနဲ့ ဒဏ်ကြေးတွေ မကြုံရလေအောင် အခုပဲ ဆက်သွယ်ဆွေးနွေးလိုက်ပါ။

📞 ဆက်သွယ်ရန် - 09 795594525
📩 Page Messenger ကနေလည်း အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

---

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon