TEMCO Distribution

TEMCO Distribution

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TEMCO Distribution, Yangon.

Photos from TEMCO Distribution's post 05/08/2025

ကိုယ်ပိုင် Brand ထုတ်လုပ်တဲ့အခါ OEM နဲ့ ODM ဆိုတဲ့ ထုတ်လုပ်မှုပုံစံ (၂) မျိုးကို ကြုံရနိုင်ပါတယ်။ ဒီအခေါ်အဝေါ်တွေကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ အရေးကြီးပါတယ်။
1. OEM (Original Equipment Manufacturer)
- အဓိပ္ပာယ်ကတော့ OEM ဆိုတာ သင့်ရဲ့ဒီဇိုင်း၊ နည်းပညာ (သို့) Specification အရ ကုန်ပစ္စည်းကို တခြားစက်ရုံတစ်ခုက ထုတ်လုပ်ပေးခြင်းဖြစ်ပါတယ်။
ဥပမာ: Apple က iPhone အတွက် ဒီဇိုင်းနဲ့ specification ကိုသတ်မှတ်ပြီး Foxconn (OEM) က ထုတ်လုပ်ပေးတာမျိုး ဖြစ်ပါတယ်။
အားသာချက် အနေနဲ့ ကိုယ်ပိုင် ဒီဇိုင်း ဖြစ်တဲ့ အတွက် ထူးခြားတဲ့ features တွေပါဝင်နိုင်တယ်။ Brand တစ်ခုအနေနဲ့ ထုတ်ကုန်အပေါ် အပြည့်အဝထိန်းချုပ်နိုင်တယ်။
2. ODM (Original Design Manufacturer)
အဓိပ္ပာယ် : ODM ဆိုတာ ထုတ်လုပ်သူ (Manufacturer) က ဒီဇိုင်းနဲ့ နည်းပညာကို သူ့ဘာသာဖန်တီးပြီး၊ သင့်ရဲ့ Brand အတွက် ပြန်လည်အမှတ်တံဆိပ်ကပ်ပေးတာဖြစ်တယ်။
- ဥပမာ: ထုတ်ကုန်တွေကတော့ ဥပမာ - Power Bank, Bluetooth Earphones, washing machine, TV, refrigerators စသည့် အများကြီးရှိပါတယ်။
အားသာချက် အနေနဲ့ကတော့
- Ready & Distribute ဖြစ်တဲ့အတွက် အချိန်နဲ့ငွေကုန်သက်သာတယ်။
- စျေးနှုန်းသက်သာပြီး အမြန်စျေးကွက်တင်နိုင်တယ်။

ဘယ်ဟာရွေးမလဲ? ဆိုတာ မိမိ တို့ စိတ်ကြိုက် Idea ပေါ်မှာပဲ မူတည်ပါတယ်။
OEM ကိုရွေးမယ် ဆိုရင် ကိုယ်ပိုင် ဒီဇိုင်း၊ အရည်အသွေး ထိန်းချုပ်နိုင်ပါတယ်။
ODM ကိုရွေးမယ်ဆိုရင် အချိန်နဲ့ငွေကြေးသက်သာစေပြီး အလွယ်တကူစတင်လို့ရပါတယ်။

ဒီအချက်တွေကို သိထားရင် ကိုယ်ပိုင် Brand အတွက် ထုတ်လုပ်မှုပုံစံကို ပိုမိုအဆင်ပြေစွာ ရွေးချယ်နိုင်မှာပါ။ အသေးစိတ်ကိုလဲ ကျွန်မတို့ Temco Distribution Company နဲ့လဲ ဆွေးနွေးလို့ ရပါတယ်ရှင်။

No. B4C&B4G, 4th Floor, FLP Tharkayta Building B Myanmar Gon yi Street,Tharkayta Township, Yangon,Myanmar.
09-944488666



#ကိုယ်ပိုင်brand

#ဖြန့်ဖြူးရေး

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
11231