Amanda Zin
“A space for kindness,
growth, and real stories.” I enjoy public speaking and will be glad to work with you all.
အဖေများနေ့ တဲ့…
ဒီနေ့ ပိုလွမ်းတယ် ဖေဖေ… 🤍
02/03/2026
#သို့ ဖေဖေ …
ဖေဖေနဲ့စကားမပြောဖြစ်ပေမယ့် သမီး အမြဲသတိရနေပါတယ် ...
#ဖေဖေ မှတ်မိလား…
တခါ ကျူရှင်ကအိမ်အပြန် လမ်းဖြတ်ကူးရင်း
သူငယ်ချင်းတွေအကြောင်း ပြောပြတော့
"သူတို့က သမီးလုပ်နိုင်မှန်းသိလို့ဖြစ်မယ်...သမီးတော်တာ ပြလိုက်…
ငါ့သမီးက တော်ပြီးသား” လို့ ဖေဖေပြောခဲ့တာ ...
သမီး ဖေဖေ့မျက်နှာကို မော့ကြည့်ခဲ့တယ်...
ဖေဖေက တကယ်ပြောနေတာပဲ…
ယုံကြည်မှုအပြည့်နဲ့ ငုံ့ကြည့်ပြီး
ကိုင်ထားတဲ့သမီးလက်ကို ခပ်တင်းတင်းဆုပ်ရင်း ပြုံးပြလိုက်သေး …
အတန်းထဲမှာ အလယ်အလတ်တန်းက ကျမ
ဖေဖေ့အတွက်တော့ တော်တဲ့သမီး လား ....
ငယ်ကတည်းက ခေါင်းမာပြီး စိတ်ပါမှ စာလုပ်
ကျက်စာတွေဆို“နားလည်ရင်ပြီးတာပဲကို”လို့ စောဒကတက်တဲ့ သူ...
စာ သာ မကြိုးစားတာ
ဖေဖေ့စာအုပ်စင်တော့ အမြဲမွှေနှောက် ဖတ်လို့ရတာအကုန်ဖတ်...
တချို့စာအုပ်တွေ အခါခါဖတ်လွန်းလို့ မှတ်မိနေတဲ့အထိ....
PE ချိန် ဆရာမတွေမဝင်ရင် အတန်းထဲကလူတွေ စုပြီး
ဖတ်ထားတဲ့ စာတွေ ပုံပြင်တွေ ပြော…
အချိန်အားရရင် ပုံတွေဆွဲနဲ့
ဘယ်လိုများ စာတော်ပါတော့မလဲ ဖေဖေရယ်…
#ဖေဖေ မှတ်မိလား…
သမီး ပုံတွေဆွဲတာ ရူးသွပ်လွန်းလို့
ဖေဖေဆူတဲ့ကြားက အချိန်အားရှိသမျှ ဆွဲနေတော့
“ဒီတခါ ပုံတွေတွေ့ရင် အကုန်လွှင့်ပစ်မယ်”လို့ ဖေဖေစိတ်တိုပြီးပြောခဲ့တာ…
ဖေဖေ မတွေ့ခဲ့ဘူးမဟုတ်လား…
သမီးက ဖေဖေ့စန္ဒယားထိုင်ခုံ အံလေးထဲ ထည့်ထားတာလေ…
#ဖေဖေ မှန်ပါတယ်…
သမီးက ကိုယ်လုပ်ချင်တာတွေလုပ်ရတဲ့အခါ နည်းနည်း တော်ပါတယ်...
၉တန်းတုန်းက ကျူရှင်တစ်ရက်ဖျက်ပြီး
ကျောင်းပွဲအတွက် သီချင်းသွားတိုက်ခဲ့သေးတာလည်း ရှိတယ်လေ…
ပုံမှန်ဆို စည်းကမ်းကြီးတဲ့မေမေက ဒါမျိုး ဘယ်ရလိမ့်မလဲ…
အဲ့နေ့က ဖေဖေကချည်း ဦးဆောင်ဆူသွားတော့
မေမေ ဘာမှမပြောတော့တာ …
ပြီးမှ ဖေဖေက “ဘာလို့ ဖေဖေ့ကို အရင်မပြောခဲ့လဲ”တဲ့ ...
“ပြောရင် သွားခိုင်းမှာမို့လား” လို့ ပြန်မေးတော့ ဖေဖေ မဖြေတော့ဘူး...
#ဖေဖေ မှတ်မိတယ် နော်…
သမီး နောက်ရက်တွေ သီချင်းသွားမတိုက်ပဲ
ကျောင်းပွဲမှာ မဆိုဖြစ်တော့တာ …
သမီးက ဖေဖေ မကြိုက်တာ မလုပ်ခဲ့ဖူးဘူး မလား…
သမီးအလုပ်တွေ လုပ်တော့ရော
ဖေဖေ့ဆီက အင်အားတွေ အများကြီး ရခဲ့တယ် ...
Japan company တခုမှာ designer သွားလျှောက်တုန်းက
ဖေဖေက“သူတို့ ငါ့သမီးကို ခန့်မှာပါ” ပြောတော့
ကိုယ့်ထက် လုပ်သက်နဲ့ အရည်အချင်းပိုသာတဲ့သူတွေမြင်ခဲ့တာတောင်
မကြောက်ခဲ့ဘူး... ဖေဖေပြောသလို ယုံကြည်နေခဲ့တာ...
အလုပ်ရသွားပြီလို့ ဖုန်းဆက်လာတော့
ဖေဖေက ကိုယ့်ထက် ပျော်ခဲ့သေးတာ …
#ဖေဖေ သိလား…
ခုထိ တခါတလေ အခက်အခဲတွေ တွေ့တဲ့အခါ
"ဖေဖေက ငါ့ကို သိပ်ယုံကြည်တာ…
ငါ တော်မနေတောင် မညံ့မှ ဖြစ်မယ်…
ငါက ဖေဖေယုံကြည်တဲ့အတိုင်းဖြစ်နေရမယ်"လို့စိတ်အားတင်းထားတယ်...
ဖေဖေနဲ့ နောက်ဆုံးဖုန်းပြောတုန်းက
“သမီး မေမေ့ကို ဂရုစိုက်…မကြီးနဲ့ အငယ်တွေကိုရောပဲ…
ဖေဖေက သမီးကို ယုံတယ်နော်” လို့ ပြောခဲ့တယ် ...
အဲ့တာ နောက်ဆုံးမှန်း သိခဲ့ရင်
သမီး ဖုန်းမချပဲ ဆက်ပြောနေမိမှာ …
“ဒါပဲနော် ဖေဖေ” လို့ ပြောခဲ့တုန်းက
နောက်တကြိမ် ဖုန်းပြောရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို
နှစ်တွေ အကြာကြီး သိမ်းထားခဲ့ဖူးတယ် ...
#ဖေဖေ …
ဖေဖေ ပြန်မလာတော့လို့
သမီးတို့ လွမ်းနေ၊ သတိရနေတာကလွဲရင် အပြစ်မတင်ပါဘူး …
ဖေဖေက ဘယ်ရောက်နေနေ
သမီးတို့ရင်ထဲမှာ အမြဲရှိနေတာ …
သံသရာဆိုတဲ့ ခရီးတနေရာမှာ
ဖေဖေ ရှိနေတာ မလား …
တချိန်ချိန် တနေရာမှာ
ဖေဖေနဲ့ ပြန်တွေ့ကြရင်
ဖေဖေ့သမီး ပြန်ဖြစ်ချင်တယ် …
#အဖေများနေ့ တဲ့…
ဒီနေ့ ပိုလွမ်းတယ် ဖေဖေ… 🤍
𝑨𝒎𝒂𝒏𝒅𝒂
March 2026
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 17:00 |