RAVE Inform

RAVE Inform

Share

Rave and EDM information page.

19/09/2025

Lost Lands 2025 Main Stage 🦖🦕

18/09/2025

Ray Volpe ရဲ့ ပထမဦးဆုံး album ဖြစ်တဲ့ "FOREVER, VOLPETRON"

Bass Music တွေကို အသားပေးဖန်တီးနေတဲ့ Ray Volpe တစ်ယောက် သူ့ရဲ့ ပထမဦးဆုံး Debut album ဖြစ်တဲ့ "FOREVER, VOLPETRON" ကို September 12 ရက်နေ့က release လုပ်ခဲ့ပါတယ်။ ဒီ album ဟာ Volpe ရဲ့ Artist career တစ်လျှောက် ပထမဦးဆုံးထွက်ရှိလာတဲ့ album တစ်ခုလည်းဖြစ်ပါတယ်။ album ထဲမှာ Track စုစုပေါင်း 16 ပုဒ် ပါဝင်တာဖြစ်ပြီးတော့ Dubstep / Riddim Dubstep / Melodic Dubstep / Future Bass / Bass House / Rock/Metal Influence + EDM Hybrid / Festival Anthems / Mainstage EDM တို့လို intro Mix တွေပါ ပါဝင်လာတာကိုတွေ့ရပါတယ်။

ဒါ့အပြင် TYNAN, Virtual Riot, Point North, RUNN, Adventure Club, Vastive, Sullivan King တို့နဲ့ collab လုပ်ထားတဲ့ Track တွေကိုလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။ Ray Volpe အနေနဲ့ သူရဲ့ ပထမဦးဆုံး debut album မှာ သူရဲ့ Music Journey အတွင်း အစွမ်းကုန်ကြိုးစားထားတာဖြစ်ပြီး ပရိတ်သတ်တွေကို Music Genre မျိုးစုံ ခံစားစေချင်တယ် လို့လည်း ပြောပါတယ်။ Track name list တွေကတော့

1. FOREVER (Intro Mix)

2. Danger (with TYNAN)

3. Rockwitit

4. What’s Up (with Virtual Riot)

5. Careful What You Wish For (with Point North)

6. Let It In (with RUNN)

7. As Long As I Got You (with Adventure Club)

8. Get Smacked (with Vastive)

9. Rewind (with Sullivan King)

10. Payback

11. Song Request

12. Crash Out

13. The Sound

14. Take Me To The Rave

15. See You Drop

16. Where Do We Go From Here? တို့ ပါဝင်မှာဖြစ်ပါတယ်။

16/09/2025

Around the world ကို နည်းပညာ အဆင်မြှင့်တင်နေတဲ့ Tomorrowland

အမြဲတမ်းလိုလို ပရိတ်သက်တွေကို အံ့အားသင့်အောင်အမြဲလုပ်တတ်တဲ့ Tomorrowland ဟာ အခုတစ်ခါ တစ်ကမ္ဘာလုံးက Tomorrowland နဲ့ EDM ကြိုက်နှစ်သက်သူတွေအတွက် ဖန်တီးမှု
တစ်ခုကို ပြုလုပ်နေပါတယ်။ အဲ့တာကတော့ Tomorrowland Planet ပါပဲ။ Tomorrowland Planet ကို Korea နိုင်ငံမှာရှိတဲ့ Lotte Group ရဲ့ subsidiary တစ်ခုဖြစ်တဲ့ Lotte Innovate Co. တစ်နည်းအားဖြင့် Lotte Data Communication Company / LDCC ကနေ ပြုလုပ်ထားတဲ့ metaverse or virtual universe platform ပေါ်မှာ ဖန်တီးထာတာဖြစ်ပြီး ပရိတ်သက်တွေအနေနဲ့ Tomorrowland ကို မသွားနိုင်ခဲ့ရင်တောင် Digital world ထဲမှာ သွားကဲလို့ရဦးမှာပါ။
Tomorrowland အနေနဲ့ 2020 ခုနှစ် COVID - 19 ရောဂါဖြစ်ပွားခဲ့စဉ်မှာ ပြုလုပ်ခဲ့တဲ့ Tomorrowland - Around The World ကို ထပ်မံအဆင့်မြှင့်တင်တဲ့ အနေနဲ့ ပြုလုပ်ထားတာဖြစ်ပြီးတော့ အဲ့ဒီအချိန်အခါက ပြုလုပ်ခဲ့တဲ့ Live Set တွေလိုမျိုး ပြန်လည်ကြည့်ရှုခွင့်ရမှာလည်းဖြစ်ပါတယ်။ ဒီတစ်ခါ Virtual World မှာ live set တွေကြီးကြည့်ရတာမျိုးမဟုတ်ပဲနဲ့ မိမိကိုယ်တိုင်ကပါ Tomorrowland ရဲ့ ကမ္ဘာကြီးထဲမှာ သွားရောက်လည်ပတ်နိုင်မှာလည်းဖြစ်ပါတယ်။ မိမိရဲ့ Game Character ကို မိမိကိုယ်တိုင် customize လုပ်နိုင်ပြီး Game Quest တွေကို ဆော့ကစားရာကနေ Music တွေကို Unlock ပြုလုပ်ရမှာလည်းဖြစ်ပါတယ်။
Tomorrowland နဲ့ Caliverse ပူးပေါင်းပြီး Tomorrowland Planet ဆိုတဲ့ “sub-planet” ကို Caliverse universe ထဲမှာ ထည့်ထားပြီး ထိုမှတစ်ဆင့် Tomorrowland ကို သွားနိုင်မှာလည်းဖြစ်ပါတယ်။ Collaboration လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ festival spirit, music culture, community involvement တွေကို Real-life festival မလုပ်ဖြစ်ခဲ့ရင် ပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အပြင်မှာ အကြောင်းကြောင်း ကြောင့် သွားဖို့ရာ အဆင်မပြေတာပဲ ဖြစ်ဖြစ် ထိုသူတွေကိုပါ Tomorrowland နဲ့ အမြဲထိတွေနိုင်ပြီး နေရာမရွေး ဂီတကို ခံစားခွင့်ရအောင်ပြုလုပ်ပေးခြင်းလည်းဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာ ၎င်းတို့အနေနဲ့ PC client, browser, mobile 3D app, VR app တို့ကို ထပ်မှန် တိုးချဲ့ဖို့စီစဉ်ထားပြီး ကိုယ်တိုင် Real World ထဲ ရောက်နေသလို ခံစားချက်မျိုးကိုပါ ပေးစွမ်းနိုင်အောင်ကြိုးစားနေကြတယ်လို့လည်းသိရပါတယ်။
ယခုအခါ Live Performance ကိုကြည့်ရှုနိုင်ဖို့ Tomorrowland Access Pack 1 ticket ကို 34$ မြန်မာငွေအားဖြင့် (150000ကျပ်ခန့်) ကျသင့်မှာဖြစ်ပြီးတော့ တစ်နှစ် တိတိသက်တမ်းရှိပါလည်းဖြစ်ပါတယ်။ ထိုလက်မှတ်ကို ဝယ်လိုက်တာနဲ့ Tomorrowland ရဲ့ Live Performance ကို တစ်နှစ်အတွင်း ပြန်ကြည့်လို့ရနေမှာပါ။ လက်ရှိမှာတော့ Game World ထဲကို အခမဲ့ သွားလို့ရနိုင်ပြီးတော့ Limited Content ပဲ ရနိုင်ဦးမှာ ဖြစ်ပါတယ်။
Tomorrowland Plant ကို Window PC user တွေနဲ့ Web Browser သမားတွေသာလက်ရှိမှာအသုံးပြုနိုင်မှာဖြစ်ပြီးတော့ PC requirement အနေနဲ့

Minimum Requirements
Windows 10 or later
AMD Ryzen 9 3900X or Intel Core i7-12700K
16GB or more
‍GeForce RTX 2070 (8GB)
*Graphics driver that supports DLSS 3.5 required
DirectX 12 or later
Minimum 40GB of space required

Recommended Specifications
Windows 10 or later
AMD Ryzen 9 5900X or Intel Core i9-10900K
32GB or more
GeForce RTX 3060Ti (8GB)
*Graphics driver that supports DLSS 3.5 required
DirectX 12 or later
Minimum 40GB of space required

လို့ဖော်ပြထားပါတယ်။ Game Requirement မြင့်တာကြောင့် log-in မရတာ rendering အားနည်းတာ မကြာခဏ Lag တာမျိုးလည်း ကြုံတွေရနိုင်ပါတယ်။

မိမိတို့အနေနဲ့ စိတ်ဝင်စားတယ် ဆိုရင် https://caliverse.tomorrowland.com မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon