GoTaste By JP
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GoTaste By JP, Digital creator, tokyo, Yangon.
08/12/2024
Super Sunday လေးမှာ JP တို့နှစ်ယောက်မူကထ
စားချင်တာနဲ့ အရသာလဲကောင်းပြီး Budget လည်း
Save ဖြစ် ဗဟိုလမ်း၊ရွာမကွေ့အနီးမှာရှိတဲ့
Let's Grill မူကထ မှာသွားစားဖြစ်ခဲ့ပါတယ်။
ဆိုင်ကပေးတဲ့ Menu ကိုကြည့်တော့ အသားတွေဆို
တစ်ပွဲကိုမှ ၂၀၀၀ ကျပ် နဲ့ အသီးအရွက်တွေဆိုလဲ
တစ်ပွဲကို ၅၀၀ ၁၀၀၀ ပဲရှိတော့ စိတ်ကြိုက် ရွေးစား
ရုံပဲပေါ့။JPတို့ကတော့ Set ၁ပွဲနဲ့ စားချင်တဲ့အသား
နဲ့အရွက်တွေကို ထပ်မှာစားခဲ့ပါတယ်။
ဟင်းရည်ကတော့မာလာဟင်းရည် လေးနဲ့ အရသာ
ကလုံးဝ JP တို့အတွက် အကြိုက်ပဲ။ အချဉ်ကလည်း
ငရုတ်ဆော့ နဲ့ မန်ကျည်းအချဉ်ရည်လေး နှစ်မျိုးလုံး
ကိုကြက်သွန်ဖြူနဲ့ငရုတ်သီးထပ်ထည့်တော့အရသာ
လုံးဝကိုထိမိဂွိ။မန်ကျဉ်းဖျော်ရည်လေးလဲတိုက်
သေးတယ်။စပ်နေတဲ့ချိန်သောက်ကွက်စတိပဲ။
မန်ကျဉ်းဖျော်ရည်လေးနဲ့ ဟင်းရည်က free flow
ဆိုတော့ Budget ပို Saveတာပေါ့။🫢
ဆိုင်လိပ်စာ-ခိုင်ရွှေဝါ ဗဟိုလမ်းမကြီး၊ဆိုက္ကားဂိတ်မှတ်တိုင်၊ရွာမကွေ့အနီး၊ကမာရွတ်မြို့နယ်
ဆိုင်ဖွင့်ချိန် 10am to 8:30pm
#မူကထ
's Grill mookata
18/11/2024
ဒီနေ့ JPတို့နှစ်ယောက် ဗိုက်ဆာတာနဲ့ လှိုင်၊သံလမ်း
မှတ်တိုင်နားမှာရှိတဲ့ Nova Garden မှာ ဝက်ဆလပ်
သွားစားခဲ့ပါတယ်။သူ့ဆိုင်မှာဝက်ဆလပ်၊ကြက်ဆ
လပ်အပြင် ယုန်၊ကြက်မဲ၊ကြက်ဆင်၊အပ်မှိုနဲ့ကင်မ်ချီ
တို့ကိုလဲ set လေးတွေနဲ့ထပ်မှာလို့ရသလို အထောင်း၊
အကင်နဲ့အသုပ်တွေလဲ တော်တော်များများရတယ်
Soft Drink အနေနဲ့လဲ(၁၁)မျိုးရှိတာဆိုတော့
ဝက်ဆလပ်လေးစားလိုက် အအေးလေးသောက်လိုက်နဲ့
ကွက်တိပဲ အချဉ်ကလဲနှစ်မျိုးချပေးတယ်။နှစ်ခုလုံးက
JPတို့အတွက်တော့ ကွက်တိပဲ၊ဝက်သားလေးကို
အချဉ်တို့ပြီး ငရုတ်သီး၊ကြက်သွန်ဖြူ၊ဆလပ်ရွက်
လေးနဲ့ထုပ်ပြီး စားရတာရှယ်ပဲ ပြောရင်းထပ်တောင်
စားချင်လာပြီ၊ဆိုင်က ညဘက်ဆို မီးလုံးလေးတွေနဲ့
အလှဆင်ထားတာလှပြီးတော့ ဓာတ်ဖမ်းရတာကြိုက်တဲ့
သူတွေအတွက်တော့အကြိုက်တွေ့မှာ သေချာတယ်။
ဆိုင်ထဲဝင်လိုက်တာနဲ့တောအုပ်ထဲရောက်သွား
သလိုခံစားရပြီးစားပွဲဝိုင်းလေးတွေကလဲ တဲလေးတွေနဲ့
အေးဆေးနားလိုက် စားလိုက် Chill လိုက်ပေါ့။
ချစ်ရသူနဲ့ နှစ်ယောက် အေးဆေးစကားလေးတွေ
ရင်း Date ချင်တဲ့သူတွေ သူငယ်ချင်းတွေစုပီး chill
ချင်တဲ့သူတွေအတွက်တော့ သွားသင့်တဲ့နေရာလေးနော်။
ဆိုင်လိပ်စာ အမှတ် ၁၅၂၊သံလမ်းမှတ်တိုင်အနီး၊
ယောဂီကျောင်းလမ်း၊လှိုင်မြို့နယ်
ဆိုင်ဖွင့်ချိန် 11am to 9pm
Nova Garden🌴
Click here to claim your Sponsored Listing.
Category
Website
Address
Yangon