Aye Thuzar Khine - Insurance Advisor

Aye Thuzar Khine - Insurance Advisor

Share

Unit Manager at Manulife Myanmar

13/05/2026

ပြန်ရမယ့် အာမခံစုငွေ ကို ဘယ်သူက တရားဝင် ပိုင်ဆိုင်လဲ။ (Knowledge Sharing)

(က) အာမခံဝယ်သူ Policy Owner (PO)
(ခ) အာမခံထားသူ Life Insured (LI)
(ဂ) အကျိုးခံစားခွင့်ပေးထားသူ Beneficiary (Ben)

အသက်အာမခံ ပေါ်လစီစာချုပ်တစောင်ရဲ့ ခိုင်မာမှု လုံခြုံမှုက သာမာန် ငွေစုစာအုပ် တအုပ်ထက် သာလွန်ပါတယ်။

အာမခံပေါ်လစီ စည်းကမ်းချက်တွေအရ -
ပြန်ရမယ့် အာမခံစုငွေ (Maturity Benefit) ကို
(က) အာမခံဝယ်သူ (PO) ကသာ တရားဝင် ပိုင်ဆိုင်ပြီး ... သူ့ကိုသာ ထုတ်ပေးမှာ ဖြစ်ပါတယ်။
- PO သည် တရားဝင် အာမခံပရီမီယံပေးသွင်းသူ (အာမခံဝယ်သူ) ဖြစ်ပါတယ်။
- အာမခံထားသူ (LI) နဲ့ အကျိုးခံစားခွင့်ပေးထားသူ (Ben) ကို လုံးဝ မထုတ်ပေးပါ။
(အာမခံဝယ်သူ ရဲ့ တရားဝင် ကိုယ်စားလှယ်လွှဲစာ မရှိခဲ့ရင်)

ဆိုတော့ အသက်အာမခံ ထားတော့မယ် ဆိုရင်
- PO, LI, Ben ဆိုတဲ့ နေရာချထားမှု အရေးကြီးပါတယ်။
- PO နဲ့ LI သည် တဦးတည်းလည်း ဖြစ်နိုင်ပါတယ်။

ဒါဆိုရင် -
▪️အသက်အာမခံထားသူ (LI) က ဘယ် Role မှာ ရှိနေလဲ။
▪️အကျိုးခံစားခွင့်ရှိသူ (Ben) ကရော ဘယ်လို အခြေအနေမျိုးမှ ခံစားခွင့် ရနိုင်မှာလဲ။

Kyaw Kyaw - Life Insurance

Photos from Aye Thuzar Khine - Insurance Advisor's post 10/05/2026

ယနေ့ Pan Pacific ကျင်းပခဲ့တဲ့ Manulife Myanmar ရဲ့ COP အခမ်းအနား ကို စိတ်ဝင်တစားနဲ့ လာရောက်အားပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိရပါတယ်။🤝

Register လုပ်ထားတဲ့ အရေအတွက်ထက် ပိုမိုများပြားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြတာကို တွေ့ရတဲ့အတွက် အရမ်းကို ဝမ်းသာပီတိဖြစ်ရသလို၊ Manulife Myanmar ရဲ့ Insurance Advisor တစ်ဦးအနေနဲ့လည်း များစွာ ဂုဏ်ယူမိပါတယ်ရှင်။🤗

Manulife နဲ့အတူ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြသူတွေရော၊ ကျွန်မတို့ရဲ့ Products တွေကို စိတ်ပါဝင်စားစွာ စုံစမ်းမေးမြန်းခဲ့ကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုနဲ့ စိတ်ဝင်စားမှုတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့အတူ အမြဲရှိနေမှာပါ။ ☘️☘️☘️

ရှေ့ဆက်ပြီးတော့လည်း လူကြီးမင်းတို့ရဲ့ ဘဝခရီးလမ်းမှာ Manulife နှင့်အတူ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကို အတူတူ ပုံဖော်သွားကြရအောင်နော်။ 💚🌿

Photos from Aye Thuzar Khine - Insurance Advisor's post 07/05/2026

ကျန်းမာနေစဉ်မှာ "တုံးလုံးစာ" အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ပါ။

ဝေဒနာရှင် များရဲ့ အကူအညီတောင်းခံမှု posts တွေကိုတွေ့ရတိုင်း စိတ်မကောင်းဖြစ်ရသလို "ရှင်သန်ချင်တဲ့ဆန္ဒ" နဲ့ "ငွေကြေးအခက်အခဲ" ကြားမှာ ဗျာများနေရတဲ့ ဒုက္ခဟာ တကယ်တော့ ဘယ်သူ့ဆီကိုမဆို ရောက်လာနိုင်တဲ့ အခြေအနေမျိုးဆိုတာလည်း ပိုနားလည်လာရတယ်။

ကျန်းမာရေးနဲ့ အသက်အာမခံအကြောင်း ပြောတဲ့အခါ ကျွန်မတို့မှာ စေတနာနှစ်ခုပဲ ရှိပါတယ်။

၁။ မိတ်ဆွေတွေမှာ ရောဂါဘယဖြစ်လာရင် ငွေကြေးကြောင့် ကုသမှုမရပ်တန့်သွားစေဖို့။ 💸
၂။ လူ့အသက်ကို ငွေနဲ့ဝယ်လို့မရပေမယ့်၊ ဆေးကုသစရိတ်ကိုတော့ ငွေနဲ့ပဲ ဖြေရှင်းရတာမို့ အလှူခံစရာမလိုဘဲ ဂုဏ်သိက္ခာရှိရှိ ကုသနိုင်စေဖို့ပါ။ 🌿

အာမခံဆိုတာ စျေးမကြီးပါဘူး။ တစ်နှစ်ကို (၅) သိန်းဝန်းကျင်ကစပြီး မိမိနဲ့ကိုက်ညီတာကို စုဆောင်းထားလို့ရပါတယ်။
ဆေးရုံစရိတ်က စျေးစစ်လို့မရပါဘူး။ ဒါကြောင့် မတ်တပ်ရပ်နိုင်သေးတဲ့အချိန်မှာ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက် အကာအကွယ်တစ်ခု ကြိုလုပ်ထားဖို့ တိုက်တွန်းပါရစေ။

အသေးစိတ်သိချင်ရင်တော့ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်ရှင်။

Aye Thuzar Khine
Unit Manager (Manulife Myanmar)
09 766916144

Photos from Aye Thuzar Khine - Insurance Advisor's post 02/05/2026

အသက်အာမခံထားဖို့ အကောင်းဆုံးအချိန်က ဘယ်တော့လဲ? ⏳

လူတစ်ယောက်ရဲ့ ဘဝမှာ အသက် (၃၀) ကနေ (၅၀) ကြားဟာ အာမခံထားဖို့ အသင့်တော်ဆုံးနဲ့ အရေးကြီးဆုံး အရွယ်ပဲ ဖြစ်ပါတယ်။

💡ဘာကြောင့် ဒီအရွယ်မှာ ထားသင့်တာလဲ?⁉️

#တာဝန်အရှိဆုံးအရွယ် မိသားစုကို ဦးဆောင်နေရပြီး ကိုယ့်အပေါ် မှီခိုနေတဲ့သူတွေ အများဆုံးရှိတဲ့ အချိန်ဖြစ်လို့ပါ။👨‍💼👩‍💼

#ကျန်းမာရေးကောင်းမွန်ဆဲအရွယ် အသက်ကြီးလာတာနဲ့အမျှ ဆေးစစ်ချက်အောင်ဖို့ ခက်ခဲလာနိုင်သလို၊ အာမခံကြေး (Premium) ကလည်း ပိုများလာတတ်ပါတယ်။💸

#ဘဏ္ဍာရေးအကာအကွယ် မတော်တဆမှု ဒါမှမဟုတ် ကျန်းမာရေးပြဿနာကြောင့် ဝင်ငွေပြတ်တောက်သွားရင်တောင် မိသားစုရဲ့ ရှေ့ရေး မယိမ်းယိုင်အောင် အာမခံက ဝိုင်းဝန်းဖြေရှင်းပေးနိုင်ပါတယ်။💰

🌾မိသားစုကို ချစ်တယ်ဆိုရင် သူတို့အတွက် ရှာဖွေစုဆောင်းပေးရုံတင်မကဘဲ အရေးပေါ်အခြေအနေတွေအတွက်ပါ "အသက်အာမခံ" နဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်ရှင်။

🍀 အာမခံနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Messenger မှာ အခမဲ့ ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင့်။

29/04/2026

လုပ်ငန်းရှင်သူဌေးတစ်ယောက်ကပြောတယ်
ကျွန်တော့်မိသားစုအတွက် လုံလောက်တာထက်ပိုပြီးရှာနိုင်နေတာပဲ ဘာဖြစ်လို့ ကျွန်တော်က အသက်အာမခံထားရမှာလဲတဲ့

ဟုတ်လည်းဟုတ်တယ်
တကယ်လည်းပိုက်ဆံတွေအများကြီးရှာနိုင်နေတော့ သူရုတ်တရက်သေသွားမယ်ဆိုရင်တောင် သူ့မိသားစုကအခြေပျက်စရာမရှိဘူးလို့တွေးမှာပေါ့

သူဌေးတွေ ဘာကြောင့်အသက်အာမခံထားရတာလဲဆိုတာပြောပြမယ်

၁။ သူဌေးအများစုက ငွေတွေ၊ ရွှေတွေချည်းကိုင်ထားကြတာမဟုတ်ဘူး။ သူတို့ရဲ့ပိုင်ဆိုင်မှုအများစုက စီးပွါးရေးလုပ်ငန်း၊ အိမ်ခြံမြေလိုမျိုး ချက်ချင်းငွေမပေါ်နိုင်တဲ့ ပိုင်ဆိုင်မှုတွေများတယ်။ အိမ်ထောင်ဦးစီး ရုတ်တရက်သေဆုံးမှုဖြစ်တယ်ဆိုရင် အသက်အာမခံထားထားခြင်းက ကုန်ကျစရိတ်တွေကို Cover ဖြစ်ဖို့အတွက် အရံငွေအနေနဲ့ အလုပ်လုပ်ပါလိမ့်မယ်။

၂။ အသက်အာမခံနဲ့ အမွေကိစ္စတွေ စီမံခန့်ခွဲထားလို့ရတယ်။ ဗုဒ္ဓဘာသာတွေဟာ ဥပဒေအရ သေတမ်းစာရေးပြီး ကိုယ့်ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးထားလို့မရဘူး။ အသက်အာမခံထားထားတယ်ဆိုရင် မိသားစုအတွက် မိမိစိတ်ကြိုက်ခွဲဝေစီမံထားထားလို့ရတယ်။ အသက်အာမခံကရတဲ့ပိုက်ဆံကို ဘယ်သူကမှအမွေလာလုလို့မရသလို အခွန်လည်းဆောင်စရာမလိုပါဘူး။

၃။ ငွေတွေအများကြီး ရှာပေးနိုင်ပါတယ်ဆိုတဲ့ စီးပွါးရေးလုပ်ငန်းက လုပ်ငန်းကို အဓိကမောင်းနှင်နေတဲ့သူ ရုတ်တရက်သေဆုံးသွားရင် လုပ်ငန်းလည်ပတ်မှုကို အကြီးအကျယ်ထိခိုက်နိုင်ပါတယ်။ လုပ်ငန်းအကြွေးတွေရှိနိုင်ပြီး လုပ်ငန်းသာရပ်တန့်သွားခဲ့ရင် ဒီအကြွေးတွေပြန်ဆပ်ဖို့ခက်ပါတယ်။ အသက်အာမခံထားထားမယ်ဆိုရင် ဒီလိုခက်ခဲတဲ့ကာလမှာ အထောက်အကူဖြစ်နိုင်ပါတယ်။

ကိုယ့်တစ်နှစ်ဝင်ငွေရဲ့ 3-5% လောက်ကိုသုံးပြီး အာမခံထားပါ

Dr. Phyo


Dr.Phyo

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 11, Corner Of Kan Yeik Thar Road & U Aung Myat Road, #16, Kantharyar Office Tower
Yangon