Shwe Lann Thit Mobile Sale & Service Insein
Welcome to our Mobile Shop
ချစ် customer လေးတွေကို ၃ရက်နေ့ညကအဖြစ်ပျက်လေးတစ်ခုရင်ဖွင့်ပါရစေရှင့်
၃ရက်နေ့ကကျမတို့ဆိုင်လေးမှာတစ်နေကုန်လူမပြတ်အောင် service ပေးခဲ့ရပြီး
ညနေပိုင်းမှာ လူအရမ်းကျပါတယ်
ကျမရဲ့ customer ကိုအကောင်းဆုံးဝန်ဆောင်မူပေးဖို့အဓိဖြစ်တာမို့
စောင့်နေရတာကြာတာကျမ မလိုချင်ပါဘူး
ဒါကြောင့်ကျမ ဝန်ထမ်းသစ်ပါထပ်တိုးခန့်ထားသေးတယ်ရှင့်
အဲ့နေ့ညနေက ချစ်customer အစ်မ တစ်ယောက်က
ဖုန်းbill ၁၀၀၀. ၂ကတ်ဝယ်ပါတယ်ရှင့်
စည်းထားတယ့်ငွေဖြည့်ကတ်မှာ အပေါ်က၅ထောင်တန်
၂ကတ်က ဖြုတ်ထားပြီးသားဖြစ်ပြီး ၁ထောင်ကတ်တွေမဖြုတ်ရသေးတာကြောင့် ကျမ တစ်ခြား customer မှာကို
လုပ်ပေးချင်တာနဲ့ ဝန်ထမ်းအသစ်စက်စက်လေးကို
ညီမလေးရယ် ၁ထောင်၂ကတ်ဖြုတ်ပေးလိုက်ပါဦးဆိုပြီး
ကလေးမကို ပဲပေးခိုင်းလိုက်ပါတယ်ဝန်ထမ်းအသစ်က
အလုပ်ဆင်းတာ၂ရက်ပဲရှိပါသေးတယ်
သူလဲ ပေးပြီးတာနဲ့ကျန်တယ့်ကတ်တွေကျမကိုပြန်ပေးပါတယ် ကျမက ကြည့်လိူက်တော့ ၅ထောင်၂ကတ်ကမရှိတော့ဘူးရှင့် ညီမလေး အပေါ်က ၂ကတ်ကိုပေးလိုက်တာလားသေချာမေးတော့ ဟုတ်တယ်အစ်မတယ့်
ညီမရယ် အဲဒါ ၅ ထောင်တန်တွေလေဆိုတော့
ကလေးမက customer နောက်ပြေးလိုက်သွားပါတယ်
သူက လူကိုတောင်သေချာသိမှာမဟုတ်ပါဘူး
ဆိုင်ကစာရေးမဟောင်းက အဲ့အစ်မကိုသိတယ်ထားထားလိုက်တယ့် ကျမလဲ အသစ်မို့မဆူချင်တာနဲ့ရတယ်
ညီမလေးသူပြန်လာပေးပါလိမ့်မယ်လို့ပဲနှစ်သိမ့်ပေးလိုက်ပါတယ် ကလေးမလေးက အရမ်းစ်ိတ်မကောင်းဖြစ်ပြီး ကျမကိုသူ့ကိုထမင်းစားရိတ်ပေးထားတယ့်ထဲက ၁သောင်းကိုသူပြန်ပေးရှာတယ် အစ်မရယ်ယူပါတယ့် သမီးရင်တုန်လွန်းလို့ပါတယ့်
ကျမ မယူရက်ပါဘူး သူ့အတွက်ငွေ၁သောင်းက ဘယ်လောက်တန်ဖိုးရှိလဲကျမသိတယ်လေ
အသင်ကာလမှာ သူမှားတာသူ့အတွက် သင်ခန်းစာ ပဲမလို့သူ့ကိုနောက်မမှားဖို့ပဲ
ပြောလိုက်ပါတယ်
ထို customer အတွက်တော့ ကျမတကယ် စိတ်မကောင်း
ဖြစ်မိပါတယ်
ကျမက ခဏခဏ ဖုန်း bill လှူနေတာပဲလေ
လှူတယ်ပဲ သဘောထားလိုက်ပါတယ်
ဘဝမှာ ငွေ ထက်ပို အရေးကြီးတာက
လူတစ်ယောက်ရဲ့တန်ဖိုး
ပြီးတော့ အခြားလူတစ်ယောက်က အဲ့လူအပေါ်ထား
တယ့် ယုံကြည်မူ ပါ
ဒါတွေကို မရိုက်ချိုးမိပါစေနဲ့
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11011