Chit Min Hein - HR Coach
Corporate Trainer & HR Consultant
29/01/2026
The 5 Ps of Effective Learning & Development
အလျင်အမြန်နဲ့ ပြောင်းလဲနေသော ခေတ်ကြီးမှာ လုပ်ငန်းထဲ Learning Culture တစ်ခုဖွံ့ဖြိုးတိုးတက်စေဖို့ Learning & Development (L&D) အပိုင်းကို ဖြစ်သလိုမလုပ်ဘဲ ရည်ရွယ်ချက်ရှင်းလင်းစွာနဲ့ စနစ်တကျ ဆောင်ရွက်ရပါမည်။
အချိန်ကြာလာသည်နှင့်အမျှ ထိရောက်သော L&D Strategies များသည် အဓိက P ၅ ခု ကို အမြဲတမ်း ကိုက်ညီစွာ အခြေခံထားကြောင်း တွေ့ရှိရပါသည်။
✅Purpose (ရည်ရွယ်ချက်) – သင်ယူမှုသည် လုပ်ငန်းရည်မှန်းချက်များနှင့် တစ်ဦးချင်း၏ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ပြတ်သားစွာ ချိတ်ဆက်ထားရပါမည်။ “ဘာကြောင့် သင်ယူရသလဲ” ဆိုတာ မရှင်းလင်းပါက ထိရောက်မှုမှာ ကန့်သတ်နေမည်ဖြစ်ပါသည်။
✅People (လူများ) – L&D သည် Programmin များသာမက လူများအကြောင်း ဖြစ်ပါသည်။ သင်ယူသူများ၏ လိုအပ်ချက်၊ စိတ်အားထက်သန်မှုနှင့် အလုပ်အကိုင်ရည်မှန်းချက်များကို နားလည်နိုင်ပါက ဖွံ့ဖြိုးတိုးတက်မှုသည် အဓိပ္ပါယ်ရှိလာပါမည်။
✅Process (လုပ်ငန်းစဉ်) – စနစ်တကျ ဖွဲ့စည်းထားသော Learning Journey များသည် အရေးကြီးပါသည်။ Onboarding မှ စ၍ Leadership Development အထိ တည်ငြိမ်မှုနှင့် ရှင်းလင်းပြတ်သားမှုတို့က ရလဒ်ကောင်းများကို ဦးဆောင်ပေးပါမည်။
✅Performance (စွမ်းဆောင်ရည်) – သင်ယူမှုသည် စွမ်းဆောင်ရည်တိုးတက်မှုအဖြစ် ပြောင်းလဲနိုင်ရပါမည်။ ကျွမ်းကျင်မှုများ၊ အပြုအမူများနှင့် စွမ်းရည်များကို တိုင်းတာနိုင်ပြီး အလုပ်တွင် အမှန်တကယ် အသုံးချနိုင်ရပါမည်။
✅Progress (တိုးတက်မှု) – Continuous feedback ၊ ပြန်လည်သုံးသပ်မှုနှင့် တိုးတက်အောင် ပြုပြင်ညှိနှိုင်းမှုများက သင်ယူမှုကို အဖွဲ့အစည်းနှင့် ဝန်ထမ်ူတစ်ဦးချင်းဆီ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ဆက်လက်ပြောင်းလဲစေပါသည်။
❗5 Ps များကို အတူတကွ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါက L&D သည် ထောက်ပံ့ရေးလုပ်ဆောင်ချက်တစ်ခုသာ မဟုတ်တော့ဘဲ မဟာဗျူဟာဆိုင်ရာ အားသာချက်တစ်ခုအဖြစ် ပြောင်းလဲလာမှာ သေချာပါသည်။
Ref : Linkedin
Skills speak louder than words.
Chit Min Hein (HR Coach)
➡️www.chitminhein.com
26/12/2025
ဒီစာအုပ် (၂)အုပ်ကို ဆိုရိုးလေးတစ်ခုနဲ့
တင်စားရမယ်ဆိုရင်ဖြင့် 🤔
"သင့်ကို ငါး..ပါပေးတာမဟုတ်ဘူး..
ငါးဖမ်းနည်း ကွန်ချက်ပါ" သင်ပေးလိုက်မယ့် စာအုပ်ကောင်းတွေပါ ..
ပြန်သင်စားမယ့် သင်တန်းဆရာတွေ အကြိုက်ပေါ့ဗျာ (အေးဆေးလေး ခေါင်းဖောက်စားရုံ) 😬
ဆရာချစ်ကို credit လေးတော့ ပေးပေါ့
(ပေးမှာလည်း မဟုတ်ပါဘူး)😂
မတွန့်တိုဘူးနော်
စာအုပ်ဝယ်ပြီး တလွဲတွေတော့ မသင်ကြားစေလို 🤗
📙မြန်မာလို HR သင်ရိုးစာအုပ်
https://www.facebook.com/share/p/1UqnPEp81H/?mibextid=wwXIfr
📘KPI Setup စာအုပ် (မြန်မာလို)
https://www.facebook.com/share/1Myorj4Cje/?mibextid=wwXIfr
Chit Min Hein (HR Coach)
➡️www.chitminhein.com
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
11041