Our PITCH

Our PITCH

Share

Our Home, Our Game, Our Pitch

Photos from Our PITCH's post 01/08/2022

နိုင်ငံနဲ့ ကလပ်အသင်း နှစ်ခုစလုံးအတွက် အသင်းခေါင်းဆောင် တာဝန်ယူခွင့်ရခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် မာတင် အိုဒီဂတ်ဟာ နိုင်ငံနဲ့ ကလပ်အသင်း နှစ်ခု စလုံးအတွက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်း ဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

19/07/2022

လေ့ကျင့်ရေးကွင်းမှာ ဂိုးသွင်းကြမ်းနေတဲ့ ဟာလန်း
-------------------
မန်စီးတီးတိုက်စစ်မှူးသစ်ဖြစ်တဲ့ ဟာလန်းတစ်ယောက် လေ့ကျင့်ရေးကွင်းမှာ ဂိုးသွင်းကြမ်းနေတာကို အသင်းက ထုတ်ပြန်တဲ့ Video File မှာမြင်တွေ့ရပါတယ်။

ဒေါ့မွန်ကနေ ပြောင်းရွှေ့လာတဲ့ နော်ဝေတိုက်စစ်မှူးဟာ မန်စီးတီးအသင်းရဲ့အမေရိကန်လေ့ကျင့်ခြေစမ်းခရီးစဉ်ကို လိုက်ပါခဲ့ပြီး အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ အင်တိုက်အားတိုက်ပါဝင်နေတာပါ။ မန်စီးတီးရဲ့ Video File မှာ ဟာလန်းရဲ့ဂိုးသွင်းပုံတွေကိုကြည့်ပြီး ပရိသတ်တွေက ဟာလန်းရဲ့သွင်းဂိုးတွေကြောင့် ဂိုးသမား အီဒါဆင်တောင် စိတ်ပျက်ပြီး ကွင်းဘေးထွက်ထိုင်နေရတယ်ဆိုပြီး Twitter မှာ နောက်ပြောင်မှတ်ချက်ပြုရေးသားနေကြပါတယ်။

ဟာလန်းရဲ့လေ့ကျင့်ရေးကွင်းက သွင်းဂိုးတွေကိုကြည့်ပြီး လာမယ့်ရာသီအတွက် ပရီးမီးယားလိဂ်ဂိုးသမားတွေကတော့ အိပ်မက်ဆိုးတွေ ကြိုမက်နေလောက်ပါပြီ။

Photos from Our PITCH's post 16/07/2022

Morning News
------------------
- ဘရန့်ဖို့ဒ်အသင်းနဲ့ စာချုပ်ပြည့်သွားခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကို မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပြီး ၃နှစ် စာချုပ်လိုက်တယ်လို့ သိရပါ တယ်။
- လိဒ်ယူနိုက်တက်အသင်းက အသက် ၂၅နှစ်အရွယ် ဘရာဇီးကြယ်ပွင့် ရာဖင်ဟာကို စပိန်ထိပ်သီး ဘာစီလိုနာအသင်းက ပေါင် ၅၅သန်းနဲ့ အပြီးသတ် ခေါ်ယူ စာချုပ်လိုက်ပါပြီ။
- ဂနာဘရီဟာ ဘိုင်ယန်အသင်းမှာသာ ဆက်နေဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် သူ့ကို ခေါ်ယူချင်နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ မျှော်လင့်ချက်တွေ ဆိတ်သုန်းသွားခဲ့ရပါပြီ။
- အာဆင်နယ်အသင်းဟာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ အိုင်ဗရီကို့စ် တောင်ပံ ကစားသမား နီကိုလပ်စ် ပေပေကို ပေါင် ၇၂သန်းအောက်စျေးနဲ့ ရောင်းထုတ်ဖို့ စီစဥ်နေပြီလို့ သိရပါ တယ်။

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11101