Hnin's Era

Hnin's Era

Share

Hi, I'm Hnin and welcome in my era. I sincerely would like to share my life how I have been going through and the knowledge that I've got in the UK.

10/08/2026

ပင်လယ်နဲ့မြို့လေးပေါင်းစပ်ထားတဲ့ Dartmouth ⛵️

08/08/2026

A new chapter begins. I’m officially a ICT Consultant in the UK 🇬🇧

UK ကိုရောက်လာပြီးတဲ့နောက်မှာ အရာအားလုံးက အမြဲတမ်း လွယ်ကူခဲ့တာတော့မဟုတ်ဘူး. ကိုယ့်နိုင်ငံရဲ့အခြေအနေနဲ့ယှဉ်ရင်တော့ လွတ်လပ်ပြီး အသက်ရှူချောင်ပေမဲ့ ကိုယ်ရှိနေတဲ့နေရာတစ်ခုကို လွှတ်ချခဲ့ပြီးတော့ completely opposite ဖြစ်တဲ့ တိုင်းပြည်မှာ ရပ်တည်နိုင်ဖို့အတွက် အားလုံးကို သုညကနေပြန်စခဲ့ရတယ်

ခုတော့ IT consultant အဖြစ် အလုပ်ရရှိခဲ့ပါပြီ. ဒီအလုပ်ရဖို့ ကြားထဲ့မှာ 4လ လောက် ကြာခဲ့တယ်. ကျောင်းတက်ကတည်းကနေ ဒီအလုပ်မရခင်ထိ Part time jobs သုံး လေး ခုလောက် လုပ်ခဲ့တယ်. အကြာဆုံးလုပ်ခဲ့တဲ့ အလုပ်ကတော့ Japanese restaurant တစ်ခုမှာ Manager အနေနဲ့လုပ်ခဲ့တာပဲ.

လုပ်နေရင်းနဲ့ အားတဲ့အချိန်မှာ အလုပ်လျှောက်ဖို့ သေချာလေး focus လုပ်ခဲ့တယ်. Company ၂၀ ကျော်လောက်ကို CV သေချာလေးပြင်ပြီး လျှောက်ခဲ့တယ်. အဲ့ဒီထဲမှာ interview second stage လောက်ထိပါပြီး reject ဖြစ်တာတွေလဲရှိတယ်. Ghost လုပ်ခံရတာတွေလဲရှိတယ်. ပထမဆုံး interview ဖြေပြီး reject ခံရတုန်းကဆို စိတ်ဓါတ်တွေကျပြီး ကိုယ့်ကိုကိုယ် လုပ်နိုင်ပါ့မလားဆိုပြီး give up လုပ်ပြီး comfort zone ထဲမှာပဲနေဖို့ တွေးမိလိုက်သေးတယ်. အဲ့ဒိအချိန်မှာ ကိုယ့်ကို ဘေးကနေ အားပေးခဲ့တဲ့ သူကိုလည်း တကယ်ကျေးဇူးတင်တယ်.

နောက်ပြီး ကိုယ့်စိတ်ကလေ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ သေချာသိပြီး ကိုယ်ဖြစ်ချင်တဲ့ ပုံစံကို အမြဲ ကိုယ့်ကိုကိုယ် manifesting လုပ်ပါ. အဓိက က ဘယ်လိုပဲ reject ဖြစ်ခံရပါစေ စိတ်ဓာတ်မကျပဲ consistency ရှိဖို့ပဲ.

Telephone

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Hnin's Era posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.