Wai Lin - Learn Business Intelligence

Wai Lin - Learn Business Intelligence

Share

MBA | BIDA® | Ph.D (Candidate)
Instructor and Certified Business Intelligence & Data Analyst | Sales & Marketing Professional

19/04/2026

ကိုယ့်ရဲ့ Dashboard Design ကို တိုးတက်အောင် လုပ်ချင်တယ်ဆိုရင် အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ခုကတော့ တစ်ခြားသူများ ဖန်တီးထားတဲ့ Dashboard တွေကို လေ့လာပြီး သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သေချာသုံးသပ်ခြင်းပါပဲ။

အဲဒီလို သုံးသပ်ရာမှာလည်း ငါသာဆို ဒီနေရာကို ဘယ်လိုပြောင်းမလဲ၊ ဘယ်လိုလုပ်ရင် ပိုကောင်းသွားမလဲ ဆိုတဲ့အမြင်နဲ့ စဉ်းစားလေ့ကျင့်သွားဖို့ လိုပါတယ်။

အခုပုံမှာ မြင်နေရတာက တမင်တကာ မလှတဲ့ Power BI Report Example ကို Inspired လုပ်ပြီး ဖန်တီးထားတာပါ။ (LinkedIn မှာ တွေ့ရတတ်တဲ့ Bad Design တွေလိုမျိုးပါ)

ဒီ Report ကို ကြည့်ပြီး ဘာ Problem တွေရှိလဲ လေ့လာကြည့်ရအောင်။

🎨 Color & Design Problems

1. Color များလွန်းခြင်း
Report ထဲမှာ Color ကို အလွန်အကျွံ သုံးထားပါတယ်။ Top cards တွေမှာ Card တစ်ခုချင်းစီ color မတူသလို Visual တစ်ခုချင်းစီမှာလည်း consistency မရှိပါဘူး။

2. Busy Background
နောက်ခံမှာ Toy image ကြီးတစ်ခုရှိပြီး Theme အနေနဲ့ OK ဖြစ်ပေမယ့် Too big + Too colorful ဖြစ်နေပါတယ်။ Data ကို အာရုံစိုက်ဖို့ ခက်ခဲစေပါတယ်။

3. Over-labeling
Line chart မှာ Data labels များလွန်းပြီး Overlap ဖြစ်နေပါတယ်။ တချို့ labels တွေလည်း မပေါ်တော့ပါဘူး။ Trend ကိုမြင်ရတာ ခက်ခဲစေပါတယ်။

4. Readability Issue
Visual တချို့မှာ Space မလုံလောက်ဘဲ ဖတ်ရှုရတာ မရှင်းလင်းပါဘူး။ Redesign လိုအပ်ပါတယ်။

5. Spacing မကောင်းခြင်း
Visual တွေ တစ်ခုနဲ့တစ်ခု နီးကပ်လွန်းပြီး Clutter ဖြစ်နေသလို ခံစားရပါတယ်။

6. Alignment မညီခြင်း
Slicers နဲ့ Visual တွေ Alignment မတိကျဘဲ Overall look က Professional မဖြစ်ဘဲ Messy ဖြစ်နေပါတယ်။

🔧 Improvement Plan
Color ကို Reduce လုပ်မယ်
Clutter ကို Remove လုပ်မယ်
Layout ကို Clean လုပ်မယ်

ဒီအချက်တွေကို ပြင်ဆင်နိုင်ရင် Dashboard Design ကို သိသာထင်ရှားစွာ Improve လုပ်နိုင်ပါတယ်။

ဒီ Project ကို ကိုယ်တိုင် Practice လုပ်ချင်သူများကို ဒီ Channel ကို Join လုပ်ဖို့ ဖိတ်ခေါ်ပါတယ်။

Channel Link: https://www.messenger.com/channel/wailinlearnbusinessintelligence

Channel အတွင်းမှာ Project File ကို Share ပေးထားပြီး Power BI ကို စနစ်တကျ လေ့လာလိုသူများအတွက် Knowledge Sharing နှင့် Practical Practice များကိုလည်း ရရှိနိုင်ပါတယ်။

Wai Lin - Learn Business Intelligence

16/04/2026

ဒီနေ့ အပျော်သဘောနဲ့ Quiz လေးတစ်ခု Run ကြည့်လိုက်ရအောင်။

ကိုယ်ဖန်တီးခဲ့တဲ့ Power BI Report Design က တကယ်ကောင်းလား၊ မကောင်းဘူးလားဆိုတာ စမ်းကြည့်မယ်နော် ။

မေးခွန်း (၁)
Power BI Design မှာ Color ဘယ်နှစ်မျိုးသုံးထားလဲ?
ခဏစဉ်းစားကြည့်ပါ။

အကယ်၍ အဖြေက (၃) မျိုးထက်နည်းတယ်ဆိုရင်တော့ လမ်းကြောင်းမှန်ပေါ်မှာရှိနေပါတယ်။ (များလေလေ design ကရှုပ်ထွေးလေလေ ဖြစ်နိုင်ပါတယ်)

မေးခွန်း (၂)
Design မှာ ဘယ် Font သုံးထားလဲ?

Times New Roman သို့မဟုတ် Comic Sans လို့ ပြောလိုက်ရင်တော့…
အိုး… ပြောစရာတွေ အများကြီးရှိနေပြီနော် 😅

မေးခွန်း (၃)
Report မှာ Background Image အနေနဲ့ ဓာတ်ပုံတစ်ပုံ၊ ဒါမှမဟုတ် Artwork တစ်ခု ထည့်ထားလား?

Yes လို့ ပြောလိုက်ရင်တော့ သိပ်မကောင်းပါဘူး။
ဘာကြောင့် မလုပ်သင့်လဲဆိုတာကို နောက်ပိုင်းမှာ ပြန်ရှင်းပြပါမယ်။

မေးခွန်း (၄)
Report Page မှာ Slicer ဘယ်နှစ်ခုရှိလဲ?

Double digits (၁၀ ကျော်) ဆိုရင်တော့ အနည်းငယ် သတိထားဖို့လိုပါတယ်။ များလွန်းရင် User Experience ကို ထိခိုက်စေနိုင်ပါတယ်။

မေးခွန်း (၅)
Visuals တွေအတွက် Title ကို ကိုယ်တိုင်ရေးထားတာလား?
ဒါမှမဟုတ် Power BI ကိုပဲ Auto Generate လုပ်ခိုင်းထားတာလား?

Power BI လို့ မပြောလိုက်ပါနဲ့နော် 😅။

မေးခွန်း (၆)
ကိုယ်ပိုင် Color Palette သုံးတာလား? ဒါမှမဟုတ် Default Power BI Color Palette ကိုပဲ အမြဲသုံးနေလား?

Default Colors တွေကိုပဲ သုံးနေတယ်ဆိုရင်တော့ Design ကို next level တစ်ခုသို့ တက်ဖို့ အခွင့်အရေးတွေ ကျန်နေပါသေးတယ်။

မေးခွန်း (၇)
တစ်ယောက်ယောက်က မင်း Report Design က မကောင်းဘူး လို့ ပြောရင် Comfortable ဖြစ်လား?

မဖြစ်လည်း ပြဿနာမရှိပါဘူး။ ဒါပေမယ့် Feedback ကို လက်ခံနိုင်ခြင်းက Designer တစ်ယောက်အတွက် အရေးကြီးဆုံး Skill တစ်ခုပါ။

ဘာလို့လဲဆိုတော့ မတူညီတဲ့ လူတွေ၊ မတူညီတဲ့ Preference တွေအတွက် Design လုပ်နေရတာဖြစ်လို့ပါ။ တစ်ယောက်အတွက် မကောင်းတာတစ်ခုက တစ်ယောက်အတွက် အရမ်းကောင်းနေနိုင်ပါတယ်။

Wai Lin - Learn Business Intelligence

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon