My Perfume Yangon

My Perfume Yangon

Share

လူတန်း စားမရွေး Branded ရေမွှေး သုံးရသည့် ခံစားချက်နှင့် ထပ်တူကြ၍ ပေးရတဲ့ စျေးနှုန်းနှင့် ကျေနပ်စေရန်

19/03/2026

သင်္ကြန်ရက်တွေမှာ အများနှင့်မတူ လူအများကြားမှာ ထင်ရှားပေါ်လွင်နေဖို့ "My Perfume" က အဆင်သင့်ဖြစ်နေပါပြီ။ ✨

သင်္ကြန်ရေပက်ခံထွက်တဲ့အခါပဲဖြစ်ဖြစ်၊ ရေစိုနေရင်တောင်မှ ကိုယ့်ဆီကနေ လွင့်ပျံ့လာတဲ့ မွှေးရနံ့လေးက အမြဲလန်းဆန်းနေဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ "Inspired Perfume" တွေဟာ နာမည်ကြီး Brand ရဲ့ မူရင်းရနံ့အတိုင်း တထပ်တည်းနီးပါး ရရှိနိုင်ရုံတင်မကဘဲ...

✅ တစ်နေ့တာလုံး စွဲမြဲတဲ့ ရနံ့ - မနက်က စဖြန်းလိုက်တာနဲ့ ညနေထိတိုင် အနံ့ပျောက်မသွားဘဲ ကြာရှည်ခံပါတယ်။
✅ ပြင်းပြမှုနဲ့ နူးညံ့မှု အချိုးညီခြင်း - လူအများကြားမှာ နှာခေါင်းမရှုံ့ရဘဲ လူတိုင်းလှည့်ကြည့်ချင်လောက်တဲ့ ဆွဲဆောင်မှုရှိတဲ့ ရနံ့မျိုးပါ။
✅ Budget Friendly - ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးမြင့်မားတာမို့ သင်္ကြန်အတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။

သင်္ကြန်တွင်းမှာ ကိုယ့်ရဲ့အမှတ်တရတွေကို ပိုမိုမွှေးပျံ့စေဖို့၊ လူစုလူဝေးကြားမှာ ကိုယ်ပိုင် Signature Scent လေးနဲ့ ထူးခြားနေဖို့ "My Perfume" ကို အခုပဲ စမ်းသုံးကြည့်လိုက်ပါ။ 🌸💧

10 ml - 10000 kyats
30 ml - 28000 kyats

ပြန်လည်ရောင်းချလိုသူများအတွက်လည်း သီးသန့်စျေးလေးတွေ ရှိပါတယ်နော် ..❤️

အနံ့လေးတွေနဲ့ ပတ်သက်ပြီး စိတ်ကြိုက်ရွေးချယ်ချင်တယ်ဆိုရင် Page Messenger မှာ အခုပဲ Chat ပေးလိုက်နော်။📩

Ph / Viber - 09989521236

Photos from My Perfume Yangon's post 31/12/2025

Wei-bies လေးတို့အတွက် ၂၀၂၆ က လုံးဝကို အချစ်ရေးကံကောင်းဖို့နဲ့ ငွေကြေးပိုင်းဆိုင်ရာတွေမှာ အပူပင်ကင်းစွာနေရဖို့ စပျစ်သီးစားခြင်း အကြောင်းလေးပြောပြပေးမယ်နော်…

နှစ်သစ်ကူးညမှာ စပျစ်သီး ၁၂ လုံးစားတဲ့ ဓလေ့ဟာ စပိန်နိုင်ငံ ကနေ စတင်ခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာ့နေရာအတော်များများမှာ ခေတ်စားနေတဲ့ ချစ်စရာ ဓလေ့တစ်ခုဖြစ်နေပါပီ..

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်အလက်တွေကတော့

ဒီဓလေ့ကို "Las doce uvas de la suerte"

(The twelve grapes of luck) လို့ခေါ်ပါသတဲ့။

* စပျစ်သီး ၁၂ လုံးဟာ လာမယ့်နှစ်သစ်ရဲ့ ၁၂ လ (ဇန်နဝါရီကနေ ဒီဇင်ဘာအထိ) ကို ကိုယ်စားပြုတာပါတဲ့..

၁။ ဇန်နဝါရီ (January) - "အစပျိုးခြင်း" 🌱
• အဓိပ္ပာယ် - နှစ်သစ်ရဲ့ ပထမဆုံးလ ဖြစ်တဲ့အတွက် လုပ်ငန်းသစ်တွေ၊ အစီအစဉ်သစ်တွေ စတင်နိုင်ဖို့ ခွန်အားပေးပါ။ စိတ်သစ်လူသစ် စတင်နိုင်ပါစေ။

၂။ ဖေဖော်ဝါရီ (February) - "မေတ္တာတရား" ❤️
• အဓိပ္ပာယ် - ချစ်သူများနေ့ ရှိတဲ့လ ဖြစ်လို့ အချစ်ရေး ကံကောင်းဖို့၊ ချစ်ရသူတွေနဲ့ အဆင်ပြေဖို့၊ ကိုယ့်ကိုချစ်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေဖို့ ရည်ရွယ်ပါတယ်။

၃။ မတ် (March) - "တိုးတက်မှု" 📈
• အဓိပ္ပာယ် - လုပ်ငန်းခွင် (သို့) ပညာရေးမှာ ရာထူးတိုးဖို့၊ အရည်အချင်းတွေ ပိုတိုးတက်လာဖို့ ဆုတောင်းလေ့ရှိပါတယ်။

၄။ ဧပြီ (April) - "ပျော်ရွှင်မှု" 🎉
• အဓိပ္ပာယ် - (မြန်မာနိုင်ငံမှာဆိုရင် သင်္ကြန်ကာလဖြစ်လို့) စိတ်ညစ်စရာတွေကင်းပြီး ပျော်ရွှင်စရာတွေပဲ ကြုံရပါစေ၊ ဘေးအန္တရာယ် ကင်းရှင်းပါစေ။

၅။ မေ (May) - "ကျန်းမာရေး" 💪
• အဓိပ္ပာယ် - ရာသီဥတု ပြောင်းလဲတတ်တဲ့ အချိန်ဖြစ်လို့ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းပါစေ။

၆။ ဇွန် (June) - "တည်ငြိမ်မှု" ⚖️
• အဓိပ္ပာယ် - နှစ်တစ်ဝက် ရောက်ပြီဖြစ်လို့ စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားနိုင်ဖို့ စိတ်ဓာတ်ခွန်အားနဲ့ တည်ငြိမ်မှုကို တောင်းဆုပြုပါတယ်။

၇။ ဇူလိုင် (July) - "မိသားစု" 👨‍👩‍👧‍👦
• အဓိပ္ပာယ် - မိသားစုဝင်တွေ ကျန်းမာဖို့၊ အိမ်တွင်းရေး သာယာဖို့နဲ့ မိသားစုနဲ့အတူ ခရီးထွက်ခွင့်ရဖို့ ရည်ရွယ်ပါတယ်။

၈။ ဩဂုတ် (August) - "ငွေကြေး" 💰
• အဓိပ္ပာယ် - မမျှော်လင့်ထားတဲ့ နေရာကနေ ငွေဝင်ဖို့၊ ထီပေါက်ဖို့၊ စုငွေတွေ တိုးပွားလာဖို့ အဓိကထား ဆုတောင်းတဲ့ လပါ။

၉။ စက်တင်ဘာ (September) - "ပညာဉာဏ်" 🧠
• အဓိပ္ပာယ် - အကြံဉာဏ်ကောင်းတွေ ရပါစေ၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပါစေ၊ ဗဟုသုတတွေ တိုးပွားပါစေ။

၁၀။ အောက်တိုဘာ (October) - "ခရီးသွားခြင်း" ✈️
• အဓိပ္ပာယ် - (သီတင်းကျွတ်ကာလလည်း ဖြစ်လို့) စိတ်လက်ပေါ့ပါးစွာ အပန်းဖြေခရီးတွေ ထွက်ရပါစေ၊ ဘုရားဖူးသွားရပါစေ။

၁၁။ နိုဝင်ဘာ (November) - "အောင်မြင်မှု" 🏆
• အဓိပ္ပာယ် - တစ်နှစ်တာ ကြိုးစားခဲ့သမျှရဲ့ ရလဒ်ကောင်းတွေကို စတင်ရိတ်သိမ်းနိုင်ပါစေ၊ အသိအမှတ်ပြု ခံရပါစေ။

၁၂။ ဒီဇင်ဘာ (December) - "ပြည့်စုံခြင်း" ✨
• အဓိပ္ပာယ် - နှစ်ကုန်ဆုံးချိန်မှာ လိုအင်ဆန္ဒတွေ အားလုံး ပြည့်ဝပြီး ကျေနပ်ပီတိဖြစ်ရပါစေ။

အဲ့လိုမျိုး တလုံးခြင်းဆီတိုင်းက တလခြင်းဆီကို ဆုတောင်းမှူပြုနေတာဖြစ်ပါတယ်

လုပ်ရမယ့်အချိန်ကတော့

* အချိန် - ဒီဇင်ဘာ ၃၁ ရက်နေ့ည၊ သန်းခေါင်ယံ ၁၂ နာရီတိတိ မထိုးခင် စက္ကန့်ပိုင်းအလိုမှာ စတင်ပါတယ်။

* နည်းလမ်း - နာရီစင်က ၁၂ ချက်တီးတဲ့အခါ (ဒါမှမဟုတ် ၁၂ စက္ကန့် ရေတွက်တဲ့အခါ) တစ်ချက်တီးရင် စပျစ်သီးတစ်လုံးနှုန်းနဲ့ ၁၂ လုံးကုန်အောင် ဝါးစားရတာ ဖြစ်ပါတယ်။

* စပျစ်သီး ၁၂ လုံးလုံး ကုန်အောင်စားနိုင်ရင် တစ်နှစ်လုံး ကံကောင်းမယ်၊ ဆုတောင်းပြည့်မယ်လို့ ယုံကြည်ကြပါတယ်။

မိမိရည်ရွယ်ချက် သီးသန့်တခု အတွက် ဆုတောင်းဖို့က ပုံတခုခြင်းဆီကြည့်ပေးနော်

ချစ်လေးတိူ့ ပုံတခုစီကြည့်ပြီးရင် New Year ညမှာ ဘာအရောင်ဝတ်ပြီးဆုတောင်းမလည်းဆိုတာ comment မှာပြောခဲ့ပေးနော်

ချစ်တဲ့ ဝေ

Dec 29, 2025 11:30 PM


Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Delivery & Pickup ( Only)
Yangon