Ehi
စာပေလေးတွေဖတ်ကြမယ်
16/12/2021
22/08/2021
ကိုယ့်ဘဝ ဘယ်သူဆေးချယ်နေလဲ
ကိုယ့်ဘဝကို ပထမဆုံးဆေးချယ်တဲ့ အရာကတော့ကံပေါ့။ အဲ့ကံကို ဘယ်သူက လုပ်တာလဲ။
ဥပမာ တစ်ချို့က ချမ်းချမ်းသာသာ မွေးဖွားလာပြီး တစ်ချို့က ဆင်းဆင်းရဲရဲ မွေးဖွားလာတယ်။ ဘာမှတောင်မသိရသေးဘူး ကံကြမ္မာက ကြိုတင်ဆေးချယ်ထား ပြီးပြီး။
ကိုယ်က ကောင်းတာလုပ်ရင် ကောင်းတဲ့ကံတွေ ကိုယ့်ဆီရောက်လာမှာဖြစ်ပြီး၊ မကောင်းတာလုပ်ရင်တော့ မကောင်းတဲ့ကံပဲ ကိုယ့်ဆီရောက်လာမှာဖြစ််တယ်။ ချက်ချင်း အကျိုးပေးတဲ့ကံနဲ့ နောင်မှအကျိုးပေးတဲ့ကံပဲကွာသွားတာ။
နောက်ထပ်ကိုယ့် ဘဝကို ဆေးချယ်တဲ့အရာကတော့ ညဏ်ပညာပေါ့။ အဲ့ညဏ်ပညာ ကရောဘယ်သူဖန်တီးတာလဲ။
တစ်ချို့က စာတွေအများကြီးဖတ်တယ်။ ရတဲ့ပညာသင်တယ်။ ကောင်းတဲ့ပညာကို အသုံးချတယ်။ သူတို့ကို ကံတရားက မျက်နှာသာ မပေးတောင်း သူတို့လုပ်းငန်းခွင်မှာ ညဏ်ကိုလွာသုံးလို့ အောင်မြင်ကြတယ်။ ကံကြမ္မာ မျက်နှာသာပေးရင်တော့ အတိုင်းထက်အလွန်ပေါ့။
တစ်ချို့က ကိုယ်သာအတော်ဆုံး၊ ကိုယ်သာအတတ်ဆုံး၊ ကိုယ်ထင််ရာကိုယ်လုပ်တယ်။ ဘာကိုမှမသင်ယူဘူး။ညဏ်ပညာကို အလေးမထားဘူး။ အဲ့လိုလူတွေကတော့ ကံတရားက မျက်နှာသာပေးတောင် ခနပဲခံတယ်။
နောက်ထပ်ကိုယ့်ဘဝကို ဆေးချယ်တဲ့အရာကတော့ ဝီရိယပေါ့။ အဲ့ဝီရိယ ကိုရော ဘယ်သူဖန်တီးယူရတာလဲ။
တစ်ချို့က အရမ်းကြိုးစားကြတယ်။ ကံအကျိုးမပေး ညဏ်မရှိတောင် သူ့ကြိုးစားမှု့က အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်တယ်။ သူသာ ကံရော ညဏ်ရောပြည့်စုံသူ ဆိုရင်တော့ သူ့အောင်မြင်မှု့ကတော့ အံ့မခန်းပါပဲ။
ဒါဆိုရင်ကိုယ့်ဘဝကို ဘယ်သူဆေးချယ်နေလဲ။
ပျော်ရွှင်သောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း😊
sa ehi yei shaung
Click here to claim your Sponsored Listing.