Bee Edu

Bee Edu

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bee Edu, Education, Yangon.

13/10/2023

🔥 I Hate Exams 🔥

👉 အကြောင်းအရာတစ်ခုကို ယေဘုယျခြုံပြီး ပြောချင်တဲ့အခါမှာ the ကို မသုံးပါဘူး။

👉တိတိကျကျ ပြောချင်တဲ့အခါ the ကို သုံးလေ့ရှိပါတယ်။

ဥပမာ။ ။

1️⃣
🌻 Flowers are beautiful.
🌹 ပန်းတွေက လှတယ်။
❌ (the flowers)

( ပန်းတွေ အကုန်လုံးကို ခြုံပြောတာမို့လို့ the မသုံးရပါဘူး)

🌻 I love this garden. The flowers are beautiful.
🌹 ကျွန်တော် ဒီဥယျာဉ်လေးကို သဘောကျတယ်။ ပန်းတွေက လှတယ်လေ။
✅ (the flowers)

(ဒီစာကြောင်းမှာ the flowers ဆိုတာ အဲ့ဒီ ဥယျာဉ်ထဲမှာရှိတဲ့ ပန်းတွေကိုပဲ ဆိုလိုတာပါ၊ အဲ့ဒါကြောင့် တိတိကျကျ ပြောချင်တာမို့ the သုံးရပါတယ်)

2️⃣
🌨 I don't like cold weather.
☁ ကျွန်တော် အေးတဲ့ ရာသီဥတုကို မကြိုက်ဘူး။
❌ (the cold weather)

(အေးတဲ့ ရာသီဥတုအခြေအနေ မှန်သမျှကို ခြုံပြီး ပြောတာမို့ the မသုံး)

🌦 The weather isn't very good today.
☔ ဒီနေ့ မိုးလေဝသ သိပ်မကောင်းဘူး။
✅ (the weather)

(ဒီစာကြောင်းမှာ the weather ဆိုတာ
the weather today ဆိုပြီး တိတိကျကျ ပြောချင်တာပါ။ ဒီနေ့ မိုးလေဝသ မကောင်းပေမယ့် မနက်ဖြန် ကောင်းချင်ကောင်းနိုင်ပါသေးတယ်)

3️⃣
🐟 We don't eat fish.
🐠 ကျွန်တော်တို့ ငါး မစားဘူး။
❌ (the fish)

(ဘာငါးဖြစ်ဖြစ် စားကို မစားတာမို့လို့ the မထည့်ရပါဘူး)

🍱 We had a great meal last night. The fish was excellent.
🍛 မနေ့ညက ကျွန်တော်တို့ အတော်စားလို့ မြိန်လိုက်တာဗျာ။ ငါးဟင်းကလည်း ကောင်းချက်ကတော့ ထောင်းချက်ထားသလိုပဲ။
✅ (the fish)

(ဒီနေရာမှာ the fish က မနေ့ညက စားခဲ့တဲ့ ငါးကိုပြောတာပါ။ ငါးဟင်းတွေ အများကြီး ရှိတဲ့အထဲကမှ မနေ့ညက စားခဲ့တဲ့ ငါးဟင်းကို တိတိကျကျ ပြောချင်တာမို့ the ထည့်ရပါတယ်)

4️⃣
📄 I hate exams.
📋 ကျွန်တော် စာမေးပွဲတွေကို မုန်းတယ်။
❌ (the exams)

(ဘယ်စာမေးမွဲရယ်လို့ အတိအကျ ပြောတာမဟုတ်ပါဘူး။ လောကမှာ ရှိရှိသမျှ စာမေးပွဲတွေ အကုန်လုံးကို general ခြုံပြီးပြောတာပါ) 😬

💻 I believe that my friends will fail the exam next year.
📝 လာမယ့်နှစ်စာမေးပွဲကို ကျွန်တော့်ဘော်ဒါတွေ ကျမယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။
✅ the exam

(စာမေးပွဲတွေထဲကမှ နောက်နှစ်စာမေးပွဲဆိုပြီး သူငယ်ချင်းတွေရှုံးမယ့်အချိန်ကို ကာလအားဖြင့် ပိုတိကျအောင်ပြောချင်တာကြောင့်
the ထည့်ရတာပါ)

Photos from Bee Edu's post 11/10/2023

ကင်း (၃) ကင်း
______________

ကင်း (၃) ကင်းထဲမှာ

💥 ဘယ်ကင်းအကိုက်ခံဖူးလဲ

💥 ဘယ်ကင်းကို အကြောက်ဆုံးလဲ

07/10/2023

အတိတ်ရိုးရိုး၊ ရိုးရိုးအတိတ်
-----------------------------------------

အတိတ်ကို အတိတ်မှာ မထားခဲ့ပါနဲ့။ အတိတ်အကြောင်းတွေကို ပြန်ပြောကြည့်ရအောင် .....

အင်္ဂလိပ်စာမှာ အတိတ်ကိုပြောချင်ရင် Verb ပြောင်းရပါတယ်။

မြန်မာလို

''မနေ့က ကျွန်တော် ကျောင်းသွားတယ်'' ဆိုတဲ့ စာကြောင်းကို

🌼 I go to school yesterday. ❌
🌼 I went to school yesterday. ✅

ပထမ စာကြောင်းမှာ (go) က မှားပါတယ်။ (yesterday) ဆိုတာ အတိတ်ကိုပြတာဖြစ်တဲ့အတွက် V2 (Past Simple) ပြောင်းရမှာပါ။ အဲ့တော့ (go) က (went) ဖြစ်သွားရပါတယ်။

မြန်မာလိုကတော့
🌻 မနေ့က ကျွန်တော် ကျောင်းသွားခဲ့တယ်။ ✅
🌻 မနေ့က ကျွန်တော် ကျောင်းသွားတယ်။ ✅

ဝါကျ နှစ်ခုလုံးက မှန်ပါတယ်။ ဆိုလိုရင်းကိုလည်း ချက်ချင်းသိနိုင်တယ်။ ''မနေ့က'' လို့ ပြောလိုက်တာနဲ့ အတိတ်ဆိုတာ ချက်ချင်း နားလည်ပြီးသား မဟုတ်လား။

အင်္ဂလိပ်ဘာသာစကားမှာကျတော့ (yesterday) ပါရုံနဲ့ အပြည့်အဝ မမှန်သေးဘဲ Verb ကို ညှိပေးရတာမျိုး။ အဲ့ဒါကြောင့် (go) က (went) ဖြစ်သွားတာပါ။

နမူနာလေးတွေ လေ့လာကြည့်ကြမယ်နော်

🌼 She ate three coconuts yesterday.
🌻 သူမ မနေ့က အုန်းသီး (၃) လုံး စားခဲ့တယ်။

🌼 He gave the teacher a lovely rose.
🌻 သူက ဆရာမကို ချစ်စရာကောင်းတဲ့ နှင်းဆီပန်းတစ်ပွင့် ပေးခဲ့တယ်။

🌼 We saw monkeys and donkeys when we visited a zoo.
🌻 ကျွန်တော်တို့ တိရစ္ဆာန်ရုံသွားလည်တုန်းက မျောက်တွေနဲ့ မြည်းတွေ တွေ့ခဲ့တယ်။
(သွားလည်တုန်းက တွေ့ခဲ့တာ၊ အခုမတွေ့တော့ဘူး၊ အတိတ်မှာ တွေ့ခဲ့တာ)

🌼 I wrote an email to Mark Zuckerberg this morning.
🌻 ကျွန်တော် မနက်က မာ့ခ်ဇူကာဘက် ဆီကို
အီးမေးတစ်စောင် ရေးခဲ့တယ်။

🌼 Myanmar was a developed country in 1960s.
🌻၁၉၆၀ နှစ်တွေမှာ မြန်မာဟာ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်။
(အခု မဟုတ်တော့ဘူး ဆိုတဲ့သဘော၊ အတိတ်မှာ ကျန်ခဲ့ပြီ)

🌼 I killed an elephant last night.
🌻 ငါ မနေ့ညက ဆင်တစ်ကောင် သတ်ခဲ့တယ်။ 😱

ဒါကတော့
"အတိတ်ရိုးရိုး" အကြောင်းပေါ့။ အတိတ်ရိုးရိုး
ပြီးရင် ''အတိတ်ဆန်းဆန်း" လာဦးမယ်....😎

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon