Sweety Care

Sweety Care

Share

ယုံကြည်စိတ်ချရသော အလှကုန်များနှင့် ပျူငှာသော ဆက်ဆံရေး စိတ်ကျေနပ်စေသော ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်

17/01/2023

အမျိုးသမီးဓမ္မတာကို ထိခိုက်စေသောဆေး (၇) မျိုး
* * * * * * * * * * * * * * * * * *
အမျိုးသမီးဓမ္မတာလာခြင်းကို ထိခိုက်စေတဲ့ဆေးတွေများစွာရှိပါတယ်။ ဓမ္မတာကို နည်းစေတယ်။ ဓမ္မတာကို များစေတယ်။ ဓမ္မတာကို ရပ်စေတယ်။ စတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓမ္မတာကို ဖောက်လွဲဖောက်ပြန်ဖြစ်စေနိုင်တဲ့ ဆေးများကို ဓမ္မတာပုံမှန်လာနေသော အမျိုးသမိးများ သိရှိထားသင့်ပါတယ်။ အောက်ပါဆေးများ ဖြစ်ပါတယ်။

( ၁ ) Oral Contraceptive pills ( ကိုယ်ဝန်ဆောင်တားဆေးသောက်ဆေးများ)
* * * * * * * * * * * * * * * * * *
ကိုယ်ဝန်တားဆေးများသည် ကိုယ်ဝန်မရအောင်တားပေးတယ်။ ဒါ့အပြင် ဓမ္မာများတာ၊နည်းတာကို သက်သာစေတယ်။ အမျိုးသမီးရောဂါဖြစ်တဲ့ သားအိမ်ထူခြင်း endometriosis ရောဂါကို ကုသရာမှာလည်း အသုံးကျတယ်။

( ၂) Aspirin ( အကိုက်အခဲပျောက်ဆေး)
* * * * * * * * * * * * * * * * * *
ဆေးသည် ဓမ္မတာလာစဉ်မှာ သွေးဆင်းတာကို အနည်းငယ်များစေတယ်။ ဒါကြောင့် ဓမ္မတာလာစဉ်မှာ ရှောင်သင့်ပါတယ်။

(၃) Ibuprofen ( အကိုက်အခဲပျောက်ဆေး)
* * * * * * * * * * * * * * * * * *
ဓမ္မာလာစဉ်ကိုက်ခဲတာကို လျော့နည်းစေတယ်။ သွေးဆင်းပမာဏကိုတော့ သက်ရောက်မှု့မရှိပါဘူး။

(၄) Antipsychotic and anti-depressant medications
* * * * * * * * * * * * * * * * * *
အထက်က စိတ်ရောဂါကုဆေး၊ စိတ်ကျရောဂါကုဆေးများသည် ဓမ္မတာပျောက်ခြင်း၊ ဓမ္မတာမမှန်ခြင်းတို့ ဖြစ်တတ်တယ်။

(၅) Weight loss pill ( ပိန်ဆေးများ)
* * * * * * * * * * * * * * * * * *
ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းခြင်းသည် အမျိုးသမီးဓမ္မတာကို ထိခိုက်စေပါတယ်။ ဓမ္မတာမမှန်တာကို ဖြစ်စေပါတယ်။ နောက်ပိုင်းမှာ ဓမ္မတာပျောက်သွားတာကို ဖြစ်စေနိုင်ပါတယ်။

(၆) Chemotherapy ( ကင်ဆာဆေးများသွင်းခြင်း)
* * * * * * * * * * * * * * * * * *
ကင်ဆာရောဂါကြောင့် ကင်ဆာဆေးများသွင်းခြင်းသည် ပုံမှန်ထက်စောပြီး သွေးဆုံးခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်ကင်ဆာဆေးသွင်းမယ်ဆိုရင် မျိုးပွားခြင်းဆိုင်ရာကိစ္စရပ်များအတွက် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ရမှာ ဖြစ်ပါတယ်။

(၇) Steroids ( အရောင်ကျဆေးများ)
* * * * * * * * * * * * * * * * * *
စတီးရွက်ဆေးများကို ရေရှည်သောက်သုံးခြင်းသည် ဓမ္မတာမမှန်ခြင်း၊ ဓမ္မတာများခြင်း၊ ဓမ္မတာရက်ရှည်ခြင်း များဖြစ်တတ်ပါတယ်။

ဒေါက်တာထွန်းမြတ်ဝင်း (ဆေးဝါးပညာ)

15/01/2023

# credit
ဆံပင်ကျွတ်ခြင်းဆိုတာက လူတိုင်းနေ့စဉ်ကြုံတွေ့နေရတာပါ။လူတစ်ယောက်ကတစ်နေ့ကို ဆံပင် ၁၀၀ လောက်ကျွတ်နိုင်ပါတယ်။

ဒါပေမယ့်ဆံပင်ကျွတ်တာကလည်း ခေါင်းလျှော်တာနဲ့သက်ဆိုင်မှုရှိပါသေးတယ်။အဲ့ဒီတော့ ခေါင်းဘယ်လိုလျှော်မလဲဆိုရင် ဒီတိုင်းလျှော်မယ်ပဲဖြေမိကြမှာပါ။

တကယ်က ဆံပင်မကျွတ်အောင် ခေါင်းလျှော်တဲ့အခါမှာ ဂရုစိုက်သင့်တာလေးတွေရှိပါတယ်။ဘာတွေ ဂရုစိုက်ရမလဲဆိုတာကို ဖော်ပြပေးပါမယ်။

၁ ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး (သို့) ပေါင်းဆေး အသုံးများခြင်း

ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး များများသုံးတာက ဆံကေသာကို ပိုပြီး ကောင်းမွန်ပျော့ပြောင်းစေတယ်လို့ထင်မိကြပါလိမ့်မယ်။

ဒါပေမယ့် အများကြီးသုံးရင် ဆံကေသာကိုထိခိုက်နိုင်တဲ့ အတွက် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။အဲ့ဒါမလို့ အတော်အသင့်လောက်ပဲအသုံးပြုသင့်ပါတယ်။

၂ ရေနွေးနဲ့ခေါင်းလျှော်ခြင်း

လူတချို့က ရေနွေးနဲ့ ခေါင်းလျှော်တတ်ကြပါတယ်။ရေနွေးနဲ့ခေါင်းလျှော်ပြီးရင် ခဏကြာတဲ့အခါမှာ လူကို အိပ်ပျော်စေနိုင်ပါတယ်။

ရေနွေးနဲ့ခေါင်းလျှော်လိုက်ရင် ဆံပင်ပေါက်စေနိုင်တဲ့ Follicles တွေကိုသေစေနိုင်တာမလို့ ဆံပင်ကျွတ်တာတွေ ဆံပင်ပါးတာတွေဖြစ်စေနိုင်ပါတယ်။

အဲ့ဒါမလို့ ရေနွေးနဲ့ခေါင်းမလျှော်သင့်ပါဘူး။ရေအေးဒါမှမဟုတ် ရေအေးနဲ့ ရေနွေးမျှတစွာရောစပ်ထားတဲ့ ရေနဲ့ပဲလျှော်ပေးသင့်ပါတယ်။

၃ သဘက်နဲ့ ခေါင်းကိုသုတ်ခြင်း

ခေါင်းလျှော်ပြီးရင် တော်တော်များများက သဘက်နဲ့ သုတ်တတ်ကြပါတယ်။သဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်းသုတ်တဲ့အခါမှာ ဆံပင်ပိုကျွတ်စေနိုင်ပါတယ်။

အဲ့ဒါမလို့ သဘက်နဲ့ မသုတ်ပဲ ရှပ်အင်္ကျီအဟောင်းနဲ့ပဲဖြစ်ဖြစ် ညင်သာစွာသုတ်ပေးသင့်ပါတယ်။

၄ ခေါင်းလျှော်နေစဉ်နှိပ်ပေးခြင်း

ခေါင်းလျှော်တဲ့ အခါမှာ နှိပ်နယ်ပေးတာက ခေါင်းလျှော်ရည်ကို ဆံကေသာဆီ ပိုပြီး ပျံ့နှံ့စေတယ်လို့ထင်မိကြပါလိမ့်မယ်။

ဒါပေမယ့် အဲ့လိုနှိပ်နယ်ပေးခြင်းက ဆံကေသာကို အားနည်းစေပြီးတော့ ဆံပင်ကိုကျွတ်စေနိုင်ပါတယ်။နှိပ်မယ်ဆိုရင်လည်း လက်နဲ့ဖွဖွလေး နှိပ်ပေးတာက ပိုပြီးသင့်တော်ပါတယ်။

၅ ရေစိုနေတုန်း ခေါင်းဖြီးခြင်း

ခေါင်းလျှော်ပြီးတဲ့အခါမှာ တချို့က ဆံပင်ကို ဘီးနဲ့တန်းပြီးဖြီးတတ်ကြပါတယ်။အဲ့လိုလုပ်တာက ဆံပင်ကိုပိုကျွတ်စေနိုင်ပါတယ်။ရေစိုနေတဲ့အချိန်မှာ လက်နဲ့ ရှင်းတာလောက်ပဲလုပ်သင့်ပါတယ်။

အခုပြောပြသွားတာလေးတွေကို ဂရုစိုက်ပြီး လုပ်ကြည့်မယ်ဆိုရင် ဆံပင်ကျွတ်တာကို ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 17/B Thakhinmya Street , (12) Ward , Hlaing Tharyar Township's
Yangon