Handmade by Thoon
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Handmade by Thoon, Yangon.
10/05/2026
မေလရဲ့ အပူဒဏ်ကို ခေတ္တမေ့လျော့စေတဲ့ မိုးပြေးလေးနဲ့အတူ... 🌦️✨
မိုးရွာပြီးစ လေထုထဲမှာ တောက်ပနေတဲ့ နတ်သမီးလေးပါ 🧚♀️🤍
စက်ချုပ်မဟုတ်ဘဲ လက်ချုပ်နဲ့ပဲ အချိန်ပေးပြီး သေသေချာချာလေး ပုံဖော်ထားတာ မို့လို့ ကိုင်လိုက်တိုင်းမှာ ဖန်တီးသူရဲ့ စေတနာကို ခံစားရမှာပါ🪡
ပူအိုက်တဲ့နေ့ရက်တွေကြားမှာ အေးမြတဲ့ အလှတရားလေးတစ်ခုအဖြစ် အနားမှာ ရှိနေပေးမယ့် နတ်သမီးလေးပေါ့🥰
ချစ်စရာ key holder လေးကိုပညာဒါနသင်ပေးပြီး လိုနေတဲ့ပိတ်စလေးပါ ပို့ပေးတဲ့ ALNI handmade က မအယ်နီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🫶🤎
19/03/2026
🦁 Leo ♌ & Snail Block Mini Bag
အရှေ့ဘက်ခြမ်းမှာ Leo Sign လေး
အနောက်ဘက်မှာ Snail block လေးနဲ့ အလှဆင်ထားတဲ့ အိတ်ကလေးပါ 💛✨
✨အိတ်လေးကိုတော့
China Yarn Dyed Fabric (Grade A) နဲ့ YKK Zip တို့ကိုအသုံးပြုထားပြီး
Patchwork (ပိတ်စလေးများ ဆက်ခြင်း)၊
Appliqué (ပိတ်ကပ် အလှဆင်ခြင်း)၊
Quilting (ပိတ်ဖောင်းကြွ ချုပ်လုပ်ခြင်း) စသောပညာရပ်တွေကို ပေါင်းစပ်ကာ ၉၀% လက်ချုပ် သီးသန့်နဲ့ပဲ တစိမ့်စိမ့် ချုပ်လုပ်ဖန်တီးထားတဲ့ Full Handmade လက်ရာစစ်စစ်ဖြစ်ပါတယ်။
Price: 80,000 MMK ✨
Size: 10cm (L) x 10cm (H) x 5cm (W)
Capacity: ဖုန်းတော့မဆံ့ပေမဲ့ မိတ်ကပ်နဲ့ ပစ္စည်းပိစိလေးတွေ စုံစုံလင်လင် ဆံ့ဆံ့ပါတယ်
မိမိကြိုက်နှစ်သက်ရာ Customized Design လေးတွေနဲ့လည်း သီးသန့် Order အပ်နှံနိုင်ပါတယ်ရှင်။ 🤎 ✨
08/02/2026
တောပန်းကလေး ဖြစ်ချင်တယ် .....
တောပန်းကလေးတွေမှာ
လိုအင်ဆန္ဒ မရှိဘူး .....
တောပန်းကလေးတွေမှာ
စောင့်မျှော်ရခြင်း မရှိဘူး .....
တောပန်းကလေးတွေမှာ
ထားသွားမယ့်သူ မရှိဘူး .....
နွေအိမ်မောင်ဝင်း
Click here to claim your Sponsored Listing.