Asia Career Development Centre
This page will share information regarding vocational trainings for young adults in Myanmar.
25/02/2022
ဆေးဝါး ကျွမ်းကျင် အကူ သင်တန်း ကို
Online ကဘဲ တက်မယ်လို့ စိတ်ကူးထားရင် ဒီ post လေး ကို ဆက်ဖတ်ပါ နော်။
Online ကနေ သင်တန်းတက် ရတဲ့အားသာချက်
သင်တန်းကြေးက အပြင် မှာ သွား တက်ရတဲ့ သင် တန်းတွေ ထက် ပို သက်သာတယ် ။
Zoom နဲ့ Live သင်ပေးတာ မို့ ဆရာနဲ့ စာသင်ခန်းထဲ မှာ သင် ရသလို ဘဲ အပြန် အလှန် စကားပြောမေးမြန်း ဆွေးနွေး ရင်း သင်ယူနိုင်တယ် ။
သွားဖို့ လာဖို့ အချိန် ကုန် သက်သာတယ်။
အိမ်က နေ ဘယ် မှမသွားဘဲ သင်တန်းတက်လို့ရသလို
ကိုယ်က ဘယ်နေရာ ရောက်နေနေ phone , tablet , laptop တစ်ခုခု ရှိတာ နဲ့ သင်တန်းချိန် မပျက် တက်လို့ ရတယ်။
နေ့ခင်းဘက် အလုပ်တစ်ဖက် နဲ့ သင်တန်းတက်ဖို့ အချိန် မရ ဖြစ်နေ သူတွေ အတွက် အဆင်ပြေ ဆုံး Evening Section ဖြစ်တယ် ။
တစ်နေ့စာ သင်မယ့် PowerPoint. တွေလဲ private Group မှာကြိုပေးထားတော့ စာလိုက်နားထောင်တဲ့ အခါ အရမ်းအဆင်ပြေတယ် ။
ခဏတစ်ဖြုတ် လွတ်သွားတဲ့ သင်ခန်းစာတွေ ရှိရင် လဲ ပြန် ကြည့်လို့ ရအောင် Group ထဲ မှာပြန်တင်ပေးထားတယ် ။
သင်တန်းအပ်နှံ ပြီးတာနဲ့ Textbook. ကို Delivery နဲ့အသင်ဆင့်ပို့ပေးထားမှာ ဆိုတော့ အိမ်ထဲ ကနေ ထိုင်စောင့်ယူယုံဘဲ။
သင်တန်းပြီးဆုံးအောင်မြင်တဲ့ အခါ အပြင်သင်တန်းများကဲ့ သို့ Certificate လဲ ပေးအပ် မှာ ဖြစ်ပါတယ် ။
သင်ကြားပေးမယ် ဆရာမ ချောချော လေး ကလဲ ဆေးဆိုင် ဆေးကုပ္ပဏီ တွေ မှာ အတွေ့ အကြုံရင့် စာသင်သက် 5 နှစ်ရှိပြီ ဖြစ်တဲ့ ဆေးဝါးကျွမ်းကျင်ဘွဲ့ရ ဆရာမ ကိုယ် တိုင် သင်ကြားပေးမှာမို့ မတတ် မှာ စိတ်ပူစရာလုံးဝ မလိုပါဘူးရှင့်
ဘာတွေ ကို ဘယ်လို သင် မှာလဲ
ဆေးဝါးအမျိုးမျိုး နဲ့ ပါတ်သက်တာ တွေ (ဆေးအမည်။ဆေးအသုံးပြုပုံ ။ ဆေး ဝါး အာနိသင်များ ။ ရောဂါ နှင့် ဆေး ။ ဆေး ထိန်းသိမ်းနည်း။ ဆေးမှာယူမယ် ဆိုရင် ) စတဲသင်ခန်းစာတွေ
ဆေးဆိုင်ဖွင့် မယ်ဆို သိထားရမှာတွေ
Customer Care
ဆေးဆိုင်ဝန်ထမ်းလုပ်မယ် ဆိုရင် ဘာတွေ သိရမလဲ
ကိုယ်က ပိုင်ရှင်ဆိုရင် ဘာတွေ လုပ်ရမလဲ
Asia Career Development Centre ရဲ့ pageမှာ ပြည့်ပြည့် စုံစုံ ရေးပေးထားပါတယ်ရှင့် ။
https://www.facebook.com/Asia-Career-Development-Centre-101174525721648/
သင်တန်းကြေး က 105000 ကျပ်ဘဲ ကျ သင့်တဲ့အပြင်
သင်ခန်းစား စာအုပ်ဖို့
ဝင်ခွင့် ဖေါင်ဖိုး တစ်ပြားမှ ထပ် မံ ကုန် ကျ စရာ မလို ပါ ရှင့် ။
သက်ဆိုင်ရာ မြို့နယ် အလိုက် Delivery ခ လေး ကျ ခံ ပေး ရုံနဲ့ စာအုပ် က Free ပို့ပေးမှာပါ ။
ဒီအထိ ဖတ် ပြီးရင် တော့ သင်တန်းနဲ့ ပါတ် သက်လို့ သိလို သည်များကို
Page Messenger ဒါမှ မဟုတ်
09254068190. ကို ဆက် သွယ် မေးမြန်းနိုင် ပါ တယ်။
19/02/2022
ဖြစ်ပွားနေသော ကာလအတွင်း အိမ်မှာ ဆောင်ထားသင့်သော ဆေးများ
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
19 ရဲ့ မျိုးဆက်သစ် Omicron မြန်မာနိုင်ငံမှာ ပြန်ဖြစ်နေပါပြီ။ သတိပြုကြပါ။ မပေါ့ဆကြပါနဲ့။ Omicronသည် ဘယ်လောက် ထိခိုက်နိုင်သလဲ ဆိုတာကို သေချာစွာ မသိကြသေးပါ။ လူများစုဝေးရာမှာ တဆထက်တဆ ကူးစက်လာပါတယ်။ Peak ကို မကြာခင် လအနည်းငယ်မှာ ရောက်နိုင်ပါတယ်။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စတဲ့ ရောဂါအခံရှိသူများ ပိုပြီးသတိထားရမှာ ဖြစ်ပါတယ်။
ဖြစ်နေပြီဆိုတာကို ဘယ်လိုသိနိုင်သလဲ။.........................................................................................
လက်ရှိအသုံးပြုနေကြတဲ့ Covid 19 Antibody test kit များသည် coivd 19 ရောဂါပိုး ရှိမရှ ိဆိုတာကို ပဲသိနိုင်ပါတယ်။ ရောဂါပိုးအမျိုးအစားကို မခွဲခြားနိုင်ပါ။ ရောဂါပိုးအမျိုးအစားကို သေချာသိဖို့ NHL (National Health Laboratory) အမျိုးသားဓာတ်ခွဲခန်း(ရန်ကုန်) ကိုပို့ပြီးမှာ သာစစ်ဆေး ခွဲခြားနိုင်ပါတယ်။ ဒီတော့ အလွယ်နည်းဖြင့် Omicron ရဲ့ လက္ခဏာများကို ကြည့်ပြီးခန့်မှန်းရပါတယ်။
Omicron ရဲ့ အဓိက လက္ခဏာ (၅) ချက် က ဘာတွေလဲ...............................................................................................
(၁) နှာရည်ယိုမယ်၊ နှာစေးမယ်
(၂) ခေါင်းကိုက်မယ်
(၃)နှံးမယ်
(၄) လည်ပင်းနာမယ်
(၅) ချောင်းဆိုးမယ်
Third wave ကဖြစ်ခဲ့တဲ့ Delta လို အနံပျောက်တာ၊ အရသာပျောက်တာတော့ မရှိသလောက်ရှားတယ်။ လက္ခဏာတွေရှိနေပြီဆိုရင် ဘာလုပ်ရမလဲ။ အနာရှိရင် ဆေးရှိပါတယ်။
(၁) နာရည်ယိုနေရင်၊နှာစေးနေရင် ဘာဆေးသောက်ရမလဲ...................................................................................................
ပါတဲ့ဆေးတွေ သောက်လို့ရတယ်။ အသုံးများတဲ့ ဆေးတွေကတော့ , , , ဆေးတွေဖြစ်တယ်။ တနေ့ ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်သောက်နိုင်တယ်။ လူကြီးသောက်ရမဲ့ဆေးပမာဏနဲ့ကလေးသောက်ရမဲ့ဆေးပမာဏ မတူတာကို သတိပြုစေချင်ပါတယ်။ ကလေးမှာဖြစ်ရင် ဆေးပမာဏကို အကြမ်းဖျင်း လူကြီးဆေးပမာရဲ့ တဝက် သို့မဟုတ် သုံးပုံတစ်ပုံ ပေးလို့ရပါတယ်။ လည်းပေးနိုင်ပါတယ်။ Burmeton ကအိပ်ငိုက်တတ်လို့ ညအိပ်ခါနီးသောက်မှဘဲ အဆင်ပြေမယ်။ နှာခေါင်းဖြန်းဆေးများကို တော့မသုံးစေချင်ပါဘူး။ နှာခေါင်းပိတ်နေရင် နှာခေါင်းတွင်းဖြန်းဆေးကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတယ်။ ဖြန်းပြီးသိပ်မကြာခင်မှာ နှာခေါင်းပြန်ပွင့်သွားသလို ရှိပေမဲ့ သိပ်မကြာခင် နှာခေါင်းပြန်ပိတ်သွားတတ်ပါတယ်။ ၃ ရက်ထက် ပိုဖြန်းမိရင် နှာခေါင်းပိတ်တာ ပိုဆိုးသွားနိုင်ပါတယ်။ ဉပမာ Afrin, Dristan, Vicks Sinex (oxymetazoline), Sudafed PE, Suphedrin PE (phenylephrine)Silfedrine, Sudafed, Suphedrin (pseudoephedrine) စတဲ့ နှာခေါင်းဖြန်းဆေးများ ဖြစ်ပါတယ်။
(၂) ခေါင်းကိုက်နေရင် ဘာဆေးသောက်ရမလဲ။ ..............................................................................
ခေါင်းကိုက်တာဖြစ်တတ်တယ်။ NSAID အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုး သောက်လို့ရတယ်။ , , acid, စတာတွေဖြစ်တယ်။ တနေ့ကို ၂ ကြိမ်သို့မဟုတ် ၃ ကြိမ်အထိသောက်နိုင်တယ်။ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ကို ထိခိုက်စေတတ်လို့ အစာအိမ်ရောင်နေသူတွေကတော့ သတိထားသင့်တယ်။ သွေးတိုး၊ ကျောက်ကပ်ရောဂါရှိနေသူများ သတိထားသင့်တယ်။
(၃) နုံးတာကရောဘာလုပ်ရမလဲ။ .......................................................
ရောဂါပိုးဝင်ပြီး ခုခံအားနည်းသွားလို့ဖြစ်တယ်။ အားဆေးတစ်မျိုးမျိုးသောက်လို့ရတယ်။ မြန်မာနိင်ငံမှာ ရနိုင်တဲ့ အားဆေးတွေများစွာ ရှိပါတယ်။ ကြိုက်တဲ့အားဆေးကို ဝယ်သောက်လို့ရတယ်။ Oramin G, Oramin F, Vitacap, Revital စသည်ဖြင့် များစွာ ရှိတယ်။ Immunor, Immuneacitve , Becozinc စတဲ့ ခုခံအားကို ကောင်းစေတဲ့ ဆေးတွေကိုလည်း သောက်လို့ရပါတယ်။ အားဆေးသောက်တာထက်စာရင် ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ အနားယူတာကို အားပေးပါတယ်။
(၄) လည်ပင်းနာတာ ဘာလုပ်ရမလဲ။ ............................................................
အားသီးရောင်တာ၊ လည်ပင်းအတွင်းရောင်တာ တစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ သုံးနိုင်တဲ့ ဆေးတွေကတော့ ရောင်ရမ်းခြင်းဆိုတဲ့ inflammation ကိုချဖို့ အပေါ်က သုံးခဲ့တဲ့ဆေးတွေ ဖြစ်တဲ့ Loratidine, Deslortidine, Ibuprofen, Celecoxib လိုဆေးမျိုးကို ပြန်သုံးရပါတယ်။ လည်ချောင်းတလျောက် ချောမွေ့ပြေပြစ်စေဖို့ ငုံဆေး Lozengenes တွေဖြစ်တဲ့ , Strepsile စတာတွေ ငုံလို့ရပါတယ်။ Antibiotics ပိုးသတ်ဆေးများ လိုမလို ဆိုတာကိုတော့ ဆရာဝန်နဲ့ပြသပြီး မှပဲ သုံးစေချင်ပါတယ်။ ရေနွေးငွေးရှူပါ။ အရည်များများသောက်ပါ။ ဆားရေပလုပ်ကျင်းပါ။ လည်ချောင်းတလျောက်စိုစွတ်နေအောင်ထားပေးပါ။
(၅) ချောင်းဆိုးရင် ဘာလုပ်ရမလဲ.......................................................
ချောင်းဆိုးပျောက်ဆေးများစွာ ရှိပါတယ်။ Chericof syrup, Ascoril syrup, Attusin syrup, Wood syrup,Sedicough စတဲ့ ဆေးများဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက ချောင်းဆိုးပျောက်ဆေးတွေမှာ အပေါ်မှာ ပြောထားတဲ့ Antihistamines တွေထည့်ထားလို ဆေးနှစ်မျိုးသောက်စရာမလိုပါဘူး။ ဆေးပမဏများသွား ရင်မကောင်းပါ။
ဒီအချက်တွေကို လိုက်နာမယ် ဆိုရင်တော့ Omicron ကြောင့် ဖြစ်တဲ့ သာမန်လက္ခဏာများအတွက် ဆေးရုံဆေးခန်းမသွားနိုင်ဘူးဆိုရင် ဒါလေးတွေက အထောက်အကူဖြစ်ပါလိမ့်မယ်။ ရောဂါကို သက်သာစေပါလိမ့်မယ်။ ပိုပြီးပြင်ထန်တဲ့ အခြေအနေမျိုး ဖြစ်တဲ့ အမောလွန်တာမျိုး၊ အသက်ရူရခက်ခဲတာမျိုး၊ အောက်ဆီဂျင်ကျတာမျိုး ရှိခဲ့မယ်ဆိုရင်တော့ ဆေးရုံသို့ဆေးခန်းကို အမြန်သွားပြဖို့ လိုအပ်ပါတယ်။
သာမန်ရောဂါလက္ခဏာများကို OTC ဆေးများနဲ့ ကုသရသလို လိုအပ်ပါက ဗိုင်းရပ်သတ်တဲ့ဆေးကို ပေးပြီးလည်း ကုသရပါတယ်။ အထူးသဖြင့် ဗိုင်းရပ်ကူးစက်ခံရတဲ့အခါ စိုးရိမ်ရနိုင်ခြေမြင့်မားသူများဖြစ်တဲ့ ရောဂါအခံ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ အဝလွန်သူများ မှာ Antiviral ဆေးတစ်မျိုးကို ပေးရပါတယ်။ အခုတော့ လို့ခေါ်တဲ့ ဆေးကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထောက်ခံထားလို့ နိုင်ငံတကာမှာ သုံးနေကြပါတယ်။ မြန်မာနိုင်ငံမှာ လည်း ဝယ်လို့ရနေပါပြီ။ ဆေးတစ်ဗူးမှာ အလုံး (၄၀) ပါဝင်ပြီး ၅ ရက် သောက်ရမှာ ဖြစ်ပါတယ်။ ဆေးမသောက်ခင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆရာဝန်လမ်းညွန်ချက်နဲ့သာ သောက်သုံးသင့်တယ်။
ကိုဘယ်အချိန်မှာ သောက်ရမလဲ..................................................................................
Covid 19 လက္ခဏာတွေဖြစ်တဲ့ နှာရည်ယို၊နှာပိတ်၊လည်ပင်းနာ၊ခေါင်းကိုက်၊ဖျားနာ စတဲ့လက္ခဏာတွေ စပြပြီး (၅)ရက်အတွင်း သောက်ရမှာဖြစ်တယ်။
ဆေးကို ဘယ်လိုသောက်ရမလဲ....................................................
ဆေးတစ်လုံးမှာ 200mg ပါတယ်။ 800 mg တနေ့ ကို ၂ ကြိမ် သောက်ရမယ် မနက် 800mg ( မနက် ၄ လုံး) ည (800mg ည ၄ လုံး) သောက်ရမှာ ဖြစ်တယ်။ ၅ ရက်သောက်ရမှာ ဖြစ်တယ်။
ဘာအကျိုးရှိလဲ.........................
ပြင်းထန်လက္ခဏတွေကို လျော့ကျစေတယ်။ ဆေးရုံတက်ရနှုန်း၊ သေဆုံးနှုန်းတွေကို လျော့ကျစေတယ်။
ဘယ်သူတွေက သတိထားရမလဲ.....................................................
ကျောက်ကပ်ရောဂါရှိသူ၊အသည်းရောဂါရှိသူများကတော့ ဆေးမသောက်ခင် သွေးစစ်ဆေးဖို့လိုအပ်ပြီး သွေးအဖြေများကောင်းမှ ဆရာဝန်ဝန်ညွန်ကြားချက်နဲ့သောက်ရမယ်။
Crd to #ဒေါက်တာထွန်းမြတ်ဝင်း(ဆေးဝါးပညာ)
12/02/2022
👍ဒီအချိန်မှာ ဒီသင်တန်းကို တက်ဖြစ်အောင်တက် ပါ
⛑️ဆေးဆိုင်ဘဲ ဖွင့်ဖွင့်
မိသားစု ကို စောင့် ရှောက်တာဘဲဖြစ်ဖြစ်
အလုပ်အကိုင် အခွင့် အလမ်းတစ်ခု အတွက်ဘဲလိုလို
💊💉ဆေးဝါးနဲ့ ဆေးနဲ့ ဆက်စပ်ပစ္စည်း တွေရဲ့ အကြောင်း
တိတိကျကျ နားလည်ဖို့
တတ်ကျွမ်းနားလည်အတွေ့အကြုံရင့် ဆရာများက စနစ်တကျ သင်ကြားပေးနေသော
Asia Career Development Centre က ဖွင့်လှစ်သည့်
ဆေးဝါးကျွမ်းကျင် တန်းခွဲသစ်
ယခုလ အတွင်းအပ် နှံမယ် ဆို
40000 ကျပ် တိတိ သက်သာခွင့်ရမှာဖြစ်ပါတယ် ။
သင်တန်းကာလ 2 လ
စာသင်ချိန် တစ်ပါတ် (6)နာရီ
Face to face သင်ကြားပေးမှာဖြစ်တဲ့
Zoom Class ကို တက်ရောက် နိုင်ပါပြီ။
ဒီသင်တန်းကို.......
💢မိသားစု ကျန်းမာရေး စောင့်ရှောက်မှုပေးနိင်လို သူတွေ
💢 ဆေးဆိုင်ဖွင့်ပြီး စီးပွါးရေးလုပ်ငန်းအခြေချ ဖို့ ရည်ရွယ်ချက် ရှိသူတွေ
💢ဆေးဝါးတွေ အကြောင်းအခြေခံ ကျကျ သိနားလည်လိုသူတွေ
💢ဆေးရုံ ဆေးဆိုင်တွေ မှာ အရောင်းဝန်ထမ်းအဖြစ် ဝင်ရောက်လုပ် ကိုင်ဖို့ ရည်ရွယ်ထားသူတွေ
💢နိုင်ငံခြားထွက်အလုပ် အကိုင်ရှာဖွေဖို့အတွက် သက်မွေး ပညာတစ်ရပ်ရပ် ကို သင်ကြားတတ်မြောက် ထားချင်သူတွေ
💢အပြင် သင်တန်း တွေ တက်ဖို့ အဆင်မပြေတဲ့ သူတွေ
Virtual Class Room အနေ နဲ့ သင်မှာ ဖြစ်တာမို့ အမှနိတကယ်တတ်မြောက်လိုသူတွေ အနေ နဲ့ ရွေးချယ် တက်ရောက်သင့် တဲ့သင်တန်း ဖြစ်ပါတယ် ။
🕑အလုပ်တစ်ဖက် နဲ့သင်တန်းတက်လိုသူတွေ အတွက် ရုံးချိန်ပြင်ပ Zoom Class (Teacher နဲ့ Face to Face) သင်ကြားမှာမို့မရှင်းလင်းမှာတော့ လုံးဝ စိတ်ပူစရာမလို။
💢သင်ကြားပေးမယ့်အကြောင်းအရာတွေက .......
💊ဆေးနှင့် ဆေးပစ္စည်း များ၏ အခြေခံ သိမှတ်ဖွယ်ရာများ
💊လူတစ်ဦး၏ ခန္ဓာဗေဒဆိုင်ရာသိမှတ်ဖွယ်ရာများ
💊ရင်းနှီးကျွမ်းဝင်ထားရမည့် ရောဂါ အမည်များ နှင့် ဆေးဘက်ဆိုင်ရာ အသုံးအနှုံးအခေါ်အဝေါ်များ
💊ဆေးညွှန်းစာ ဖတ်နည်းများ
💊 ဆေးဝါးအမျိုးမျိုး အသုံးပြုပုံနှင့် ဘေးထွက်ဆိုးကျိုးများ
💊ယနေ့ခေတ် အသုံးများသော ဈေးကွက်ဝင်ဆေးဝါးများ အကြောင်း
အစရှိတဲ့သင်ခန်းစာများ ကို သင်ကြားပေးသွားမှာ ဖြစ်တဲ့အပြင်
🔹ဆေးဆိုင်ဖွင့်လို သူများအတွက်လဲ
🎗️ဆေးဆိုင်မှတ်ပုံတင် ပြုလုပ်ခြင်း
🎗️ဆေးဝါး အဝင်/အထွက်စာရင်းသွင်းမှတ်သားခြင်း
🎗️ဆေးဝါးများ ဝယ်ယူဖြည်းတင်းခြင်း 🎗️စနစ် မှန်ကန်စွာ သိုလှောင်သိမ်းဆည်းခြင်း
🎗️ဝန်ထမ်းများခန့်ထားခြင်း
စတဲ့ အခြားသောသိသင့်သိထိုက်တဲ့ ဗဟုသုတများလဲ ဖြည့်စွက်မျှဝေသွားမှာပါ ။
ဒါတင်ပဲလား ????
📌သင်တန်းသားတွေ သိလိုမယ့် Health Knowledge အနေ နဲ့ Health Care Person တိုင်း တတ်ကျွမ်းထားသင့်တဲ့ဆီးချို သွေးချိုစစ်ဆေးပေးခြင်း ၊ သွေးပေါင်ချိန်တိုင်းခြင်း၊ အစရှိတဲ့ သင်ခန်းစာတွေ လဲပါဝင်ပါသေးတယ် ။
💢ဆေးဆိုင်လုပ်သက်ရင့် ၊ စာသင်ကြားမှုအတွေ့အကြုံပြည့်ဝသော Pharmacist များ၊ ဆေးရုံ/ဆေးခန်းလုပ်ငန်းအတွေ့ အကြုံရင့် ဆရာ/ဆရာမ များမှ သင်ကြားမှာဖြစ်ပါတယ်။
အသေးစိတ် သိရှိလိုတဲ့အချက်များကို 09254068190 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် ။
09/02/2022
#အိုမီခရွန်မျိုးစိတ်ဟာကမ္ဘာမှာကိုဗစ်ကပ်ရောဂါဆိုးကြီးရဲ့နောက်ဆုံးမျိုးစိတ်ဖြစ်နိုင်
အိုမီခရွန်လှိုင်း အလွန်မှာ ကိုဗစ်ဟာ တခြားမျိုးကွဲတခုအနေနဲ့ ရာသီအကူးအပြောင်းတွေမှာ ထပ်ပေါ်လာဦးမှာပါပဲ။
မိတ်ဆွေ ဆရာဝန်တွေရဲ့ ဆေးခန်းတွေကရတဲ့ အချက်အလက် ၊ personal Fb acc ကသူငယ်ချင်းတွေကရတဲ့ အချက်တွေအရ အတော်များများဖြစ်နေကြပါပြီ။
ကူးစက်မှု အရမ်းမြန်ပါလိမ့်မယ်။တော်သေးတာက ရောဂါလက္ခဏာသိပ်မပြင်းထန်ပါ။ လေးရက် ငါးရက်တော့ နှာစေ ၊ ချောင်းဆိုး ၊ ကိုယ်လက်ကိုက်ခဲ ၊ လည်ချောင်းနာတာ ခံရနိုင်ပါတယ်။အိုမီခရွန်မှာ အနံ့ပျောက်တာ သိပ်မတွေ့ရဘူးဆိုပါတယ်။ ဝမ်းပျက်တာကတော့ ဒယ်တာမှာလိုပဲ တွေ့ရနိုင်ပါတယ်။
ဆီးချို ၊ အဝလွန် ၊ အသက်အရွယ်ကြီးတာ ၊ ရောဂါအခံတခုခု ရှိတာမျိုးဆိုရင်တော့ ပြင်းထန်အဆုတ်ယောင်တာမျိုးဖြစ်တတ်ပါတယ်။ ရောဂါအခံမရှိတဲ့ လူငယ်တွေ အဖို့တော့ ခံသာပါလိမ့်မယ်။
ဒယ်တာမှာတုန်းကလို အောက်စီဂျင် ကျတာမျိုး ကြုံတွေ့ရမယ့်သူဦးရေ နည်းနိုင်ပါတယ်။ ဖျားပြီဆိုတာနဲ့ Oxymeter လေးတွေနဲ့ O2 saturation စောင့်ကြည့်သင့်ပါတယ်။၉၄ အောက်ရောက်ရင် ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင်ကုသမှုခံယူပါ။
ဆရာမကြီး ပါမောက္ခ ဒေါ်သန်းသန်းအေး(ဆီးချို)ကတော့ ' ကျားဆို သေနတ် ၊ ပုရွက်ဆိတ်ဆို လက်ညှိုး' လို့ ဆိုပါတယ်။ ဆရာမကြီးရဲ့ ဆောင်းပါတွေက ကျနော်တို့လို လူငယ်ဆရာဝန်တွေအတွက် ကုသရေး လမ်းညွှန်ချက်တွေပါပဲ။ ဆရာမကြီးကတော့ အိုမီခရွန်မျိုးစိတ်ကို ပုရွက်ဆိတ်လို့ ဆိုချင်ပုံပါပဲ။
ပုရွက်ဆိတ်လည်း ပေါ့လို့တော့မရပါ။ တခြားနိုင်ငံတွေရဲ့ ဒေတာတွေ အရတော့
အိုမီခရွန်မှာလည်း သေနှုန်းအနည်းငယ် ရှိနေပါသေးတယ်။ ဒယ်တာတုန်းကလောက် မများတာပဲ ရှိပါတယ်။
ဝမ်းသာစရာတခုကတော့ အိုမီခရွန်မျိုးစိတ်ဟာ ကိုဗစ်ကပ်ရောဂါဆိုးကြီးရဲ့ အထွက်မျိုးစိတ်ဖြစ်နိုင်ပါတယ်။ အိုမီခရွန်လှိုင်း အလွန်မှာ ကိုဗစ်ဟာ တခြားမျိုးကွဲတခုအနေနဲ့ ရာသီအကူးအပြောင်းတွေမှာ ထပ်ပေါ်လာဦးမှာပါပဲ။ အဲဒီ ထပ်ပေါ်လာတဲ့ မျိုးကွဲဟာ အိုမီခရွန်ထက် ပိုပြင်းထန်တာမျိုး ဖြစ်နိုင်ချေဟာ ( ရှိပေမယ့်) အင်မတန်မှ နည်းပါတယ်။ ဆိုတော့ အိုမီခရွန်လှိုင်းအလွန်မှာ ကိုဗစ်ဟာ သာမန်တုပ်ကွေးအနေနဲ့ ကမ္ဘာကြီးထဲ ဆက်ရှိနေပါလိမ့်မယ်။
အိုမီခရွန်မျိုးကွဲ အလွန်မှာတော့ ကွာရတင်းတွေ လော့ခ်ဒေါင်းတွေဟာ ယုတ်တိမတန်တော့ပါဘူး။ အိုမီခရွန်အတွက်ကတော့ ရောဂါလက္ခဏာ စပြချိန်ကနေ တစ်ပါတ်တိတိ ကွာရတင်းသင့်ပါတယ်။ကိုဗစ် စပေါ်ကာစကလို ၂ ပါတ် ခွဲနေတာမျိုးကတော့ လူမှုစီးပွားအခြေအနေတွေပါထည့်တွက်ပြီး မလုပ်သင့်ဘူးပဲ သဘောရပါတယ်။
ကုသခြင်း အပိုင်းကတော့ ဗိုင်းရပ်ဖြစ်တဲ့အတွက်
🚨 Symptomatic
ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေး
နှာစေးရင် နှာစေးအတွက်
ဖျားတာကိုယ်လက်ကိုက်ခဲတာအတွက်က ပါရာ ။
🚨Supportive
ရေများများသောက်
အာဟာရရှိအောင်စား
အိပ်ရေးဝအောင် အနားယူ
Vitamin C, Vitamin D, Zinc တနေ့တာ ပမာဏအတွင်း မျှတရုံသောက်တာ သဘောတူပါတယ်။
🚨 Antiviral
ရောဂါအခံရှိသူ ၊ အသက်အရွယ်ကြီးရင့်သူ တွေအတွက် တာဝန်ယူကုသပေးသူ ဆရာဝန်က လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ရင် သုံးရပါမယ်။
လက်ဆေး ၊ Mask တပ် ၊ ခပ်ခွာခွာ နေ ။ ဒါတွေက ပြောနေကြမို့ တကယ်လိုက်နာကြဖို့ပါပဲ။တူတူကျော်လွှားရအောင်ပါ။
လူသားက ဗိုင်းရပ်ကို နိုင်မှာပါပဲ။
Crd ဒေါက်တာသော်ဇင်ညိမ်း
Dip. Med. Sc (Family Mesicine -UM1)
မိသားစုကျန်းမာရေး ဆရာဝန်
06/02/2022
🩸 #သွေးစစ်တဲ့အခါ.....
ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိဖို့လိုပါယ်...
(Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....)
...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ......HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ.......Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ............FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျမုးပါ .......HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ.......AFP က အသည်းကင်ဆာစစ်တာမျိုးပါ.......Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ.......VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ........ECG ကတော့ နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ.........EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ........ Urine test ကတော့ ဆီးစစ်ဆေးတာ
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ..........Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )........SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ) ......BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ.........Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ.........HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ..........LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ........Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ.......HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ.......Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ........Anti HCVကတော့ C ပိုးစစ်တာပါ..........( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ.........(Chest X-ray)ကတော့
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ........USG (Ultrasound)ကတော့ အယ်ထရာဆောင်း
(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)
အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ..... Thyroid Function Test ကတော့
လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ........T3,T4,TSH ကတော့
သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ.....Vitamin D (total ) ကတော့
အရိုးပွရောဂါအတွက်စစ်တာမျိုးပါ....Uric acid (Gout ) ကတော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ.....RA ကတော့
သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ... ESR -ကတော့
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာမျိုးပါ......PSA/CA 125/CA 153 ကတော့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ.....PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ.....CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ........Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာပါ.......CRP ကတော့
သွေးကြောရောင်ကိုင်းတာကို စစ်တာပါ။
ကျေးဇူးတင်လျှက်............
Credit dr hein laboratory
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon
111111
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |