Reform Consulting

Reform Consulting

Share

We advise on various topics including career, information technology, operations, and strategy.

08/02/2023

ကိုယ်လိုချင်တဲ့ career တစ်ခုရဖို့ ကိုယ့်မှာအရည်အချင်းတွေ ပြည့်ဝရဲ့လား?

ဒီမေးခွန်းလေးကတော့ interview တော်တော်များများမှာ မေးလေ့ရှိတဲ့ မေးခွန်းလေးတစ်ခုဖြစ်သလို
ကိုယ်ကိုယ်တိုင်လဲ အလုပ်တစ်ခုလျှောက်ရင် ကိုယ့်ရဲ့အရည်အချင်းတွေက ကိုယ်လိုချင်တဲ့အလုပ်အတွက် ပြည့်မှီရဲ့လား လို့ပြန်စစ်ဆေးသင့်တယ်နော်…

ကိုယ်က လစာကောင်းတဲ့အလုပ်တစ်ခုသာလိုချင်တာ ကိုယ့်မှာက သူတို့လိုချင်တဲ့အရည်အချင်းမရှိရင် ကိုယ်လိုချင်တဲ့ အလုပ်ကိုရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မှာရှိတဲ့ လုပ်နိုင်စွမ်းကို စစ်ကြည့်သင့်ပါတယ်။

1. **Applicable skills - လုပ်နိုင်တဲ့စွမ်းရည်**

ကိုယ်ရဲ့ သက်ဆိုင်ရာကျွမ်းကျင်မှုတွေကို ကြည့်ပြီး
ကိုယ်ကျွမ်းကျင်စွာအသုံးချပုံကို အတိုချုံးနမူနာတွေနဲ့ ပြောပြတတ်ရပါမယ်။ ကိုယ့်အလုပ်နဲ့ သက်ဆိုင်တဲ့ ဖော်ပြချက်တွေနဲ့ ကျွမ်းကျင်မှုတစ်ခုရှိတဲ့အကြောင်းကို ပိုပြီးပြောပြနိုင်လေလေ အလုပ်ရနိုင်ခြေ ပိုများလေပဲဖြစ်ပါတယ်။

2. **Leadership - ခေါင်းဆောင်မှုစွမ်းရည်**

ကိုယ်က အလုပ်မှာ ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေရှိဖို့လိုအပ်ပါတယ်။ Team ကို ဦးဆောင်နိုင်ဖို့ထက်
ကိုယ့်ကိုယ်ကို lead လုပ်ပြီး အလုပ်မှာ အံဝင်ခွင်ကျဖြစ်ဖို့လိုအပ်ပါတယ်။ ခေါင်းဆောင်မှု စွမ်းရည်က မိမိကိုယ်ကို confidence ပိုတက်ရှိလာပြီး၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ရှည်သည်းခံခြင်းလိုမျိုး တန်ဖိုးရှိတဲ့ အရည်အချင်းများကိုပြသနိုင်ပါတယ်။

3. ****Teamwork - ပူးပေါင်းဆောင်ရွက်နိုင်မှု****

Collaboration ဆိုတဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေပြေ ပူးပေါင်းပြီး လုပ်ဆောင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ Teamwork ကောင်းကောင်းနဲ့ လုပ်နိုင် တဲ့သူက လုပ်ငန်းခွင်မှာ ပိုပြီးနေရာရလာပြီး ၊
ပိုအဆင်ပြေဖို့ အသေအချာပါပဲ။ ကိုယ်က team work နဲ့ အလုပ်လုပ်တတ်ဖို့လည်း အရေးကြီးပါတယ်နော်။

အလုပ်အကိုင်နဲ့ ပတ်သက်ပြီး တခြားသူတွေလည်းသိရအောင် share ပေးပါဦးနော်🥰

03/02/2023

ကိုယ်သွားမယ့် လမ်းကြောင်းကိုပဲ အာရုံစိုက်ထားပြီး ၊
ကိုယ် မသွားချင်တဲ့ ( ကြောက်တဲ့လမ်း ) ကို ကျော်လွှားနိုင်မှသာ ပန်းတိုင်က ကိုယ့်ကို စောင့်ကြိုနေမှာပါ 😎

Focus on where you want to go,
not on what you fear!

~ Tony Robbins

Photos from Reform Consulting's post 27/01/2023

🤔 အခုချိန်မှာ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသလိုခံစားနေရလား?

🤨 ကိုယ်က လမ်းကြောင်းတစ်ခုပေါ်မှာ တော့လျှောက်နေတယ် ခရီးမရောက်သလိုခံစားနေရလား?

🧐 ကိုယ်လုပ်နေတဲ့ အလုပ်က ကိုယ်တကယ်ပဲ passionate မဖြစ်ဘူးလို့ ထင်နေသလား?

လက်ရှိလုပ်နေတဲ့ အလုပ်မှာ မပျော်တော့ဘူးလား? 😔

လုပ်နေတဲ့ အလုပ်တွေက ကိုယ့်ရဲ့ ဘဝမှာ အဓိပ္ပာယ်မဲ့ ခံစားနေရပါသလား? 😣

✌️ဒါဆိုရင်တော့ reform က လူကြီးမင်းတို့ရဲ့ပန်းတိုင်ကို ကူညီပြီးတော့ရှာဖွေပေးဖို့ အဆင်သင့်ပါပဲ။

Reform ရဲ့ Career Pathway Services တွေမှာတော့ Starter နဲ့ Professional ဆိုပြီး package ၂ခုရှိပါတယ်။

✅ Starter Package : 60000 MMK
✅ Professional Package : 150000 MMK

ကိုယ့်ရဲ့ career အတွက် လုပ်သက်အတွေ့အကြုံ များစွာရှိပြီး အရည်အချင်း ပြည့်ဝတဲ့ mentorတွေ နဲ့သေချာလေး ဆွေးနွှေးချင်တယ်ဆိုရင်တော့ Page Messenger ကတဆင့် စုံစမ်းမေးမြန်းလို့ ရပီဆိုတဲ့ အကြောင်း သတင်းပေး မိတ်ဆက်ပေးပါရစေ။ 😇

24/01/2023

"Your Future is created by what you do today" ဆိုတဲ့ အတိုင်း
ဒီနေ့ ကိုယ်ဘာတွေ လုပ်ဖြစ်လဲ?
ဘယ်လိုအရာတွေနဲ့ ကိုယ့်ရဲ့ အနာဂတ်ကိုပုံဖော်ကြမလဲ?
ကိုယ့်အနာဂတ်ကို ဘယ်လို ပုံဖော်ချင်လဲ comment မှာပြောပြပေးဦးနော်
🤩🤩🤩

17/01/2023

Which Career Type are you?
ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်က ဘယ်လိုအမျိုးအစားထဲမှာပါလဲ?

Realistic - ကိုယ့်ရဲ့ လုပ်အားကိုအသုံးပြုပြီး ကိုယ့်ရဲ့လက်တွေ, တခြားပစ္စည်းတွေရဲ့ အကူအညီနဲ့ လုပ်ကိုင်နေတဲ့သူဆိုရင်တော့ ကိုယ့်ရဲ့ career က realistic type ထဲမှာပါပါတယ်။

Investigative - ကိုယ်က အလုပ်မှာ အသေးစိတ်တာဝန်ယူထားပြီး လုပ်ကိုင်နေတဲ့လူတွေ၊​ ပြဿနာဖြေရှင်းရတာကြိုက်တဲ့လူတွေ နဲ့ တစ်ခုကနေတစ်ခုကို ချိတ်ဆက်ပြီး လုပ်ကိုင်တတ်တဲ့ သူတွေကတော့ Investigative type ထဲမှာပါပါတယ်။

Artistic - ကိုယ့်ရဲ့ လက်ရှိအလုပ်ကသာ ဖန်တီးမှုတွေနဲ့ feeling နောက်ကို လိုက်ပြီး လုပ်ကိုင်ရတာမျိုးတွေ၊ လွတ်လပ်ပြီး free spritied ဖြစ်တဲ့လူမျိုးတွေကတော့ Artistic type ထဲမှာပါပါတယ်။

Social - ကိုယ်က organization အကြီးကြီးတွေမှာ လုပ်ရတာကြိုက်တယ်၊ supportive role ကနေလည်း လုပ်ကိုင်နေတယ်၊ ကူညီတတ်တယ်ဆိုရင်တော့ Social type ထဲမှာပါပါတယ်။

Enterprising - ကိုယ်က ယှဥ်ပြိုင်လိုစိတ်ပြင်းပျပြီး ရည်မှန်းချက်ကြီးမားလူမျိုး၊​ ကောင်းမွန်တဲ့ ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့သူ ၊​ လူတွေကိုဆွဲဆောင်နိုင်တဲ့သူဆိုရင်တော့ Enterprising type ထဲမှာပါနေပါတယ်။

Conventional - ကိုယ်က အသေးစိတ် အလုပ်လုပ်တတ်တယ်၊ ကောင်းကောင်းမွန်မွန် ဦးဆောင်နိုင်တယ်၊ လက်တွေ့မှာလည်းကျွမ်းကျင်တဲ့ လူမျိုးဆိုရင်တော့ Conventional type ထဲမှာပါပါတယ်။

ကိုယ့်ရဲ့ career နဲ့ ကိုယ်က ဘယ်လို type မျိုးလဲဆိုတာ comment မှာပြောပြပေးပါဦးနော်။

See you!
Have a nice day!

08/01/2023

ဒီနေ့တော့ Reform ကိုစတင်ဖြစ်ခဲ့ပုံလေးပြောပြချင်ပါတယ်။

Reform လို့စပြီး မလုပ်ခင်က ၂၀၂၂ တစ်နှစ်လုံးမှာ freelance career consulting အနေနဲ့ ကျွန်မတို့ကို carrer နဲ့ပတ်သက်ပြီး လာတိုင်ပင်တဲ့ လူတွေအရမ်းများခဲ့ပါတယ်။ Area စုံ Finance, HR, IT, Marketing, Business Analysis, Civil, Mechanical နဲ့ International school teacher တွေအထိပါခဲ့ပါတယ်။

ကိုယ်ကစကားပြောရတာလဲကြိုက် ကိုယ့်ရဲ့ professional field မဟုတ်ပဲ တခြား fields တွေကို explore လုပ်ရတာသဘောကျတဲ့အတွက် ဒီအလုပ်ကိုဆက်တိုက်ဆိုသလို လုပ်ဖြစ်လာပါတယ်။ အားတဲ့အချိန်တွေမှာလည်း IT နဲ့ပတ်သက်တဲ့ project တွေလက်ခံခဲ့ပြီး Social Enterprise တစ်ခုနဲ့ NGO တစ်ခုအတွက် လိုအပ်တဲ့ နည်းပညာအကူအညီတွေပေးဖြစ်ခဲ့ပါတယ်။ 🥳🤩

အစကတစ်ယောက်တည်း Reform လုပ်ဖို့စဥ်းစားနေတုန်း ခင်ရတဲ့ ညမလေးတစ်ယောက်နဲ့ စကားစပ်မိရာကနေ သူနဲ့ coorprate အကြောင်းတွေပြောဖြစ်တဲ့အချိန်မှာ ကိုယ်နဲ့သူနဲ့ ကြုံတွေ့ခဲ့တဲ့ environment, working style နဲ့ ပြဿနာတွေက မတူညီပဲ ဘာလို့ အောင်မြင်တဲ့ coorprate business တွေမှာ healthy enviroment ကိုသိပ်မတွေ့ရတာကိုတွေ့ရတဲ့အခါမှာ လိုနေတဲ့ ဟာကွက်တွေတွေ့လာခဲ့တယ်..

Business မှာလည်းတူတူပါပဲ...ကိုယ်နဲ့နီးစပ်တဲ့ အစ်မတွေရဲ့ လုပ်ငန်းလည်ပတ်တဲ့အချိန်မှာ operation ပိုင်းလိုအပ်တာတွေကို အကြံဉာဏ်တွေပေးရင်းနဲ့ ကိုယ်လုပ်နိုင်တာတွေ ပိုသိလာရင်းနဲ့ reform ကိုစမယ်ဆိုတော့ bussiness နဲ့ hr ပိုင်းကိုပါထည့်ဖြစ်သွားတယ်။

Reform မှာတော့ အရည်အချင်းရှိပြီး စိတ်ရှည်တဲ့ consultant တွေစုထားတာမို့လို့ ယုံကြည်စွာနဲ့အပ်နှံလို့ရပါတယ်နော်။ 😇😇😇

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon