AM Insurance Advisor
မိမိနှင့် မိသားစု ငွေကြေးအရေး စိတ်အေးရဖို့ အသက်အာမခံဝယ်ယူထားခြင်းဖြင့် စိတ်အေးချမ်းမှုရယူပါ။
02/04/2025
#ကယ်ဆယ်ရေး အဖွဲ့က လူငယ်တယောက်
အမေအရွယ်လူတယောက်ကို အသံကြားလားလို့ မေးတော့
ကြားတယ်သားရေ
အပေါက်ကျ-ဉ်းလေးထဲက လက်ကလေးထွက်လာပြီး
ရော့အမေ့စိန်လက်စွပ်နဲ့ ဆွဲကြိုး
သားယူထားလိုက်ပါ
အမေ့ကိုမကယ်နိုင်ခင် အမေအသ-က်ထွက်သွားခဲ့ရင်တော့
လာကယ်တဲ့ သားတို့မိသားစုအတွက် လိုရာသုံးပေါ့
သားကပြည့်စုံရင်တော့ ခု ဒုက္ခတွင်းကျနေသူ
အားလုံးအတွက် တထောင့်တနေရာစာသုံးပေးပါ
အမေအသ--က်ရှင်ရက်ထွ-က်ခဲ့ရလည်း
အမေ့သဘောထား ဒီအတိုင်းပါပဲကွယ်
အမေကလောကကြီးမှာ ဝအောင်နေပြီးပါပြီ
သားတို့ ကိုယ့်အန္တရာ-ယ်ကိုယ်ကြည့်ပြီးမှ
ကယ်ဆယ်ရေး လု-ပ်ကြပါ
သားတို့က ပိနေတဲ့ အမေတို့ထက်
နှလုံးသားပိုလှပါတယ်ကွယ်
လောကကြီးအတွက် မင်းတို့လိုလူတွေ
အများကြီး အသ-က်ရှင်နေဖို့လိုတယ်ကွဲ့တဲ့
ကယ်ဆယ်ရေးလူငယ် အမေကြီးစကားသံတချို့ကြောင့်
ရင်ထဲအောင့်တက်ရင်း မျက်ရည်သွင်သွင်ကျနေလေရဲ့
မျက်ရည်သွင်သွင်ကျရင်းက စိတ်ချပါအမေ
သားတို့ရအောင်ကယ်မှာပါ😢😢😢
#သဘာဝဘေး
#ငလျင်
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon
11091
02/04/2025