Cyvas Collective

Cyvas Collective

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cyvas Collective, Graphic designer, Yangon, Yangon.

Photos from Cyvas Collective's post 03/04/2023

Client : Khit Pyin Nyar
Industry : Education
Project : Children's Workbook
Scope of work : Illustration

Khit Pyin Nyar is a pubslishing house focusing on children's educational books.

သင်ခန်းစာနဲ့သက်ဆိုင်တဲ့အကြောင်းရာတွေကို ရုပ်ပုံတွေအဖြစ်သရုပ်ဖော်ပေးဖန်တီးဖြစ်ခဲ့ပါတယ် စာမျက်နှာအတွင်းထဲကအကန့်အသတ်ဘောင်ထဲမှာ ဆိုလိုချင်တဲ့သရုပ်ပေါ်အောင်ချိန်ညှိပြီးဖန်တီးရေးဆွဲရတာက ဒီအလုပ်ရဲ့အဓိကစိန်ခေါ်မှုဖြစ်ပါတယ်

Photos from Cyvas Collective's post 26/03/2023

ပြီးခဲ့တဲ့အပါတ်ထဲက iconic logo တစ်ခုဖြစ်တဲ့ I ❤️ NY logo redesign ဆိုပြီး ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်။ မူရင်း logo ဒီဇိုင်းကို Milton Glaser က 1977 ခုနှစ်မှာ ရေးဆွဲခဲ့ပြီး New York မြို့သူမြို့သားတွေသာမက တစ်ကမ္ဘာလုံးကပါ နှစ်သက်ကြတဲ့ အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတယ်။ Milton Glaser ဟာ နာမည်ကျော်ကြားပြီး အအောင်မြင်ဆုံး ဒီဇိုင်နာတွေထဲကတစ်ယောက်လည်းဖြစ်ပြီး သူဟာ New York Magazine Logo, Bob Dylan poster အစရှိသည်တို့ကို ရေးဆွဲပေးခဲ့သူတစ်ဉီးလည်းဖြစ်တယ်။ သူရဲ့ I ❤️ NY Logo ဟာဆိုရင်လည်း လူတိုင်းလိုလိုလက်ခံပြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ဒီဇိုင်းဖြစ်တာကြောင့် အခုလို မထင်မှတ်ဘဲ redesign ဆိုပြီးထွက်ပေါ်လာတော့ လူတော်တော်များများကတော့ ဒီဇိုင်းအသစ်ကို လက်မခံနိုင်ကြဘူးဆိုပြီး internet မှာဝေဖန်နေကြပါတယ်။
ယခု ပြန်လည်ရေးဆွဲလိုက်တဲ့ I ❤️ NY Logo ဒီဇိုင်းအသစ်ကို လူတွေဘာကြောင့်လက်မခံနိုင်သေးတာလဲ။ အချိန်အတိုင်းအတာတစ်ခုရောက်သွားရင် လက်ခံသွားမယ်ထင်ပါသလား။ ဒီ design အသစ်က New York City နဲ့ မြို့သူမြို့သားတွေကို ပိုမို represent လုပ်နိုင်တယ်လို့သင်ထင်ပါသလား? သတင်းမကြားဘာမကြားနဲ့ရုတ်တရက်ကြီး design အသစ်လုပ်ချလိုက်လို့ မကြိုက်ကြတာလား? ဒီ design အသစ်ကိုကပဲ မကောင်းတာလား? မိတ်ဆွေတို့ရောဘယ်လိုထင်ပါသလဲ?
ယခုဒီဇိုင်းအသစ်ကိုရေးဆွဲပေးသူကတော့ Collins ရဲ့ Creative Director Joseph Han ဖြစ်ပါတယ်။ သူဟာလည်း ကမ္ဘာ့ထိပ်တန်းဝင် brand တွေဖြစ်တဲ့ Apple, Google, Facebook, The New York Times, New York Botanical Garden, Van Leeuwen အစရှိသည် တို့အတွက် ဒီဇိုင်းများ ဖန်တီးပေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
Yangon