NeoSpur
အိမ်ခြံမြေ အကျိုးဆောင် နှင့် ဥပဒေဆိ?
ဖြေရှင်း ရမည့် ပြသနာ တစ်ခုလို့မြင်ပါတယ်။ အမြင်အမျိုးမျိုးလည်း ဖြစ်နိုင်ပါတယ် အဖြေ တွေလည်း ကွဲပြားနိုင်ပါတယ်။ တင်ပြတဲ့ပုဂ္ဂိုလ်ကိုလည်း Credit ကျေးဇူးလည်းတင်ပါတယ်
မြေရှင်ကို မြေလခ၊ အိမ်လခ၊ ထာ၀ရပေးအပ်ဖို့ တိုက်ခန်း၀ယ်သူမှာ တာ၀န်ရှိလား...?
ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ခန်းတစ်ခု အရောင်းအ၀ယ်စာချုပ် ချုပ်ပါတယ်။ မူလကတော့ စရံပေးစာချုပ်အရင်ချုပ် စရံငွေချပြီး လုပ်စရာရှိတာတွေကို ဥပေဒအရ ဆက်လက်ဆောင်ရွက်ပါတယ်။ အပြီးသတ်စာချုပ် ချုပ်ဆိုဖို့ ချိန်းဆိုထားတဲ့ နေ့မှာ အဲ့တိုက်ခန်းမှာပဲ ကျန်ငွေ ပေးပြီး ရောင်းသူ၀ယ်သူလက်မှတ်ထိုးဖို့ လုပ်တဲ့ အခါမှာ စရံပေးစာချုပ်မှာပါမလာတဲ့ အကြောင်းတစ်ခု အပြီးသတ်အရောင်းအ၀ယ် စာချုပ်မှာ ပါလာပါတယ်။
မြေရှင်ကို တိုက်ခန်း၀ယ်သူမှ လစဉ် အိမ်လခ၊ မြေလခ ပေးရပါမယ်တဲ့။ တန်ဖိုးအားဖြင့် ထောင်ဂဏန်းသာသာ သောင်းဂဏန်းပါ ။ ရောင်းသူဘက်က ဥပဒေပညာရှင်ပါတယ်။
ဒါနဲ့ ကျနော်က မေးကြည့်ပါတယ် ဘာလို့ အိမ်လခ ၊မြေလခပေးရတာလဲ ။ဘယ်ဥပဒေကြောင့်လဲ ရှင်းပြပါဆိုတော့ ကန်ထရိုက်နဲ့ မြေရှင်ချုပ်တဲ့ စာချုပ်မှယ တိုက်ခန်း၀ယ်သူတွေကို မြေလခ အိမ်လခတောင်းမယ်လို့ ရေးထားပါတယ်တဲ့။
ဒီတော့ မရှိတဲ့ ဥပဒေကို ကန်ထရိုက်နဲ့ မြေရှင်က ရေးသားချုပ်ဆိုထားပါတယ်။ ဒီတော့ ၀ယ်သူဘက်က မြေရှင်တောင်းတဲ့ အိမ်လခနဲ့မြေလခ က မများပေမယ့် မပေးပါဘူး ။ မြေပိုင်ရှင်ဆိုသူကပဲ ရောင်းတာပါ။ ဒီလိုပဲ တောင်းနေကြတယ်လို့ မြေရှင်က ထပ်ပြောပါတယ်။ ဒီတော့ သိန်းထောင်ကျော်တန် တိုက်ခန်းအရောင်းအ၀ယ် ကျနော်တို့ ၀ယ်သူဘက်က စဖျက်ပါတယ်။ ရောင်းသူက ဒါဆိုရင် စရံအဆုံးပြောပါတယ်။
ဒီတော့ ပြဿနာ ရှိလာပါပြီ ။ ဒီတော့ ကျနော်ကပြောပါတယ် ။ (၁) ဘယ်ဥပဒေအရ တောင်းတာလဲ (၂) ဘာကြောင့်တောင်းတာလဲ (၃) စရံငွေပေးစာချုပ် ချုပ်ဆိုစဉ်က ရေးသွင်းသဘောမတူထားတဲ့ အချက်ကို အပြီးသတ်စာချုပ် ချုပ်တဲ့ အခါမှာ ထည့်သွင်းချုပ်ဆိုတဲ့ အတွက် စရံငွေပြန်မပေးရင် ဥပေဒအရ ဖြေရှင်းပါ့မယ် ပြောခဲ့တယ်။
ဒါနဲ့ပဲ နောက်နေ့ မနက်ကျတော့ မြေရှင်ဖုန်းဆက်တယ်။ ယခု ၀ယ်သူကို မြေလခ အိမ်လခ မယူတော့ပါဘူး။ အရောင်းအ၀ယ် ဆက်လုပ်ပေးပါတဲ့။ နောက်ထပ်၀ယ်သူတွေ မေးလာရင်တော့ ပေးရတယ် ပြောပေးပါတဲ့။ ဒီတော့ အရောင်းအ၀ယ် ဆက်လုပ်ကြပါတယ်။
ပြောချင်တာက ၀ယ်သူက တိုက်ခန်းရဲ့ အကျိုးခံစားခွင့်အရပ်ရပ်ကို သတ်မှတ်တောင်းဆိုတဲ့ ဈေးပေး၀ယ်ထားတာတောင် လစဉ် အိမ်လခ မြေလခ ဆိုပြီး တောင်းနေတဲ့ လုပ်ရပ်တွေ ကို သ ဘောမတူပါဘူး။
သားစဉ်မြေးဆက် မြေရှင်ကို အိမ်လခ မြေလခ ထာ၀ရပေးအပ်ဖို့ တိုက်ခန်း၀ယ်သူမှာ တာ၀န်မရှိပါဘူး။ ဒါကြောင့် တိုက်ခန်း၀ယ်မယ်ဆိုရင် နောက်ပိုင်း ခေတ်စားလာတဲ့ မြေလခ အိမ်လခကို ပြတ်ပြတ်သားသား မပေးနိုင်ကြောင်း ငြင်းဆိုကြည့်ပါ။
ကြာလာရင် ဓလေ့ထုံးတမ်း ဖြစ်လာနိုင်မှာ စိုးလို့ပါ။
Credit : C/O
ဦးမိုးဟိန်း
တရားလွှတ်တော်ရှေ့နေ
အိမ်ခြံမြေ အကျိုးဆောင်နှင့် ဥပဒေ ဆိုင်ရာ ဝန်ဆောင်မှု များကို တစ်နေရာတည်းတွင် ပြည့် စုံမှန်ကန်စွာ ပြုလုပ်ပေးမည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11082