Preps 101 Academy

Preps 101 Academy

Share

Welcome to our Physics teaching hub! With over 30 years of teaching experience, we specialize in making IGCSE and GED Physics simple and engaging.

Photos from Preps 101 Academy's post 09/11/2022

I'm beaming with pride because i wasn't expecting to receive this much positive feedbacks when this was my first time asking for them though i should have done it right from the very start. Every one of you was very special to me. Gargantuan gratitude to you all - XOXO, Tr.J

Photos from Preps 101 Academy's post 21/10/2022

အတန်းနဲ့တက်ရတဲ့သင်တန်းလာမေးနေကြသူများအတွက်သတင်းကောင်းလေးလာပါပြီ📢📢🥰

hello, Preps 101 မှ ကြိုဆိုလိုက်ပါတယ်။
November လအတွက် TOEFL iBT Six weeks preparation class လေးကို ပြန်လည်ဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်။

☘️အများဆုံးကျောင်းသား ၅ယောက် (or less) သာခေါ်သွားမယ့် TOEFL iBT Preparation class လေးတွေပဲဖြစ်ပါတယ်။

🍀 သင်ကြားပေးမယ့် platform ကတော့ zoom ဖြစ်ပါတယ်။

Instructor's profile

☘️Teacher Judy ကတော့ လက်ရှိမှာ အမေရိကန် နိုင်ငံကို exchange student အနေနဲ့ ပညာတော်သင်သွားဖို့ scholarship (Global UGRAD 2022-23) ရရှိထားသူတစ်ဦးဖြစ်ပါ
တယ်။

☘️ကိုယ်တိုင်လည်း TOEFL ကို ဖြေထား၊ test structure များကို သိသည့်အပြင်
Reading - 22/30, Listening 22/30,
Speaking - 26/30, Writing 25/30 ရရှိထားသူလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျောင်းသားပေါင်းများစွာကို instruct ပေးလျက်ရှိပါတယ်။

☘️စာသင်အတွေ့အကြုံများစွာရှိပြီး လက်ရှိမှာလည်း YLE (K.E.T, P.E.T) များနဲ့ adult learners (one-on-one) များကို သင်ကြားပေးလျက်ရှိပါတယ်။

ဆက်သွယ်ရန်ဖုန်းနံပါတ် - 095134964

31/08/2022

Hellllllo, ဒီနေ့မှာတော့
TOEFL Speaking ကိုဘယ်လို self-study ရမလဲ နဲ့ ပတ်သတ်ပြီး sharing လေးလုပ်ပေးချင်ပါတယ်🫶🏽

TOEFL test မှာ
Reading, Listening, Speaking, Writing အစဉ်အလိုက်ဖြေရပါတယ်။ အဲ့ထဲမှာမှ
တတိယ section မှာဖြေရမှာဖြစ်တဲ့ speaking section ကတော့ အနည်းငယ် challenging ဖြစ်တဲ့ section လို့ပြောလို့ရပါတယ်။

☘️အရင်ဆုံး Speaking ရဲ့ structure လေးကို ခြုံပြောပြပါမယ်။
TOEFL speaking မှာ Task (4) ခုပါရှိပြီး
Task (1) - Independent
Task (2), (3), (4) ကတော့ integrated ဖြစ်ပါတယ်။
ကံကောင်းတာတစ်ခုကတော့ အရင်တုန်းကဆို 6 ခုတောင် ရှိခဲ့တာဖြစ်ပါတယ်🤯
အခုနောက်ပိုင်းမှ လေးခုပြောင်းသွားတာပါ။

☘️Task (1) Independent task ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အကြံဉာဏ်နဲ့ 45 seconds ကြာဖြေရတဲ့မေးခွန်းဖြစ်ပါတယ်။
ဥပမာ - "တစ်ယောက်တည်း စာလုပ်ရတာနဲ့ အများနဲ့ စာလုပ်ရတာ ဘယ်ဟာပိုပြီး prefer ဖြစ်သလဲ" ကဲ့သို့သော မေးခွန်းမျိုးလေးတွေဖြစ်ပါတယ်။

☘️Task (2) ကတော့ announcement အတိုလေးတစ်ခုကို ဖတ်ရပြီး အဲ့ဒီ announcement အပေါ် ငြင်းတာ (သို့) ထောက်ခံတာ ကို conversation အတိုလေးကို နားထောင်ပြီး 60 secs ကြာ နှစ်ခုပေါင်းပြောရတာမျိုးဖြစ်ပါတယ်။

☘️Task (3) ကတော့ academic topic အတိုလေးကို ဖတ်ပြီး အဲ့ဒီ topic ကို ထပ်ဖြည့်ပြောထားတဲ့ lecture အတိုလေးကို နားထောင်ရတာဖြစ်ပါတယ်။ ပြီးတော့မှ နှစ်ခုကိုပေါင်းပြီး 60 seconds အတိုချုံး ပြန်ပြောပြရတာဖြစ်ပါတယ်။

☘️Task (4) ကတော့ lecture အတိုလေးတစ်ပုဒ်ကို နားထောင်ပြီး 60 seconds အတိုချုံးပြန်ပြောရတာပဲဖြစ်ပါတယ်။

Task တစ်ခုစီအတွက် speaking time ကြာမြင့်ချိန်တွေက တော့ အလွန်ဆုံးတစ်မိနစ်ပဲ ရှိပါမယ်။ စာအတိုလေးတွေ ဖတ်ချိန်ပါပေါင်းရင်တော့ အများဆုံး 17 မိနစ်ဖြစ်ပါတယ်။

☘️ဘယ်လိုလေ့ကျင့်ရမလဲ

🌪 မေးခွန်းပုံစံကို နားလည်အောင်လုပ်ပါ။

🌪 အချိန်မီပြောနိုင်အောင်လေ့ကျင့်ပါ။ speaking test က မခက်ခဲပေမယ့် အချိန်မမီတာမျိုး မဖြစ်အောင် လေ့ကျင့်ဖို့ အလွန် အရေးကြီးပါတယ်။

🌪 မေးခွန်းတစ်ပုဒ်ကို စစကျင့်ချင်းမှာ ထစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့တစ်ပုဒ်ကိုပဲ smooth ဖြစ်တဲ့ အထိပြောကြည့်စေချင်ပါတယ်။

🌪Note-taking လုပ်ပါ။

🌪 Template သုံးပါ။

🌪 အနီးနားမှာ မှတ်ချက်ပေးပေးမယ့် သူငယ်ချင်း (သို့) အသိရှိရင် ပေးခိုင်းပါ။ (optional)

🌪 ကိုယ့်အသံကိုယ် ဖမ်းထားပြီး ပြန်နားထောင်ကြည့်ပါ။

🌪 PRACTICE, PRACTICE, PRACTICE !

☘️ Do accents matter?

tbh, "NO". Accent ဘာညာ အရေးမကြီးပါ။ အသံထွက်မှန်ဖို့၊ ဖြေးဖြေးမှန်မှန်လေး ပြောပေးနိုင်ဖို့ အဓိကပါပဲ။

☘️WHERE can you self-study? ဘယ်မှာ ကျင့်မလဲ?

🌪 စာအုပ်နဲ့ ကြည့်ရတာကြိုက်ပြီး script ပါကြည့်ချင်ရင်တော့ TOEFL iBT Books + Audios နဲ့ကျင့်တာအဆင်ပြေပါတယ်။

တခြားကျင့်လို့ရမယ့် script ပါမြင်ရတဲ့ website ကတော့
https://www.simontoefl.com/en/
ပဲဖြစ်ပါတယ်။

🌪 youtube မှာလည်း TOEFL speaking practice tests ဆိုပြီးရိုက်ရှာလိုက်ရင် ထွက်လာပါလိမ့်မယ်

☘️Application နဲ့ ကျင့်ချင်ရင်တော့
Magoosh TOEFL speaking app လေးတွေကို အောက်မှာdownload link ချပေးထားပါတယ်နော်။

Andriod

https://play.google.com/store/apps/details?id=com.magoosh.toefl.speaking&hl=en_SG&gl=US

IOS
https://apps.apple.com/mm/app/magoosh-toefl-speaking-and-english-learning/id1238420710

🫶🏽အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သိလိုတာများရှိရင်လည်း မေးမြန်းနိုင်ပါတယ်။
Thank you everyone ☘️💖

14/06/2022

Hello everyone! ဒီနေ့မှာတော့ Toefl iBT ကို ဘယ်လို self-study လုပ်ရမလဲနဲ့ self-study လုပ်လို့ရမယ့် websites တွေ youtube channels တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်🥰🙆‍♀️

☘️ရှေးဦးစွာ test format, time, tips စသဖြင့် google, youtube တို့မှာ စတင်လေ့လာသင့်ပါတယ်။ လေ့လာလို့ တီးမိခေါက်မိရှိလာပြီဆိုရင် youtube မှာ reading test လေးဖြစ်ဖြစ် ကိုယ့်ကိုယ်ကို စိန်ခေါ်တဲ့ အနေနဲ့ စမ်းဖြေကြည့်ပါ။ (ဘယ်လောက်ရရ စိတ်မညစ်ပါနဲ့နော်၊ နည်းနည်းရင်းနှီးစေရုံပါ)

☘️ Personally recommend ရမယ်
ဆိုရင်တော့ reading ကို အရင်ဆုံးလေ့လာစေချင်ပါတယ်။ reading paragraphs တွေက 100% နားလည်နိုင်ဖို့ ခက်ခဲတဲ့ အတွက်ရယ်၊ multiple choice ဆိုသော်လည်း မေးခွန်းပုံစံအမျိုးမျိုးရှိတဲ့အတွက် ရင်းနှီးအောင် အရင်လုပ်သင့်တဲ့ skill လို့ယူဆမိလို့ပါ။ ( yes, it's not a must tho. In fact, it's yours to decide which skill you wanna boost first but yeah i'd recommend you to do reading first😉)

☘️Study-plan ဆွဲပါ။ ဘယ်နေ့မှာ ဘာလုပ်မယ်၊ ဘယ်နှစ်နာရီ လုပ်မယ် စသဖြင့်။ ပြီးတော့ ဘယ်လောက်အချိန်ယူမလဲစသဖြင့် အစီအစဉ်ချပါ။
ဖြေမယ့် ရက်ပါ လျာထားတာမျိုး၊ ဖြေမယ့်ရက်ပါ စဉ်းစားထားတာမျိုး ဆိုပိုကောင်းပါတယ်။ registration လုပ်ထားရင်ကတော့ အကောင်းဆုံးပါပဲ (pressure လေးရသွားတော့ စာလုပ်ဖြစ်တာပေါ့နော😛)
ဒီတိုင်း တိုဖယ်ကို သိချင်လို့လေ့လာဆိုရင်တော့ အရမ်းကြီး plan ဆွဲစရာမလိုဘူးပေါ့နော်။

☘️ tips တွေကို ကြည့်တဲ့ အခါ ယူသင့်တာကို ခေါင်းထဲထည့်ပြီး မလိုတာကို ပယ်သင့်ပါတယ်။ tips တွေက သောင်းခြောက်ထောင်၊ ပြောတဲ့ သူတွေက တစ်ယောက်တစ်မျိုးကြားရတဲ့ အခါ ခေါင်းမူးလာတတ်လို့ပါ။ Also, ကိုယ်ပိုင် tips, style, strategy ကိုလည်း တစ်ခါတစ်ရံမှာ figure out or develop လုပ်သင့်တယ်လို့ထင်ပါတယ်

☘️PRACTICE !!

☘️ဖြေပြီးသား practice test တွေကို မေ့လောက်ရှိရင် ပြန်ဖြေပါ

☘️အမှားကို စစ်ပါ ပြန်ကြည့်ပါ။

☘️time-management က အရမ်းအရေးကြီးပါတယ်။ အချိန်မီအောင်ကျင့်ရပါမယ်။

☘️writing ရေးကျင့် တဲ့အခါ computer keyboard မှာ စာရိုက်ကျင့်ပါ။ စာအုပ်ထဲမှာ ရေးမကျင့်ပါနဲ့။

self-study အတွက် websiteလေးတွေကတော့

http://yousukao.com/

ဒီ yousakao website လေးကတော့
အနှစ်ပါပဲ။ ကိုယ်တိုင်လည်း အဲ့တာတစ်ခုတည်းနဲ့ ဖြေခဲ့ဖူးတဲ့ အတွက် youscore ကို အမြဲ recommend ဖြစ်ပါတယ်🙆‍♀️ နှစ်ပတ်တည်း အချိန်ရခဲ့တာတောင် youscore က ကယ်တင်ခဲ့တာပါ🥺

https://toefl.weixue100.com/

youtube channels -

1. TST prep TOEFL
https://youtube.com/c/TOEFLSpeakingTeacher1
TST prep ကတော့ တော်တော်လေးစုံလင်ပါတယ်။ မသိတာရှိရင်လည်း comment မှာမေးထားရင် ဖြေပေးပါတယ်။

2. IELTS and TOEFL with Juva
https://youtube.com/channel/UCOPB7UX9lyG4U67BQI8LCqw

3. linguamarina
https://youtube.com/c/linguamarina

☘️အားလုံးပဲ အထောက်အကူဖြစ်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ သိလိုတာများရှိရင်လည်း မေးမြန်းနိုင်ပါတယ်နော်🥰🥰

10/04/2022

TOEFL iBT က ခက်သလား?

အားလုံးပဲ မင်္ဂလာပါ Preps 101 မှ ကြိုဆို လိုက်ပါတယ်။ ဒီနေ့မှာ တော့ အခုချိန်ထိ test takers တွေကြားမှာ မေးနေကြဆဲဖြစ်တဲ့ မေးခွန်းလေးဖြစ်တဲ့ TOEFL iBT က ပို ခက် သလားရယ် TOEFL ဖြေဖို့အတွက် ဘယ်လို strategy တွေလိုအပ်တာလဲနဲ့ ပတ်သတ်ပြီး ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ် ။

ပထမဆုံးပြောရမယ်ဆိုရင်တော့ တကယ်တမ်း တစ်ယောက်နဲ တစ်ယောက်အကြိုက်ပေါ်ပဲ မူတည်ပါတယ်။ အကယ်၍ သင်ဟာ multiple choice တွေနဲ့ note-taking လုပ်ရတာကိုကြိုက်တဲ့ သူဆိုရင်တော့ TOEFL ကို ပိုသဘောကျမှာပါ။ ( i personally prefer TOEFL than IELTS too)
TOEFL က ခက်သလားဆိုရင်တော့ မခက်ပါဘူးနော်။ TOEFL iBT ကို ဖြေဖို့ advanced level အထိလည်း ရောက်နေစရာလည်း မလိုပါဘူး။ ထုံးစံအတိုင်း English exam တွေကတော့ မိမိရဲ့ english စွမ်းရည်ကို စစ်တဲ့ အတွက် အတိုင်းအတာတစ်ခုထိတော့ ခက်ကောင်း ခက်နိုင်ပါတယ်။ ဒါပေမယ့် နည်းလမ်းကျကျ နဲ့ question types တွေ strategies တွေကို ပိုင်နိုင်ပြီး များများ practice မယ်ဆိုရင် self-study လုပ်ရုံနဲ့ လိုချင်တဲ့ score ကို ရသွားမှာပဲ ဖြစ်ပါတယ်။

TOEFL ဖြေဖို့ အတွက် အဓိကကျတဲ့ strategy တွေကတော့

☘️Skill တစ်ခုစီတိုင်းရဲ့ format ကို အရင်သိအောင်လုပ်ပါ။

☘️Vocabulary လေးတွေနည်းနည်းစီလေ့လာပါ။

☘️နားထောင်နေရင်း Note-taking သေချာလုပ်နိုင်တာက အရေးကြီးပါတယ်။ notes ရေးဖို့အတွက် transparent ဖိုင်အကြည်နဲ့ marker pen သို့မဟုတ် whiteboard အသေးနဲ့ marker pen တို့မှာ ရေးကျင့်သင့်ပါတယ်။ တကယ့် exam မှာလည်း အဲ့ဒီ materials လေးတွေသုံးပြီးဖြေရပါတယ်။
listening မှာ lecture or conversation တွေကို အစအဆုံး အရင်နားထောင်ပြီးမှ multiple choice မေးခွန်းတွေကို ဖြေရလို့ပဲ ဖြစ်ပါတယ်။ တစ်ခါပဲ နားထောင်လို့ရပါမယ်။ ဒါပေမယ့် လူတိုင်း အကြိုက်စီမတူကြပါဘူး တစ်ချို့ကတော့ listening မှာ notes မရေးပဲ ဒီတိုင်းနားထောင်ပြီး ဖြေရတာကို အဆင်ပြေကြတာလည်းရှိပါတယ်။
Note-taking အတွက် အရေးကြီးတာကတော့ speaking နဲ့ writing လို့ personally ယူဆပါတယ်။ အဲ့ အပိုင်းတွေကိုတော့မဖြစ်မနေ note-taking လုပ်သင့်ပါတယ်။

☘️Strategy သိအောင်လုပ်ပါ။ ဘယ်မေးခွန်းပုံစံကို မိမိအနေနဲ့ ဘယ်လိုဖြေရမလဲလေ့လာပါ။ ထုံးစံအတိုင်း tips and tricks တွေကတော့ အများကြီးမို့ ကိုယ်နဲ့ အကိုက်ဆုံး strategy ကို သိအောင်လုပ်ပါ။

☘️နောက်တစ်ခုကတော့ practice များများလုပ်ဖို့ပါ။ practice tests တွေကို အချိန်နဲ့ တပြေးညီ သေချာလေ့ကျင့်သင့်ပါတယ်။ စစချင်းမှာ အချိန်မမှတ်သေးပဲ လုပ်ပါ။ နောက်ပိုင်းမှာအချိန် နဲ့ သေချာ မှတ်ပြီး ဖြေကျင့်သင့်ပါတယ်။ so yeah, PRACTICE PRACTICE PRACTICE! (the more you practice, the better)

☘️ကိုယ့်အားနည်းချက်ကိုသိအောင်လုပ်ပါ။ မှားရင်လည်း ဘာကြောင့်မှားတယ်ဆိုတာ စစ်သင့်ပြီးမှန်သွားရင်လည်း ဘာကြောင့်မှန်တယ်ဆိုတာ အမြဲ သိအောင်လုပ်ပါ။ ဒါအရမ်းအရေးကြီးပါတယ်။ ဘာမှားတယ်မှန်တယ်ကို မကွဲပြားပဲဒီတိုင်း လေ့ကျင့်မယ်ဆိုရင် အမှတ် တက်လာတော့မှာမဟုတ်ပါဘူး။

☘️အချိန်တစ်ခုသတ်မှတ်ပြီး နေ့စဉ် ပုံမှန်လုပ်ပါ။

☘️Last but not least, အများကြီး လုပ်စရာမလိုပါဘူးနော်။ ဦးနှောက်က အများကြီး absorb မလုပ်နိုင်တဲ့အတွက် စိတ်အေးလက်အေးနဲ့ပဲ လုပ်ဖို့ ကိုယ်ပိုင် အတွေ့အကြုံအရ recommend လိုက်ပါတယ်နော်။
ဒါလေးတွေကတော့ overall tips လေးတွေပါ။ skill တစ်ခုဆီအတွက် tips လေးတွေကိုတော့နောက်လာမယ့် ပို့စ်လေးတွေမှာ share ပေးပါမယ်နော်။
အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။

08/04/2022

နိုင်ငံခြားမှာ scholarships or ကျောင်းလျှောက်ဖို့ ဘာdocuments တွေလိုအပ်လဲ? ‼️

ဒီအကြောင်းအရာလေးကတော့ တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် မသိသေးတဲ့ Bachelors အတွက် ကျောင်းလျှောက်ချင်တဲ့ ကျောင်းသား ကျောင်းသူများ ကို ရည်ရွယ်ပြီး Preps 101 မှ share ပေးလိုက်ပါတယ်နော်။ လာမေးတဲ့ ကလေးတွေလည်း ပို အဆင်ပြေအောင်ပါ❤️

ကျောင်းလျှောက်ဖို့ အဓိကလိုအပ်တာတွေကတော့

☘️ သက်တမ်းတိုးပြီး သား passport သို့မဟုတ် အနည်း ဆုံး သက်တမ်းခြောက်လကျန်သော passport ( Scan ဖတ်ထားရပါမယ် )

☘️ IELTS or TOEFL or sometimes duolingo
IELTS ကတော့ များသောအားဖြင့် 6.5 အနည်းဆုံးတောင်းလေ့ရှိပြီး ကျောင်း ပေါ်မူတည်၍ အနည်းဆုံး 5.5 or 6 စသဖြင့် ကွဲပြားပါမယ်
TOEFL ကတော့ များသောအားဖြင့် 70 နှင့် အထက်တောင်းလေ့ရှိကြပြီးထုံးစံအတိုင်း ကျောင်းပေါ်မူတည်ပြီး 70, 100 စသဖြင့် တောင်းပါမယ်။

☘️ Personal Statement essay or statement of purpose (ကျောင်းကောင်းကောင်းတွေကတော့ တောင်းလေ့ရှိပြီး အရေးကြီးပါတယ်။ scholarship လျှောက်ရင်လည်းလိုအပိပါတယိ။ personal statement နဲ့ ပတ်သတ်ပြီး နောက်ပို့စ်များမှာ သေချာရှင်းပြပါမယ်နော်)

☘️ Matriculation exam transcript, matriculation certificate (ဆယ်တန်းအောင်လက်မှတ်၊ အမှတ်စာရင်းမူရင်းများ +နိုတြီ)

☘️တစ်ခါတစ်ရံ 8,9 တန်း transcript ပါလိုတတ်

☘️university transcript (တက္ကသိုလ် အမှတ်စာရင်း)

☘️Recommendation letters (မတောင်းတဲ့ကျောင်းတွေလည်း ရှိသလို တော်တော်များများကတော့ တောင်းကြပါတယ်)

☘️National ID, Student ID (မူရင်း+ နိုတြီ)

☘️ CV (Resume) (ကျောင်းတိုင်းမလို၊ တစ်ချို့ကျောင်းတွေက optional လို့ပြောလေ့ရှိ၊ ထည့်ပေးလိုက်တာ ပိုကောင်းပါတယ်နော်)

အဓိကလိုတာတွေကတော့ ဒါလေးတွေပဲပေါ့နော်။

TIPS
🎈ကိုယ်လျှောက်ချင်တဲ့ ကျောင်း၊ မေဂျာ သေချာဆုံးဖြတ်ပါ။
🎈 သေချာပြီိဆိုရင် ကျောင်းနာမည်ကို google မှာရိုက်ထည့်လိုက်တာနဲ့ uni website ကျလာမှာပါ။ website ထဲ သေချာဝင်ကြည့်ပြီး requirements , admissions deadline, intake တွေ ၊ application fees , ကျောင်းလခ, ကျောင်းကပေးတဲ့ စကော်လာရှိမရှိ စသဖြင့် သေချာရှာဖတ်စေချင်ပါတယ်။
ကျောင်းတွေ တစ်ကျောင်းနဲ့ တစ်ကျောင်းတောင်းတာမတူလို့ပါနော်
🎈များသောအားဖြင့် online application ဖြစ်တာကြောင့် အထက်ဖော်ပြပါ documents လေးတွေကို scan ဖတ်ထားသင့်ပါတယ်နော်

🎈IETLS , TOEFL or others ကျောင်းကတောင်းတာ ကိုကြည့်ပြီး စပြင်ဆင်ပါ။ ( page မှာလည်း toefl classes လေးတွေစုံစမ်းလို့ရတယ်နော်😜 ဒါကကြော်ငြာ)

🎈recommendation တောင်းထားကြပါ။
နှစ်ခုလောက်လိုတတ်ပါတယ်။ one from academic referee or one from your org or employer (ဘုံ recommendation လေးလည်း ဆောင်ထားသင့်ပါတယ်)

အခုလောက်ဆိုရင်တော့ အားလုံးလည်း သိတန်သလောက်သိကြပြီထင်ပါတယ်နော်။ page လေးကို like & follow ပြီး content လေးတွေ စောင့်ကြည့်ပေးပါဦးနော်။ သိလိုတာများရှိရင်လည်း အချိန်မရွေးလာမေးပါ admin တို့ သိသလောက်ဖြေကြားပေးပါ့မယ်။
အားလုံးပဲ Goood Luck ပါ ☘️

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon