Easy Maths with Teacher Shwedar

Easy Maths with Teacher Shwedar

Share

📘 Easy Maths with Teacher Shwedar
🎓 Learn Maths the Easy Way
✏️ IGCSE Edexcel Maths B
📚 Grade 9–12
📩 DM for class

17/05/2026

Grade 12
Chapter 1
Complex Number
#

Photos from Easy Maths with Teacher Shwedar's post 15/05/2026

✍️ ဒီ Post ဟာ တစ်ဖက်က စွပ်စွဲသလို တစ်စုံတစ်ယောက်ရဲ့ နာမည်ကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ပြီး နာမည်တည်ဆောက်နေတာ မဟုတ်ကြောင်း အမှန်တရားကို ချပြတဲ့ ရှင်းပြချက် သက်သက်သာ ဖြစ်ပါတယ်။

📌စာကို ဖတ်ပြီး နားလည်သဘောပေါက်တဲ့ ပညာတတ်ဆရာမ တစ်ယောက်ဆိုရင် မိမိရဲ့ မဆင်မခြင် စွပ်စွဲချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ တိုက်တွန်းလိုပါတယ်။ အမှန်တရားကို မသိဘဲ အားလုံးက မိမိကို သိနေရမယ်လို့ ယူဆပြီး အခုလို post တင်ပြီး စွပ်စွဲခဲ့တာဟာ သိက္ခာရှိတဲ့ လုပ်ရပ်မဟုတ်ကြောင်း အသိပေးချင်ပါတယ်ရှင်။"

📌📌📌ကျွန်မကိုယ်တိုင်ကလည်း သူတစ်ပါးနဲ့ နာမည်တူနေတာကို လုံးဝမနှစ်သက်တဲ့အတွက် နာမည်ပြောင်းလဲသွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ သူများနာမည် Copy ယူပြီး လုပ်စားတာ မဟုတ်ဘူးဆိုတာကိုတော့ အောက်ပါအချက်များဖြင့် သိထားစေချင်ပါတယ် -

✍️ ကျွန်မရဲ့ Easy Maths with Teacher Shwedar Page လေးနဲ့ ပတ်သက်ပြီး
ရှင်းပြစရာလေး ရှိလို့ပါရှင့်

ဒီ Page လေးကို စတင်တည်ထောင်ကတည်းက ဘယ်သူ့ကိုမှ တုပဖို့ စိတ်ကူးမရှိခဲ့သလို၊ ကိုယ်ပိုင် Branding တစ်ခုဖြစ်လာအောင် အဆင့်ဆင့် ကြိုးစားနေခဲ့တာပါ။အခုထိလည်း ကြိုးစားနေဆဲပါ

၁။ ကျွန်မက အထက်တန်း သင်္ချာကို 2006 -2009 ထိ က guide သင်ခဲ့ပြီး 2011 ကနေ ဒီနေ့အထိ အထက်တန်း သင်္ချာ ကို သင်လာခဲ့ပါတယ်

ဒီလိုနဲ့ online teaching ကို မြေစမ်းခရမ်းပျိုး စခဲ့စဉ်က အထက်တန်း သင်္ချာ နဲ့ ဘယ်လို tool တွေသုံးရမယ်ဆိုတာ မရင်းနှီးခဲ့တဲ့အတွက် Tr Khin Maths ဆိုတဲ့ နာမည်နဲ့ abacus ကို စဖွင့်ဖွင့်ခဲ့တာပါ။

အဲ့ဒီနောက်မှာမှ သုံးရမယ့် tools တွေ ကို သိလာပြီး Singapore maths /Grade 10/11/12 maths /Maths B / further pure maths တွေကို ပြောင်းသင်ခဲ့တာပါ

၂။ကျွန်မရဲ့ နာမည်ရင်း က Sandar ပါပါတယ်
ပထမ teacher Sandar (Maths) လို့ ပြောင်းသုံးခဲ့ပါတယ်။ဒါပေမယ့် မိဘ ပေးခဲ့တဲ့ နာမည် Khin Sandar Lwin ထက် ကိုယ့်ဘာသာ ရွေးချယ်ထားတဲ့ Facebook name Shwedar ကို ပိုသဘောကျလို့ Tr Shwedar နဲ့ပဲ ကြိုးစားပြီး name တစ်ခု တည်ဆောက်မယ်လို့တွေးပြီး ပြောင်းခဲ့ပါတယ်

၃။ Easy Maths ဖြစ်လာပုံ: Page နာမည်ရှေ့က "Easy Maths" ဆိုတာကလည်း AI နည်းပညာ (Gemini) ရဲ့ အကြံပြုချက်ကို ယူပြီး၊ သင်္ချာကို အလွယ်ကူဆုံး နည်းလမ်းတွေနဲ့ သင်ပြပေးချင်တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်ကို ဖော်ပြထားတာပါ။

၄။ သက်သေ: အခုဆိုရင် page သာမက TikTok (Followers 15K ကျော်) နဲ့ YouTube တွေမှာပါ ဒီနာမည်၊ ဒီ Branding နဲ့ပဲ အားသွန်ခွန်စိုက် Content တွေ ဖန်တီးလာခဲ့တာ အားလုံးအသိပါ။

တစ်စုံတစ်ယောက်က ကျွန်မရဲ့ Bio မှာ ပါတဲ့ နာမည်ရင်း (Sandar) တူနေတာကို အခြေခံပြီး "Copy ယူပါတယ်" လို့ စွပ်စွဲလာတာကို တွေ့ရတဲ့အတွက် အတော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မဟာ ဆရာမတစ်ယောက်အနေနဲ့ ကိုယ်ကျင့်တရားနဲ့ သိက္ခာကို အမြဲတန်ဖိုးထားသူဖြစ်လို့ ဘယ်သူ့ဆီကမှ ခိုးယူဖို့ မလိုအပ်သလို၊ ခိုးယူဖို့လည်း စိတ်မကူးခဲ့ပါဘူး။

ကျွန်မကို ချစ်ခင်အားပေးကြတဲ့ ကျောင်းသား/ကျောင်းသူတွေနဲ့ မိတ်ဆွေတွေ အထင်မလွဲစေဖို့အတွက် ဒီအကြောင်းအရာလေးကို ရှင်းပြပေးလိုက်ရပါတယ်ရှင်။

✍️ edit > "ကျွန်မဘက်က အမှန်တရားအတိုင်း ရှင်းပြပြီးပြီ ဖြစ်တဲ့အတွက် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ပါပြီ။ ရှေ့ဆက်ပြီး ကျွန်မကို ယုံကြည်တဲ့ ကျောင်းသားတွေအတွက်ပဲ အချိန်ပေးသွားမှာ ဖြစ်လို့ နောက်ထပ် ဘယ်လို စွပ်စွဲချက်မျိုးကိုမဆို လျစ်လျူရှုသွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။"


EasyMathswithTeacherShwEducation

08/05/2026

Grade 12 chapter 1
1 မှတ်တန် 12

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon