Marine Science Notebook
Marine
02/11/2021
အဏ္ဏဝါသိပ္ပံ ဘွဲ့ရများအတွက် .... (2.11.2021)
Marine Science Notebook page ၏ ရည်ရွယ်ချက်မှာ အဏ္ဏဝါသိပ္ပံ ဘာသာရပ်ကိုလေ့လာနေသူများ၊ ပင်လယ်သမုဒ္ဒရာအတွင်းရှင်သန်နေထိုင်ကြတဲ့ အပင်၊ အကောင်များ အကြောင်းကို စိတ်ဝင်စားသူများ၊ Marine နဲ့ပတ်သက်သော ဗဟုသုတရှာဖွေသူများ အချင်းချင်း အပြန်အလှန် knowledge sharing လုပ်ခြင်း၊ အပြုသဘောဆောင်သော ထောက်ပြဆွေးနွေးမှုများထွန်းကားလာစေခြင်း၊ ခင်မင်ရင်းနှီးသော ဆက်ဆံရေးရရှိစေပြီး အဏ္ဏဝါသိပ္ပံဘာသာရပ်နယ်ပယ်ပိုမိုကျယ်ပြန့်လာစေရန်အတွက် ရည်ရွယ်ပါသည်။ သို့ပါသောကြောင့် post တွေမှာ ဝင်ရောက်ဆွေးနွေး comment ရေးခြင်း၊ share လုပ်ပေးခြင်းဖြင့် အသိပညာကြွယ်ဝ၍ ရင်းနှီးကျွမ်းဝင်တဲ့ Marine community တစ်ခုတည်ဆောက်ကြပါစို့။
https://www.facebook.com/marineblogger/
23/09/2021
Scientific Thinking ?????
သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့လေ့လာတွေရှိချက်တွေ သုံးသပ်ချက်တွေကို ဖော်ပြရန်အတွက် အခြေခံကျတဲ့ တွေးတောနည်း ၂ မျိုး ကိုအသုံးပြုကြရပါတယ်။
ပထမနည်းလမ်းမှာ Induction လို့ခေါ်တဲ့ ခြုံငုံယူဆသုံးသပ်ခြင်း ဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ Deduction ဆိုတဲ့ အကျိုးသင့် အကြောင်းသင့် ပြန်လည်ကောက်နုတ်ခြင်း ဖြစ်ပါတယ်။
Induction ဆိုတာကို ဥပမာအနေနဲ့ ပြောရရင် ပညာရှင်တစ်ဦးဟာ သူ့ရဲ့သီးခြား လေ့လာတွေ့ရှိချက်တွေအရ ယေဘုယျခြုံငုံသုံးသပ်ချက်တစ်ခုထုတ်လိုက်ပါတယ်။
ဆိုကြပါစို့ ငါးရွက်တိုက်၊ ငါးမန်း နှင့် တူနာငါး တွေကို လေ့လာမှုအရ အဲဒီ ငါးတွေအားလုံးမှာ gills တွေရှိတယ်ဆိုတာတွေ့ရှိခဲ့တယ်။
ဒီတော့
"ငါးရွက်တိုက်၊ ငါးမန်း နှင့် တူနာငါး စတာတွေဟာ ငါးတွေဖြစ်ကြတယ် ဒါကြောင့် ငါးတွေအကုန်လုံးမှာ gills တွေရှိကြတယ်"
ဆိုပြီး ခြုံငုံသုံးသပ်လိုက်ပါတယ်။ ဒါကို Induction လို့ဆိုလိုတာပါ။
Deduction ဆိုတဲ့သဘောကတော့ ခြုံငုံသုံးသပ်ထားတဲ့ (Induction) အဆိုတစ်ခု ကို အကျိုးအကြောင်းနဲ့ ပြန်လည်သုံးသပ်ကောက်နုတ်ရခြင်းဖြစ်ပါတယ်။
ဥပမာပြောရရင် ခုနက "ငါးတွေအကုန်လုံးမှာ gills တွေရှိကြတယ်" ဆိုတဲ့ ခြုံငုံကောက်ချက်ချထားတာကို ထပ်မံလေ့လာပြီး ပြန်လည်သုံးသပ်ရခြင်းဖြစ်ပါတယ်။
တစ်ကယ်ပဲ ငါးတွေအားလုံးမှာ gills တွေရှိကြောင်းဆက်လက်လေ့လာမှုအရ မှန်ကန်ခဲ့ရင် အဲဒါဟာလက်ခံနိုင်တဲ့အဆို (Acceptable Hypothesis) တစ်ခုဖြစ်သွားပါပြီ။
နောက်ထပ်ဥပမာတစ်ခုအနေနဲ့ ပြောရရင် ပညာရှင်တစ်ဦးက သူလေ့လာဖူးသမျှ တွေ့ရှိချက်တွေကိုအခြေခံပြီး
"ပင်လယ်သတ္တဝါအားလုံးမှာ gills တွေရှိကြတယ်" လို့
Induction အဆိုတစ်ခုပြုထားတယ်ဆိုပါစို့။
ဒါပေမယ့် "ဝေလငါးသည်လည်း ပင်လယ်သတ္တဝါတွေဖြစ်တယ် ဒါပေမဲ့ သူ့မှာ gills မရှိပါ" ဆိုပြီး
ထပ်မံလေ့လာတွေ့ရှိချက်အရ ပြန်လည်သုံးသပ်ခြင်း (Deduction) ကြောင့် "ပင်လယ်သတ္တဝါအားလုံးမှာ gills တွေရှိကြတယ်" ဆိုတဲ့ ခြုံငုံသုံးသပ်ချက်ဟာ (False Hypothesis) ဖြစ်သွားပါတယ်။
ဒါကြောင့် ပညာရှင်တွေအနေနဲ့ Induction အဆိုတစ်ခုပြုဖို့ဆိုတာ အတော့်ကို ဂရုပြုကြရပါတယ်။ အဆိုတစ်ခု မှန်ကန်ဖို့ များပြားလုံလောက်တဲ့လေ့လာမှုတွေ၊ မှန်ကန်တိကျသေချာတဲ့ စူးစမ်းမှုတွေ အပေါ်အများကြီးမူတည်ပါတယ်။
ဥပမာ ပြရရင် ပညာရှင်တစ်ဦးဟာ ငါးအမျိုးအစားအကုန်လုံးကို လုံလောက်တဲ့လေ့လာမှုမရှိဘဲ
ငါးရွက်တိုက်ပုံစံ တစ်မျိုးတည်းကိုသာ လေ့လာခဲ့မယ်ဆိုရင် " ငါးတွေအားလုံးမှာ နှုတ်သီးချွန်တွေရှိပါသည်" ဆိုပြီး မှားယွင်းတဲ့ကောက်ချက်ချမိသွားပါလိမ့်မယ်။
ဒီနေရာမှာ ဆက်ပြီးပြောချင်တာက Hypothesis ဆိုတဲ့ ထင်မြင်ယူဆချက် တွေဟာ အကြိမ်ရေများစွာထပ်ခါတလဲလဲ မှန်ကန်နေတာဆိုရင် Scientific Theory အနေနဲ့ လက်ခံကြပါတယ်။
ဒါပေမယ့်လည်း အဲဒီ Scientific Theory ဟာ မှန်ကန်မှုမရှိကြောင်း လုံလောက်တဲ့ အထောက်အထားတွေစုစည်းတင်ပြနိုင်တဲ့အချိန်ရောက်တဲ့အခါ အဲဒီ Scientific Theory ဟာလည်း reject ဖြစ်သွားနိုင်ပါတယ်။
ဆိုလိုချင်တာက သိပ္ပံပညာရပ်ဆိုတာ အစဥ်ဆက်မပြတ်လေ့လာနေပြီး အသစ်အသစ်တွေထပ်မံတွေ့ရှိနေတဲ့ အတွက် Hypothesis တွေကို အမြဲမှန်တယ်ဆိုပြီးတစ်သက်တာအတွက်အာမ မခံ နိုင်ပါဘူး။ ဒါပေမယ့် Hypothesis တွေဟာ ၎င်းတို့ကို ငြင်းဆိုနိုင်တဲ့ အထောက်အထားတွေ မတွေ့ရှိသရွေ့ (သို့) မှန်ကန်နေဆဲဖြစ်ကြောင်း အချက်အလက်တွေရှိနေတုန်းပဲ ဆိုရင်တော့ လက်ခံနေရဦးမှာပါ။
ဒါဆိုရင် Induction နှင့် Deduction ဆိုတဲ့ အခြေခံ Scientific Thinkings နည်းလမ်း ၂မျိုးကို အကြောင်းပြုပြီး Hypothesis နှင့် Theory သဘာတရားတွေကိုနားလည်သွားကြမယ်လို့မျှော်လင့်ပါတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@
မှတ်ချက်။ ။ အထက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေမှာ လိုအပ်သည့်အကြောင်းအရာများ ဖြည့်စွက်လိုသည့် အချက်အလက်များကို viewer များအချင်းချင်း comment box မှာ ဝင်ရောက် ဆွေးနွေးပေးဖို့ ရင်းရင်းနှီးနှီး ဖိတ်ခေါ်ပါရစေ။
Warmly welcome!
Click here to claim your Sponsored Listing.