GUIDE Building Estimation and Training Center

GUIDE Building Estimation and Training Center

Share

Building Estimation Service
Estimation Training Class

13/04/2024

Lesson Learned_ 2

Payment terms မှာ Retention ဆိုတာ ပါတယ်.. Retention မှာလဲ တချို့က လုပ်ငန်းအားလုံးပြီးတဲ့အခါ Retention ရဲ့ 50% ကို ထုတ်ပေးပြီး ကျန်တဲ့ 50%ကို Defect Liability Period (DLP) ပြီးရင် ထုတ်လို့ရတယ်...တချို့ကြတော့ Retention ရဲ့ 100% amount ကို DLP ပြီးမှထုတ်ပေးပါတယ်...

လုပ်ငန်းအားလုံး ပြီးလို့၊ inspection အကုန် စစ်ပြီး passed ဖြစ်တဲ့အခါ Main con / Client ဘက်ကို Handover လုပ်ရပါတယ်...အယ့်တော့မှ Main con / Client ဘက်က လုပ်ငန်းအားလုံးပြီးစီးကြောင်း Completion of Pratical Certificate (CPC) ထုတ်ပေး ရပါတယ်...

DLP ဆိုတာက defect work တွေကို ပြန်လည်ပြင်ဆင်ပေးဖို့ ကာလတခု သတ်မှတ်ပေးတာပါ...DLP ကို 12 months ( or) 24 months လို့သတ်မှတ် ကြပါတယ်...CPC ထုတ်တဲ့‌နေကစပြီး တနှစ်အတွင်း user fault ကြောင့် မဟုတ်ဘဲ .. material quality နဲ့ workmanship အားနည်းလို့ဖြစ်ပေါ်လာတဲ့ defect တွေကိုဘာအခကြေးငွေမှ မရဘဲ Contractor ဘက်က ပြန်လည်ပြင်ဆင်ပေးရတာပါ... Contractor ဘက်က defect work တွေ ပြင်ဆင်ဖို့ အတွက်ကိုလည်း... Main con/Client ဘက်က DLP အတွင်း (12 လဆိုရင် 12လ၊ 24 လဆိုရင် 24 )မှာ Contractors တွေဘက်ကို inform လုပ်ရပါတယ်...အယ့်လို inform လုပ်ပြီးရင် contractors က သူတို့defect ဟုတ်၊ မဟုတ် စစ်၊ သက်ဆိုင်ရာ defect တွေပြင်ပေးပါတယ်...အားလုံးပြင်ပြီးတဲ့အခါ Main Con / Client ဘက်က Defect အားလုံးပြင်ဆင်ပြီးကြောင်း Certificate ထပ်ထုတ်ပေးရပါတယ်...အယ့်ဒီ Certificate နဲ့ အတူ Retention ကို Claim ရပါတယ်...

ကျွန်မ‌ ရေးချင်တဲ့ အဓိကအချက်က အခုမှ ရေးမှာပါ...

DLP အတွင်း Defect work ကို Main con/ Client ဘက်က မထုတ်ပေးဘဲနဲ့ DLP ကျော်ပြီးမှ ထုတ်ပေးရင်... Contractor ဘက်က defect ပြန်ပြင်ပေးဖို့ မလိုအပ်ပါဘူးဆိုတာပါဘဲ...

ဘာကြောင့်လဲဆိုတော့ DLP က တနှစ်(နှစ်နှစ်) ဖြစ်တဲ့ အတွက်ပါ..တနှစ်(နှစ်နှစ်)ကျော်သွားတာနဲ့ expired ဖြစ်သွားလို့ Contractor ဘက်က ပြန်ပြင်ပေးဖို့ မလိုတော့တာဖြစ်ပါတယ်...

ကျွန်မ နားလည်ခဲ့တာ...DLP ကျော်သွားရင်ဖြစ်ဖြစ်၊ မကျော်ခင် ဖြစ်ဖြစ် Contractor က Retention ကို claim ပါမယ် ပြောတဲ့အချိန်မှ...Main Con /Client ဘက်က defect ပြင်ဖို့ ပြောရင် Contractor ကပြင်ပေးရမယ် ထင်ခဲ့တာပါဘဲ...

အမှန်က

၁). Main Con/ Client ဘက်က DLP ကာလအတွင်း defect ကို Contractors တွေဘက် inform လုပ်ဖို့အရေးကြီးပါတယ်။ ( Subcontractor က Retention claim လာပြောတာကို စောင့်ရမည် မဟုတ်ပါ။ DLP အတွင်း defect works တွေကို Contractors တွေထံ inform လုပ်ရမည်မှာ Main Con/ Client ၏တာဝန်သာဖြစ်ပါသည်။)

၂). Contractors ဘက်ကလဲ DLP ကျော်ပြီးမှ Main Con/ Client ဘက်ကDefect ပြင်ဖို့‌ ပြောလာခဲ့လျင် တရားဝင် ငြင်းပိုင်ခွင့် ရှိပါတယ်။ ( DLP ကျော်သွားရင် Contractor ၏ တာဝန် မဟုတ်တော့ပါ။)

ကျွန်မ မှားခဲ့တဲ့၊ ကြုံတွေ့ခဲ့တဲ့ အမှားကနေ...မသိသေးတဲ့သူတွေ၊ နားမလည်သေးတဲ့သူတွေ သိပါစေ၊ နားလည်ပါစေ ..ကိုယ်ကိုယ်တိုင်လည်း အမှားထဲက သင်ခန်းစာယူရင်း၊ အမှားကို အမှန်ပြင်ရင်း Lesson Learned.2 ကို ရေးလိုက်ပါတယ်။

( နားလည်တဲ့သူတွေကတော့ QS လုပ်သက် 15 နှစ်ကျော်တာတောင် မသိသေးဘူးလားမေးရင်..ဟုတ်ကဲ့.. ကျွန်မ တကယ်မသိခဲ့ပါ.... အငယ်တွေအတွက်ကတော့ ငါတို့မသိတာဆန်းသလား...ဒီအစ်မ‌ တောင်မသိသေးဘူးဆိုပြီး moti တောင် ယူလို့ရပါသေးတယ်...ကျွန်မက Contractor ဘက်ကိုတောင် မှားတယ်ထင်ခဲ့သေးလို့...နားလည်တဲ့ အစ်မတွေ မေးကြည့်တယ်...စာတွေ ပြန်ဖတ်ကြည့်တဲ့အခါ..မှားနေတာ ကျွန်မဖြစ်မှန်း သိသွားတော့တယ်... စိတ်ရှည်ရှည်နဲ့ ရှင်းပြ‌ ပေးတဲ့အစ်မကိုလည်း ကျေးဇူးတင်ပါကြောင်း ‌ထပ်ပြောပါရစေ။)

28/01/2024

Lesson Learned.1

Tender ခေါ်တုန်းက အငြင်းအခုံ အနည်းဆုံးဖြစ်အောင် စဉ်းစားပြီး ပြောခဲ့တယ်လို့...ထင်ခဲ့သမျှ ...လုပ်ငန်းစဖို့မှာ စပြီးစကား‌ ပြောရတော့တာဘဲ...
Light weight block wall ပြဿနာ...
Drawing မှာ 150mm thk Block Wall , 200mm thk Block လို့ရေးထားတယ်

1m2 ဈေးထဲမှာ...150mm thk wall block လုပ်ကွက်ထဲမှာ kicker, stiffener, lintel အကုန်ပါပြီးရေးတယ်... stiffener, lintel ကို Size & spacing တွေပါ တခါတည်း confirm လုပ်ထားတယ်၊ plaster work ပါတခါတည်း ထည့်ထားတော့ cement morotor ratio, plaster thickness နဲ့ height တွေပါ confirm လုပ်ထားခဲ့တယ်...ဒါလောက်ဆို ဒီလုပ်ငန်းနဲ့ ပါတ်သတ်ရင် ထပ်ပြောစရာ မရှိလောက်တော့ဘူး ထင်ခဲ့၊ တွေးခဲ့မိတယ်...

Agreement ဖြစ်ပြီးလို့ လုပ်ငန်းစမယ်... materials sample ပြ၊ test တွေ ပြတဲ့အချိန်မှာ..
Block တုံးရဲ့ weight နဲ့ strength ကို ထည့်မဆွေးနွေး ခဲ့ခြင်းရဲ့ ပြဿနာ စပါတယ်...
Contractor က Tender တင်တုန်းကဒီ brand ထဲက ဟာနဲ့ဘဲ တွက်ခဲ့တာပါ... Client က လဲ block တုံးရဲ့ standard ရှိရမယ့် strength နဲ့ weight ရှိရမယ်ဆိုတာမျိုး...အခြေအ‌တင် ဖြစ်လာရတယ်...

Contractor က သူတို့တင်တဲ့ brand မဟုတ်ဘဲ တခြားဟာသုံးရမယ်ဆိုရင် additional ပေးရမယ်...
Client က block ရဲ့ standard မှီအောင်သုံးဖို့လို တယ် ... additional မပေးနိုင်ပါနဲ့...အယ့်လိုနဲ့လုပ်ငန်းကကြန့်ကြာနေရော...

ထို့ကြောင့် light weight block wall
ဆိုတာနဲ့ strength & weight ကို confirm လုပ်ဖို့လိုကြောင်း Lesson Learned.1 အနေနဲ့ sharing လုပ်ပေးလိုက်ပါတယ်။ (နားလည် တတ်ကျွမ်းတဲ့သူတွေက ကျော်သွားပါ၊ အမှားပါခဲ့ရင်၊ လိုအပ်ချက်ရှိခဲ့ရင်လည်း ဖြည့်စွက်ပေးခဲ့ပါရန်။)

28.01.2024
GUIDE

24/07/2023

Part.3, column concrete တွက်တာကို sharing လုပ်ပေးထားတာပါ။

16/04/2023

Guide လုပ်ပေးမယ်ဆိုပြီး ထိထိရောက်ရောက် မလုပ်ပေးနိုင်ခဲ့တာ တောင်းပန်ပါတယ်။ ဘာpost မှာ မရေးဖြစ်တာလဲကြာသွားတယ်။ အလုပ်အသစ်အပြောင်းအရွှေ့ဖြစ်သွား‌ တော့ အချိန်မရဖြစ်သွားလို့ပါရှင့်...အားလုံးဘဲ နှစ်သစ်မှာ ကျန်းမာချမ်းသာ၍ ဘေးရန်အပေါင်းကင်းရှင်းကြပါစေလို့ ဆု‌မွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်....

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon