Autumn Learning Hub
THE ORIGINAL LANGUAGE LEARNING EXPERIENCE. 🇩🇪
20/06/2026
📌 A2 - 27 July 2026
13/06/2026
✨ Meet Our Instructor: Tr. Khant ✨
Autumn Learning Hub ရဲ့ ဂျာမန်စာသင်တန်းတွေမှာ အတွေ့အကြုံရင့်ကျက်ပြီး စာသင်ရတာ စိတ်အားထက်သန်တဲ့ ဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ သူကတော့ Tr. Khant ပဲဖြစ်ပါတယ်။
ဂျာမန်ဘာသာစကားကို စနစ်တကျနဲ့ အထိရောက်ဆုံး လမ်းညွှန်ပြသပေးမယ့် Tr. Khant ရဲ့ အချက်အလက်လေးတွေကို ကြည့်လိုက်ရအောင်👇
🔸️ အမည်: Tr. Khant (အသက် ၂၈ နှစ်)
🔸️ ပညာအရည်အချင်း: B.A (German) - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (Y.U.F.L)
🔸️ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်: Goethe Zertifikat B2 (Passed in 2025) 🇩🇪
🔸️ သင်ကြားမှုအတွေ့အကြုံ: 5+ Years
💡 Tr. Khant နဲ့အတူ စာသင်တဲ့အခါ ဘာတွေထူးခြားမလဲ?
• Y.U.F.L ရဲ့ Major ဘာသာရပ် Background အပြင် နိုင်ငံတကာအသိအမှတ်ပြု B2 အောင်မြင်ထားသူဖြစ်လို့ သင်ရိုးညွှန်းတမ်းကို အပိုင်နိုင်ဆုံး ချပြပေးနိုင်ခြင်း။
• လူငယ်ဆရာတစ်ယောက်ဖြစ်တာကြောင့် သင်ခန်းစာတွေကို ပျင်းစရာမလိုဘဲ Active ဖြစ်ဖြစ်၊ Dynamic ဖြစ်ဖြစ် လေ့လာနိုင်ခြင်း။
• ၅ နှစ်ကျော် သင်ကြားမှုသက်တမ်းတစ်လျှောက် ကျောင်းသားပေါင်းများစွာကို အောင်မြင်အောင် လမ်းပြပေးခဲ့တဲ့ အတွေ့အကြုံရှိခြင်း။
ဂျာမန်ဘာသာစကားကို အခြေခံကစလို့ အပိုင်နိုင်ဆုံး လေ့လာပြီး သင့်ရဲ့ Goal တွေကို အကောင်အထည်ဖော်ဖို့အတွက် Tr. Khant နဲ့အတူ Autumn Learning Hub မှာ ဆုံကြစို့။ 🚀🧡
02/06/2026
🇩🇪 ဂျာမန်ဗီဇာအတွက်ပဲဖြစ်ဖြစ်၊ နိုင်ငံခြားကျောင်းအတွက်ပဲဖြစ်ဖြစ် ဂျာမန်စာ A1 ကို တစ်ခါတည်းနဲ့ အောင်ချင်ပါသလား?
မြန်မာနိုင်ငံကနေ ဂျာမန်ဘာသာစကားကို အခြေခံကနေစပြီး စနစ်တကျနဲ့ အထိရောက်ဆုံး လေ့လာချင်သူတွေအတွက် Autumn Learning Hub ရဲ့ German A1 Complete Package တန်းခွဲအသစ် လာပါပြီ!
ဒီသင်တန်းက ရိုးရိုးစာသင်ပေးရုံတင်မဟုတ်ဘဲ မြန်မာကျောင်းသားတွေ အခက်အခဲဆုံးဖြစ်တဲ့ Language Skills တွေကို သေချာ Focus လုပ်ပြီး Basic, A1.1 ကော A1.2 အထိပါ (၃) လအတွင်း အပြီးသင်ကြားပေးမှာ ဖြစ်ပါတယ်။
🎯 မြန်မာကျောင်းသားတွေအတွက် ဒီသင်တန်းက ဘာလို့ အထိရောက်ဆုံးဖြစ်မလဲ?
Goethe Zertifikat A1 Exam Prep ပါဝင်ခြင်း: သင်တန်းပြီးတာနဲ့ နိုင်ငံတကာအသိအမှတ်ပြု Goethe စာမေးပွဲကို တန်းဖြေနိုင်အောင် မေးခွန်းဟောင်းတွေ၊ Exam Tips & Tricks တွေကို သီးသန့် အချိန်ပေးပြီး အသေးစိတ် လေ့ကျင့်ပေးသွားမှာပါ။ (စာမေးပွဲအတွက် ထပ်ပြီး ပိုက်ဆံကုန်၊ အချိန်ကုန်ခံ စာကျက်စရာမလိုတော့ဘူးပေါ့!)
Netzwerk Neu 1 & 2 (နောက်ဆုံးပေါ် Curriculum): လက်ရှိ ဗီဇာအင်တာဗျူးနဲ့ စာမေးပွဲတွေအတွက် အကိုက်ညီဆုံးဖြစ်တဲ့ နိုင်ငံတကာသုံး ပြဌာန်းစာအုပ်နဲ့ သင်ကြားမှာဖြစ်လို့ ခေတ်မနောက်ကျစေရပါဘူး။
တစ်တန်းကို ၈ ယောက်ပဲ လက်ခံခြင်း (Class Size: 8 Pax): လူအများကြီးနဲ့ စာမလိုက်နိုင်မှာ စိတ်ပူစရာမလိုပါဘူး။ လူနည်းနည်းနဲ့ ဆရာက ကျောင်းသားတစ်ဦးချင်းစီကို သေချာ အနီးကပ် Guide လုပ်ပြီး စကားပြော (Speaking) နဲ့ အသံထွက် (Pronunciation) တွေကို ပြုပြင်ပေးမှာ ဖြစ်ပါတယ်။
Flexible Learning: Zoom Live တက်ရမှာဖြစ်ပြီး အလုပ်မအားလို့ပဲဖြစ်ဖြစ်၊ မီးပျက်လို့ပဲဖြစ်ဖြစ် သင်ခန်းစာတွေ လွတ်မသွားအောင် Video Records တွေကို စိတ်ကြိုက် ပြန်ကြည့်ပြီး Review လုပ်နိုင်ပါတယ်။
👨🏫 Instructor: Tr. Khant
မြန်မာကျောင်းသားတွေ ဂျာမန်စာလေ့လာတဲ့အခါ ဘယ်နေရာမှာ အမှားများတတ်လဲ၊ ဘာကို အခက်အခဲဆုံးလဲဆိုတာကို ကောင်းကောင်းနားလည်ပြီး စိတ်ရှည်လက်ရှည်နဲ့ ထိရောက်အောင် သင်ကြားပေးမယ့် ဆရာမ ဖြစ်ပါတယ်။
📅 သင်တန်းအသေးစိတ်နှင့် အချိန်ဇယား
စတင်မည့်ရက်: 15 June 2026
သင်တန်းရက်: Monday to Friday (တနင်္လာမှ သောကြာအထိ - ၅ ရက်လုံး စာထိတွေ့မှုရှိလို့ ပိုမှတ်မိလွယ်ပါတယ်)
သင်တန်းအချိန်: ည 8:30 PM - 10:00 PM (ရုံးသမား၊ ကျောင်းသမားတွေအတွက် အဆင်ပြေဆုံးအချိန်)
သင်တန်းကာလ: ၃ လ (Duration 3 Months)
သင်တန်းကြေး: 270,000 ကျပ် (Package တစ်ခုလုံးစာအတွက် အတန်ဆုံးနှုန်းထား)
⚠️ အရေးကြီးအချက်အလက်များ
🛑 လူဦးရေ (၈) ယောက်သာ ကန့်သတ်လက်ခံမှာဖြစ်ပြီး ဦးသူစနစ် (First come, first serve) ဖြင့် စာရင်းပိတ်ပါမည်။
🛑 နေရာ Confirm ရန်အတွက် သင်တန်းကြေးအပြည့်အဝ ပေးသွင်းပြီးမှသာ အတန်းအပ်နှံမှု အတည်ပြုပေးပါမည်။
📥 စာရင်းသွင်းရန်နှင့် စုံစမ်းရန်:
Messenger: m.me/autumnlearninghub
Telegram: t.me/autumnlearninghub
30/05/2026
☕️ 𝗦𝗰𝗵ö𝗻𝗲𝘀 𝗪𝗼𝗰𝗵𝗲𝗻𝗲𝗻𝗱𝗲! စနေနေ့ညနေခင်းမှာ ဂျာမန်လို အပန်းဖြေစကား ပြောကြရအောင် ✨
ပင်ပန်းခဲ့တဲ့ တစ်ပတ်တာ ပြီးဆုံးလို့ အားလပ်ရက် ညနေခင်းလေးကို ရောက်ရှိလာပြီဆိုတော့... ဂျာမန်လူမျိုးတွေ ညနေခင်းနဲ့ ပိတ်ရက်တွေမှာ ဘာလုပ်လေ့ရှိလဲ၊ ပြီးတော့ ကိုယ်လုပ်တဲ့အလုပ်တွေကို ဂျာမန်လို ဘယ်လိုပြောရမလဲဆိုတာ 𝗔𝟮 ဝေါဟာရလေးတွေနဲ့ လေ့လာကြည့်ရအောင်။
🚴♂️ 𝗪𝗮𝘀 𝗺𝗮𝗰𝗵𝘀𝘁 𝗱𝘂 𝗶𝗻 𝗱𝗲𝗶𝗻𝗲𝗿 𝗙𝗿𝗲𝗶𝘇𝗲𝗶𝘁? (မင်းအားလပ်ရက်မှာ ဘာလုပ်လဲ?)
A2 Level မှာ ကိုယ့်ရဲ့ ဝါသနာနဲ့ အပန်းဖြေတာတွေကို အောက်က ပုံစံလေးတွေအတိုင်း ပြောလို့ရပါတယ် -
* Ich sehe fern. (ကျွန်တော် တီဗီ/ရုပ်ရှင် ကြည့်နေတယ်။)
* Ich gehe im Park spazieren. (ကျွန်တော် ပန်းခြံထဲ လမ်းလျှောက်ထွက်နေတယ်။)
* Ich treffe mich mit Freunden. (ကျွန်တော် သူငယ်ချင်းတွေနဲ့ ဆုံနေတယ်။)
* Ich entspanne mich auf dem Sofa. (ကျွန်တော် ဆိုဖာပေါ်မှာ အနားယူနေတယ်။)
* Ich höre Musik und trinke Kaffee. (ကျွန်တော် သီချင်းနားထောင်ရင်း ကော်ဖီသောက်နေတယ်။)
💡 𝗔𝟮 𝗚𝗿𝗮𝗺𝗺𝗮𝗿 𝗧𝗶𝗽: "𝗧𝗿𝗲𝗳𝗳𝗲𝗻" 𝘃𝘀 "𝗦𝗶𝗰𝗵 𝘁𝗿𝗲𝗳𝗳𝗲𝗻"
သူငယ်ချင်းတွေနဲ့ ဆုံတယ်လို့ ပြောတဲ့အခါ A2 မှာ ဒီအမှားလေး ခဏခဏမှားတတ်ကြလို့ သတိထားရအောင်နော်။
❌ 𝗜𝗰𝗵 𝘁𝗿𝗲𝗳𝗳𝗲 𝗺𝗶𝘁 𝗙𝗿𝗲𝘂𝗻𝗱𝗲𝗻. (ဒီလိုဆိုရင် မှားပါတယ်!)
ဝါကျတည်ဆောက်ပုံ (၂) မျိုးပဲ သုံးရပါမယ် -
1. 𝗜𝗰𝗵 𝘁𝗿𝗲𝗳𝗳𝗲 𝗙𝗿𝗲𝘂𝗻𝗱𝗲. (Direct Object အနေနဲ့ သုံးတာ)
2. 𝗜𝗰𝗵 𝘁𝗿𝗲𝗳𝗳𝗲 𝗺𝗶𝗰𝗵 𝗺𝗶𝘁 𝗙𝗿𝗲𝘂𝗻𝗱𝗲𝗻. (Reflexive Verb + Preposition နဲ့ သုံးတာ - ပိုပြီး သဘာဝကျပါတယ်)
💬 𝗞𝗼𝗺𝗺𝗲𝗻𝘁𝗮𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲!
ဒီနေ့ စနေနေ့ညနေခင်းမှာ သူငယ်ချင်းတို့ရော ဘာလုပ်နေကြလဲ? ဂျာမန်လို တစ်ကြောင်းစီ ကော်မန့်မှာ ရေးခဲ့ပေးပါဦး။
Click here to claim your Sponsored Listing.