TRIO ART MUSIC Academy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TRIO ART MUSIC Academy, Music Lessons & Instruction School, No. (78/2), Ground Floor/14, Third Ward, Tatine Mhway Street, South Oakkalar Township, Yangon.
28/05/2024
🎶 ဂီတဘာသာဆိုတာ လူသားနဲ့ တူရိယာကြားက ပီယဝါစာ 🎶
ဂီတဆိုတာ ဘာသာစကားမတူ၊ လူမျိုးမတူရင်တောင်မှ ဆက်သွယ်လို့ရနိုင်တဲ့ ဘာသာစကားတစ်ခုပါ။ ဒီဘာသာစကားကိုတတ်မြောက်ထားမယ်ဆိုရင်တော့ ဘယ်ကိုပဲရောက်ရောက် သူများထက်တော့ရှေ့ရောက်နေမှာသေချာပါတယ်။ ကျွန်တော်တို့ Trio Art Music Accademy မှာဆိုရင်တော့ -
✣ အခြေခံ Music Theory
✣ Chord Theory
✣ သီချင်းတွေကို အလွယ်တကူတီးခတ်နိုင်မည့် နည်းလမ်းများ
✣ Sight Reading (Notes ဖတ်ခြင်း)
✣ ဂီတကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးနိုင်တဲ့အဆင့်ရောက်အောင်ထိ စနစ်တကျ သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။
မိမိရဲ့ ပါရမီပါသလောက်၊ လိုက်နိုင်သလောက် ဂီတနဲ့ပတ်သတ်တဲ့ပညာတွေကို ဖြည့်ပေးနိုင်တဲ့ သင်တန်းဖြစ်တဲ့အတွက် Professional Musician ဖြစ်ချင်တဲ့သူတွေ၊ ဂီတကို မြတ်နိုးတဲ့သူတွေ၊ အားလပ်ချိန်တွေမှာ ဘဝရဲ့နိဗ္ဗာန်ကို ကိုယ်တိုင်ကိုယ်ကျဖန်တီးချင်တဲ့မည်သူမဆို တက်ရောက်သင်ကြားနိုင်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။ ဒီသင်တန်းတက်ပြီးသွားပြီဆိုရင်တော့ Instruments တွေကို တီးခတ်တဲ့ Player တွေလည်း ဖြစ်လာနိုင်သလို မိမိရဲ့ပါရမီအလျောက် အဆိုတော်ကြီးတွေလည်း ဖြစ်လာနိုင်ပါတယ်။
🎹 လက်ရှိဂီတလောကမှာ Proဖြစ်နေတဲ့ ဆရာတွေက သင်ကြားပေးမှာဖြစ်ပြီးတော့ သင်တန်းအရည်အသွေးကို သင်တန်းမတက်ရင်ခင်မှာလည်း ကြိုတင်ပြီးတော့ လက်တွေ့လာရောက်လေ့လာနိုင်ပါတယ်။
🎹 သင်တန်းသားတစ်ဦးကို Keyboard/ Piano တစ်လုံးစီနဲ့ သင်ကြားပေးမှာဖြစ်ပြီးတော့ သင်တန်းသား (၁၀) ဦးသာ လက်ခံမှာဖြစ်ပါတယ်။
🎹 တစ်ပတ် (၂) ရက် သင်တန်းဖြစ်ပြီး မိမိအဆင်ပြေမဲ့သင်တန်းကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ အချိန်အခက်အခဲရှိတဲ့ သင်တန်းသားတွေအတွက်ကိုလည်း အချိန်ညှိနှိုင်းသင်ကြားပေးမယ့် ဆရာတွေကိုလည်း စီစဉ်ထားပါတယ်။
🎹 သင်တန်းကြေးအနေနဲ့ကတော့ သင်တန်းသားတစ်ဦးလျှင် တစ်လ (၈) သောင်းကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ (အခုလိုအချိန်မှာ အင်မတန်ကို သက်သာလှတဲ့ Fees တစ်ခုနဲ့ လူတိုင်းသင်ကြားနိုင်အောင်လို့ ပြုလုပ်ပေးထားတာဖြစ်ပါတယ်)
⇨ သင်တန်းစတင်မည့်ရက် - 1.6.2024 (Sat)
⇨ သင်တန်းတက်ရမည့်ရက်များ -
✅Session (1) - Tuesday & Friday
✅Session (2) - Saturday & Sunday
(မိမိကြိုက်နှစ်သက်ရာအတန်းချိန်ကို ရွေးချယ်တက်ရောက်နိုင်ပါသည်)
⇨ သင်တန်းချိန်များ -
✅ (9 AM to10:30 AM)
✅ (11AM to 12:30 PM)
✅ (01:00 PM to 2:30 PM)
⇨ ဆက်သွယ်ရန် - 09780153244 (Viber)
⇨ လိပ်စာ - တိုက် (၇၈/၂)၊ မြေညီထပ်၊ ၁၄/၃ ရပ်ကွက်၊ တတိုင်းမွှေးလမ်း၊ မြင်သာဈေးအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
တက်ရောက်သင်ကြားလိုသူ များပြားတဲ့အတွက် မိမိတက်ရောက်လိုတဲ့အတန်းချိန်ကို ကြိုတင်စုံစမ်းမေးမြန်းပေးပါခင်ဗျာ။ မကြာခင်မှာလည်း နောက်ထပ်တန်းခွဲအသစ်တွေကို ဖွင့်လှစ်သွားဖို့ရှိသလို Page ကနေလည်း ဂီတနဲ့ပတ်သတ်တဲ့အကြောင်းတွေကို Sharing ပြုလုပ်ပေးသွားမှာဖြစ်လို့ Page လေးကို Follow လေးလုပ်ပြီးတော့ စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon