HtunThar Hla

HtunThar Hla

Share

09/06/2024

6.6.2024 မှ စတင်၍

သက်တန်းရှိ (PJ-အလုပ်စာအုပ်) အမျိုးအစား စာအုပ်များ ကို

(PV-အလည်စာအုပ်) သို့ ပြောင်းလဲလျှောက်ထားခွင့် မပြုတော့ပါ။

အဆင်ပြေကြပါစေ 🙏🏻

27/04/2024

၁-၅-၂၀၂၄ ရက်နေ့မှစ၍ တစ်နိုင်ငံလုံး Online ကနေ QR လျှောက်လို့ရ

ပြည်သူများထံ အသိပေးပန်ကြားချက် (26-04-2024)

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင် ၂၄-၂-၂၀၂၃ ရက်မှစ၍လည်းကောင်း၊

နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့တွင် ၂၆-၂-၂၀၂၄ ရက်မှစ၍လည်းကောင်း Online Appointment System စနစ်ဖြင့် လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိပါသည်။

မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင် ၂-၅-၂၀၂၄ ရက်နေ့မှစ၍ Online Appointment System ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းနှင့် Online Booking လျှောက်ထားနိုင်ပါကြောင်း၊

ကယားပြည်နယ်အိမ်ထောင်စုစာရင်းဝင်သူများသည် ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်ဖြင့် တောင်ကြီးရုံးခွဲကို ရွေးချယ် လျှောက်ထားနိုင်ပါကြောင်း၊

ကျန်ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရုံးခွဲများတွင် သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းဝင်များကိုသာ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊

နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများသည် ၁-၅-၂၀၂၄ ရက်နေ့ ၀၉:၀၀ အချိန်မှစ၍ ရက်ချိန်းယူနိုင်ပါကြောင်း၊

နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ ရက်ချိန်းယူရာတွင် မိမိတို့၏ အိမ်ထောင်စုစာရင်းရှိရာ ရုံးခွဲများကို ရွေးချယ်ပြီး ကိုယ်တိုင်ဆောင်ရွက်နိုင်ရေး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ဖြစ်သည့် www.passport.gov.mm တွင် ကြိုတင်လေ့လာနိုင်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

အဆင်ပြေကြပါစေ 🙏

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon
12341