Ferrocare
သွေးအားနည်းခြင်းကို အထိရောက်ဆုံးကာကွယ်ပေးနိုင်သည့် ဖောလစ်အက်စစ်ပါဝင်သော အာနိသင်အထိရောက်ဆုံးသံဓာတ်အားဖြည့်ဆေး
30/05/2026
ဆံပင်တွေအရမ်းကျွတ်တဲ့ တရားခံက သံဓာတ်အားနည်းနေတာဖြစ်နိုင်လား?
ဆံပင်တွေအရမ်းကျွတ်ရတဲ့ အဓိကတရားခံတွေထဲမှာ သံဓာတ်အားနည်းတာ (Iron Deficiency) က အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုပါ။ ကျွန်မတို့ ခန္ဓာကိုယ်မှာ သံဓာတ်ဟာ သွေးနီဥဆဲလ်တွေကနေတစ်ဆင့် ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင် ပို့ဆောင်ပေးဖို့ အရေးပါပါတယ်။ ဆံပင်ရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဆံပင်အိတ်လေးတွေ (Hair Follicles) ကို အောက်ဆီဂျင် လုံလုံလောက်လောက် မရောက်တဲ့အခါ ဆံပင်သားတွေ အားနည်းလာပြီး ကျွတ်ထွက်ကုန်တာမျိုး ဖြစ်တတ်ပါတယ်။ သံဓာတ်အားနည်းလို့ ဆံပင်ကျွတ်တာဖြစ်နိုင်ကြောင်း ပြနေတဲ့ အချက်အလက်အချို့ကို အောက်မှာ ကြည့်နိုင်ပါတယ်
သံဓာတ်အားနည်းခြင်းနဲ့ ဆံပင်ကျွတ်ခြင်းရဲ့ ဆက်စပ်မှု တွေကတော့-
အောက်ဆီဂျင် ပြတ်လပ်မှု: သံဓာတ်နည်းတဲ့အခါ သွေးအားနည်းလာပြီး ဆံပင်အိတ်လေးတွေဆီကို အာဟာရနဲ့ အောက်ဆီဂျင် အပြည့်အဝ မရောက်နိုင်တော့ပါဘူး။ ဒါကြောင့် ဆံပင်ဟာ ကြီးထွားမှု ရပ်တန့်သွားပြီး အကျွတ်များလာတတ်ပါတယ်။
Ferritin (သံဓာတ်သိုလှောင်မှု): ခန္ဓာကိုယ်ထဲမှာ သံဓာတ်ကို သိုလှောင်ပေးထားတဲ့ Ferritin ပမာဏ နည်းသွားတာဟာ ဆံပင်ကျွတ်ခြင်းနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်လို့ ဆေးပညာအရ ယူဆကြပါတယ်။ ဒါကြောင့် ဆံပင်တွေအရမ်းကျွတ်လာပြီဆိုရင် သံဓာတ်ကို သတိထားပေးပါနော်။
TikTok link : https://www.tiktok.com/.women
09/05/2026
"အသားရှောင်ပေမဲ့ သွေးအားမနည်းရအောင် ဖယ်ရိုကဲကိုဆောင်" ✨
ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ မကြိုက်လို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် အသားရှောင်တဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ် (Iron) ရရှိမှု လျော့နည်းသွားတတ်ပါတယ်။ အသားရှောင်တဲ့သူတွေမှာ သွေးအားနည်းတာ၊ ဖြူဖျော့တာနဲ့ မကြာခဏ နုန်းချိတာမျိုးတွေ ပိုပြီး ခံစားရလေ့ရှိပါတယ်။ ဒါကို စိတ်ပူစရာမလိုဘဲ အားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ FERROCARE (Folic Acid & Iron Complex) ရှိပါတယ်။ 💊
ဘာကြောင့် FERROCARE ကို ဆောင်ထားသင့်တာလဲ?
✅ သံဓာတ်ပြည့်ဝစေတယ်: အသားမစားလို့ လိုအပ်သွားတဲ့ သံဓာတ်ပမာဏကို ပြန်လည်ဖြည့်တင်းပေးပြီး ဟေမိုဂလိုဘင် ပမာဏကို ထိန်းညှိပေးပါတယ်။
✅ သွေးနီဥအသစ်တွေ ထုတ်လုပ်ပေးတယ်: သွေးနီဥအသစ်တွေ ဖြစ်ပေါ်မှုကို ကူညီပေးလို့ ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေပါတယ်။ အသားရှောင်ပေမဲ့ သွေးအားမနည်းရအောင် အခုပဲ ဖယ်ရိုကဲကိုဆောင်လိုက်ပါနော်။
FERROCARE သံဓာတ်အားဖြည့်ဆေးကတော့ မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် 𝗙𝗗𝗔 ရရှိထားပြီး NAZCO TRADING LTD. မှတိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။
#သွေးအားကောင်း
TikTok link : https://www.tiktok.com/.women
01/05/2026
သံဓာတ်လည်း ပြည့်ဝ လက်ဆောင် လည်းရမယ့် မေလရဲ့ Ferrocare Promotion
ဟိတ်…. Ferrocare ချစ်သူတို့ရေ ဒီရက်ပိုင်း ဘာလုပ်လုပ်ပင်ပန်းနုံးချည့်နေပြီး အလုပ်မှာဆိုလဲ အာရုံစူးစိုက်ရခက်နေပြီလား ?ဒါဆိုရင်တော့သံဓာတ်အားနည်းနေပြီမို့ သံဓာတ်အားဆေးသောက်ဖို့လိုနေပါပြီ။ သံဓာတ်အားဆေးသောက်မယ်ဆိုရင်တော့ ဒီလထဲမှာ Ferrocare သံဓာတ်အားဆေးက Promotion အလန်းစားလေးရှိပါတယ်နော် ။ မေလ (၁) ရက်နေ့ကနေ မေလ (၃၁) ရက်နေ့အထိ Ferrocare တစ်ဘူးဝယ်ယူသူတိုင်း ချစ်စရာကောင်းတဲ့ Key Chain လှလှလေး တစ်ခု ရရှိမှာပဲဖြစ်ပါတယ်နော် ။
ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့သူတွေအတွက်ပဲဖြစ်ဖြစ် Ferrocare ဝယ်ယူရင်းလက်ဆောင်လေးပါ ရဦးမှာဆိုတော့ ဘယ်လောက်တောင်တန်လိုက်မလဲ??
ကဲဒါဆိုရင်တော့ Ferrocare အားဆေးကို အခုပဲ ဝယ်ယူပြီး သံဓာတ်အားဖြည့်ရင်း Key Chain လှလှလေး ပါ လက်ဆောင် ရယူလိုက်ပါနော် ။
29/04/2026
ပိတ်ရက်မှာ အားအင်အပြည့်နဲ့ တက်ကြွနေဖို့
ကိုယ့်မှာ FERROCARE ရှိနေပြီလား?
စောင့်မျှော်နေရတဲ့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်လေး ရောက်လာပြီဆိုရင်...
ကိုယ်နှစ်သက်တဲ့ ရုပ်ရှင်လေးတွေ ကြည့်မယ်၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်မယ်ဆိုပြီး အစီအစဉ်တွေ ဆွဲထားတတ်ကြတယ်မလား? 🗓️✨
ဒါပေမဲ့... ပိတ်ရက်ရောက်မှ လူက ဘာမှမလုပ်ချင်ဘဲ နုံးချိနေတာ၊ အိပ်ရာထဲက ထရမှာ ပျင်းနေတာ၊ ခဏခဏ မူးဝေနေတာမျိုး ဖြစ်နေရင်တော့ ကိုယ့်ရဲ့ အဖိုးတန်တဲ့ ပိတ်ရက်လေးတွေ အလဟဿ ဖြစ်သွားနိုင်ပါတယ်။ 🥱❌ ဒီလို မဖြစ်ရအောင် သွေးအားကောင်းပြီး တက်ကြွလန်းဆန်းစေမယ့် FERROCARE (Folic Acid & Iron Complex) ကို ဆောင်ထားလိုက်ပါ။ FERROCARE မှာ Folic Acid 800mcg နဲ့ Ferrous Fumarate အမျိုးအစား Elemental Iron 15mg ပါဝင်တော့ သံဓာတ်ပြည့်ဝစေပါတယ်။🩸 သံဓာတ်ပြည့်ဝတဲ့အခါ ခန္ဓာကိုယ်က ပိုပြီး Relax ဖြစ်စေပါတယ်။ တစ်နေကုန် အပြင်ထွက်လည် ရင်လည်း လန်းဆန်းတက်ကြွနေစေဖို့ ကူညီပေးပါတယ်။ ပိတ်ရက်တွေမှာ အားအင်အပြည့်နဲ့ တက်ကြွနေဖို့ဆို FERROCARE နဲ့သံဓာတ်ကိုဖြည့်တင်းထားလိုက်နော်။🩸
FERROCARE သံဓာတ်အားဖြည့်ဆေးကတော့ မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် 𝗙𝗗𝗔 ရရှိထားပြီး NAZCO Trading LTD.မှတိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။
TikTok link : https://www.tiktok.com/.women
28/03/2026
အသက်အရွယ်လိုက်နေ့စဥ်လိုအပ်တဲ့
သံဓာတ်ပမာဏလေးတွေကိုသိပြီးပြီးလား?
သံဓာတ် (Iron) လိုအပ်ချက်ဟာ အသက်အရွယ်နဲ့ ကျား/မ အခြေအနေပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်နော်။ အထူးသဖြင့် အမျိုးသမီးတွေဟာ ဓမ္မတာသွေးဆုံးရှုံးမှုကြောင့် အမျိုးသားတွေထက်
သံဓာတ်ပိုမိုလိုအပ်လေ့ရှိပါတယ်။ ပျမ်းမျှအားဖြင့် တစ်နေ့တာလိုအပ်တဲ့ သံဓာတ်ပမာဏ
တွေကတော့-
အမျိုးသမီးများ👩🏻🩸
-အသက် ၉ နှစ် မှ ၁၃ နှစ်: (8) mg
-အသက် ၁၄ နှစ် မှ ၁၈ နှစ်:(15)mg
-အသက် ၁၉ နှစ် မှ ၅၀ နှစ်: (18)mg
-ကိုယ်ဝန်ဆောင်မိခင်များ: (27)mg
-နို့တိုက်မိခင်များ: (9)mg မှ (10) mg
အမျိုးသားများ🩸👦
-အသက် ၉ နှစ် မှ ၁၃ နှစ်: (8)mg
-အသက် ၁၄ နှစ် မှ ၁၈ နှစ်: (11)mg
-အသက် ၁၉ နှစ်နှင့်အထက်: (10 ) mg
အသီးသီးပဲ ဖြစ်ပါတယ်။ နေ့စဥ်လိုအပ်တဲ့ သံဓာတ်ပမာဏကို အစားအသောက်ကလည်းရနိုင်သလို FERROCARE ကဲသို့ သံဓာတ်ဖြည့်စွက်အားဆေးတွေကလည်းရနိုင်တာပဲ ဖြစ်ပါတယ်။ "လှပကျန်းမာပျော်ရွှင်စွာ ဖယ်ရိုကဲနဲ့ ဖြတ်သန်းပါ"
TikTok link : https://www.tiktok.com/.women
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon
11111