Flow Analytics
sharing memories...
working with the future...
25/12/2023
Lucky Spin ကနေလှည့်တိုင်း Free Skin or Hero ရအောင်လှည့်နည်း
Warning ⚠️ | လှည့်မယ်ဆို M Ticket ကိုသုံးရတာမို့လို့ Emblem တွေအကုန် Level 60 မရောက်သေးဘူးဆိုရင် Skin or Hero တွေကို Battle Point ပဲစုပြီးဝယ်ဖို့သတိပေးပါရစေ
Tipကိုအရင်မပြောခင် ဘာတွေရမလဲ
- Free Skin
- Hero
- Battle Point
- Magic Dust (emblem level upတဲ့အချိန်သုံးရတာပါ။)
- Hero Fragments
- Trial Cards
- Emblem Fragments
- lucky gems (Lucky Shop ထဲက 🤌🏼ထပ်မပြောင်းတော့သော skin တွေဝယ်လို့ရတယ်။)
အဓိက skin freeရတယ်။
Guideအရ
- 48 hours (2 Days) တိုင်း Free Spin က reset ပြန်လုပ်ပါတယ်။
- Skin or Hero တွေကို 2 ပတ် တစ်ခါချိန်းပါတယ်။
- Skin or Hero ရနိုင်ချေက 58% ရှိတယ်။ စိတ်မပူပါနဲ့ အက်မင်ပြောတဲ့အတိုင်းသာလှည့်ရင် လှည့်တိုင်း Free ရပါတယ်။
- ရှိပြီးသား skin တွေဆို Skin Fragments တွေပြောင်းပြီးရပါမယ်။
- Level 60 ပြည့်ပြီးသား Emblem ဆို Magic Dust အဖြစ်ရပါမယ်။ အဲ့လောက်သိထားပြီဆို Tip ပြောရအောင်
Tip
* တစ်ခါလှည့်မယ်ဆို M Ticket အများဆုံး 3,000 ကနေ 6,000 ကြားကုန်ပါတယ်။ အနည်းဆုံး 4,500 ထိစုပြီးမှ တစ်ခါလှည့်ဖို့ပြောချင်ပါတယ်။ *
အဓိက လှည့်တဲ့အခါ တစ်လှည့်ကျော်လှည့်ပါ။
ဥပမာ ဒီအပတ်က Julian Hero ကိုလှည့်လိုက်တယ် နောက်တစ်ခါ Xavier Skin လာတယ်ထား မလှည့်နဲ့တော့ နောက်ထပ် တစ်ခေါက် ချိန်းမှ ထပ်လှည့်
အဲ့လိုသာလှည့် လှည့်တိုင်း Lucky Spin ကနေပေါက်ပါတယ်။
24/12/2023
Merry Christmas ⛄to you...
မိသားစုနဲ့အတူ Christmas 🎄ကိုဖြတ်သန်းနိုင်ကြပါစေ
12/12/2023
Esports လောကရဲ့ Pro Player တစ်ယောက်ဖြစ်ဖို့နဲ့ Real Life မှာ ပညာရေးကြား ဗျာများနေတဲ့လူငယ်အကြောင်းကိုကြည့်ရမှာပဲဖြစ်ပါတယ်။
Bokura no Ameiro Protocol
Review
Admin တို့မြန်မာနိုင်ငံက ကလေးတွေကြားထဲမှာ ဖြစ်လေ့ဖြစ်ထရှိနေတဲ့ အခြေနေမျိုးကို မြင်တွေ့ရမှာပါ။
MCရဲ့ Pro Player လမ်းကြောင်းက Accident တစ်ခုမဖြစ်ခင်ထိအဆင်ပြေချောမွေ့နေခဲ့ပါတယ်။ ဖြစ်သွားတဲ့ Accident မှာ MC ရဲ့ အဖေသေဆုံးခဲ့ရသလို သူ့ညီမလေးကလည်း အောက်ပိုင်းသေသွားခဲ့ပါတယ်။ မိသားတစ်စုမှာ အဖေမရှိတဲ့နောက် ပိုက်ဆံရှာတဲ့တာဝန်က အကိုကြီးအဖရာဖြစ်တဲ့ MCစီ ကျရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ MC က သူနဲ့ဂိမ်းဆော့ဖော်ဆော့ဖက် သူငယ်ချင်း အဖေရဲ့ ဆိုင် Fox One ဆိုတဲ့ Esports Cafe တစ်ခုမှာ အချိန်ပိုင်းအလုပ် ဝင်လုပ်ရင်း သူ့အမေနဲ့ညီမလေးကို ထောက်ပံ့ပေးခဲ့ပါတယ်။
သူ့အလုပ် Esports Cafe က ရိုးရိုး ဂိမ်းဆိုင်တင်မဟုတ်ပဲ Fox One Esports Team ရဲ့ Orgazinerလည်းဖြစ်ပါတယ်။ Fox One Team ရဲ့ Leader နဲ့အတူ Team Members တွေပြိုကွဲသွားတဲ့အချိန်မှ သိခဲ့ရတာ Fox One Cafe ကော Organization ကပါ အကြွေတွေပင်လယ်လိုနစ်ပြီး ပိတ်ပစ်ရတော့မယ်ဆိုတာကိုပါ။
MC သူငယ်ချင်း အဖေ Organizer က ပိတ်လည်းမပိတ်ချင် အကြွေးတွေလည်းဆပ်ချင်တာကြောင့် New Members တွေနဲ့ အသင်းကိုပြန်ဖွဲ့ပြီး Tournament တွေပြန်ပြိုင်ဖို့ ကြိုးစားပါတော့တယ်။
Esports လောကနဲ့မစိမ်းတဲ့ ကလေးတွေအတွက် တော်တော်ကြည့်လို့ကောင်းမဲ့ Series လို့ Review ပေးချင်ပါတယ်။ Practice လုပ်ရမဲ့အချိန်မှာ Practice လုပ်တယ်။ ကျန်တဲ့အချိန်မှာ Cafe က ဂိမ်းလာဆော့တဲ့သူတွေအတွက် Service ပေးရင်းအလုပ်လုပ်တယ်။ ကျောင်းမပြီးသေးအလုပ်ခွင်ထဲမရောက်သေးတဲ့ကလေးတွေအတွက်တော်တော်လေးအားကျစရာကောင်းတဲ့ Life Style လေးပါ။
အဲ့တာနဲ့နည်းတူ MC ထမ်းထားရတဲ့တာဝန်တွေနဲ့ ကျန်တဲ့ Team Members တွေမှာရှိတဲ့ Game Play Skill တွေအပြင် အခက်ခဲတွေကိုလည်း ပေါ့ပေါ့ပါးပါး ကြည့်ရမဲ့ကားလို့ Review ပေးချင်ပါတယ်။
On Going Series ပါနော်
Link: https://t.me/yoyaranime/151
Watched History
12 December 2023: ep 1 to 10
12/12/2023
30 Days Love Reset
ဇာတ်လမ်းအကျဉ်း
ကွာရှင်းတော့မဲ့လင်မယားနှစ်ယောက် ချစ်လို့ မိဘတွေပါ အတိုက်ခံလုပ်ပြီး ယူထားပြီးမှ ကွာရှင်းဖို့တရားရုံးမှာ တရားရင်ဆိုင်ခဲ့ကြတယ်။
တရားသူကြီးက အတည်ပြုဖို့ ရက် ၃၀ပေးရာကနေ တရားရုံးကအပြန် ကားAccident ဖြစ်ပြီး ၂ယောက်လုံးအတိတ်မေ့သွားကြပါတယ်။ ကောင်မလေးအမေကော ကောင်လေးအမေကပါ ကွာရှင်းတာကိုဆက်လုပ်ဖို့ နှစ်ယောက်စလုံး မုန်းနေကြတဲ့အရင်အခြေနေ ပြန်ရောက်အောင် ကြိုးစားကြပါတယ်။
သူတို့ကြိုးစားလေ ပြန်ချစ်လာလေသာဖြစ်နေတဲ့ ဒီ၂ယောက်ကို နောက်ဆုံးခွဲဖို့ ကောင်မလေးကိုပညာတော်သင်လွှတ်လိုက်ပါတော့တယ်။
မရမကလိုက်တားဖို့ကြိုးစားရင်းနဲ့မှ ပြန်ပေါင်းသွားမလား တကယ်ပဲကွာရှင်းရမလား
ဇာတ်ကားကိုပဲကြည့်လိုက်ပါ Movie နော် Drama မဟုတ်
Link
https://t.me/mzhmovie_1/262
Watched History
2 December 2023
11/12/2023
12.12 Artwork
သင်ယူနေဆဲကာလ
Inspired နဲ့ source ကို ment မှာတင်ထားပါတယ်။🫶🏼
Click here to claim your Sponsored Listing.