Try2Learn

Try2Learn

Share

Online Learning Platform

07/06/2023

Hello အားလုံးပဲ မင်္ဂလာပါ။
စာတွေတောင် မတင်ဖြစ်တာနည်းနည်းကြာသွားတယ်ဗျာ။ ဒီနေ့ပြောပြမယ့်အကြောင်းကတော့ Javaမှာ အများဆုံးသုံးဖြစ်တဲ့ Data Structure တစ်ခုဖြစ်တဲ့ ArrayListတွေအကြာင်းပါ။
ArrayListတွေက Javaမှာ အသုံးအများဆုံး Data Structure တစ်ခုဖြစ်ပြီးတော့ Dataတွေသိမ်းတဲ့နေရာမှာ လွယ်ကူအဆင်ပြေပါတယ်။

ArrayListဆိုတာက Arrayတစ်ခုကိုပဲ Javaက manageလုပ်ပေးထားတာဖြစ်ပါတယ်။ ArrayListမှာ InternalArrayတစ်ခုရှိပြီးတော့ ArrayListရဲ့ valueတွေအကုန်လုံးက အဲ့InternalArrayထဲမှာသိမ်းထားတာပါ။
Array တွေကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုတော့ ဟိုအရင်အပါတ်တွေက ရှင်းပြထားဖူးပါတယ်။ ArrayListတစ်ခု စပြီးဆောက်လိုက်ပြီဆိုရင်၊
List stringList = new ArrayList(); ဆိုပြီး ရေးလိုက်ရင်
စစချင်း InternalArrayတစ်ခုကို instantiateလိုက်ပြီး အဲ့InternalArrayရဲ့ limitကို ၁၀လို့ထားပါတယ်။ ArrayListထဲကိုထည့်တဲ့ valueတွေဟာ အဲ့InternalArrayထဲမှာ ထိန်းသိမ်းထားပါတယ်။
InternalArrayဟာ စစချင်းမှာlimit၁၀ ရှိပါတယ်။ ArrayListထဲ itemတွေထည့်လို့ limitကျော်သွားတဲ့အခါမှာ ArrayListဟာ InternalArrayရဲ့ sizeကို အလိုအလျောက်တိုးပေးပါတယ်။ ပိုကြီးတဲ့Array တစ်ခုဆောက်လိုက်ပြီး Array အဟောင်းရဲ့ တန်ဖိုးတွေကိုကူးပြီးထည့်လိုက်တာပါ။ ArrayListတစ်ခုမှာရှိတဲ့ elementတွေရဲ့ တန်ဖိုးကိုရှာရင် InternalArrayကနေတန်းပြီးယူလို့ရတာမို့လို့ ပုံမှန်Arrayကနေယူရသလိုပဲ Performanceကောင်းတဲ့အတွက် ArrayListကို LinkedListတို့ LinkedQueueတို့ထက် ပိုပြီးတော့ အသုံးပြုကြပါတယ်။ ArrayListကို itemထည့်တဲ့ အခါတိုင်း၊ itemတွေ deleteလုပ်တဲ့အခါတိုင်း၊ ArrayListက လိုရင်လိုသလို InternalArrayရဲ့sizeကို ပြောင်းလဲပေးပါတယ်။ Sizeမလောက်တော့ရင် တိုးပေးပြီးတော့၊ ArrayListရဲ့size ကအရမ်းကြီးနေတဲ့အချိန်မှာ elementက ၁ခု၂ခုလောက်ပဲရှိတော့ရင်လဲ Array size ကို ပြန်ပြီးလျော့ပေးပါတယ်။

ပြောရမယ်ဆိုရင် ArrayListက Arrayတစ်ခုမှာရှိတဲ့benefitတွေ အကုန်ရှိပြီးတော့ Arrayတွေရဲ့ limitationတွေ၊ အဆင်မပြေမှုတွေဖြစ်တဲ့ size limitationတွေနဲ့ တခြားလိုအပ်တဲ့ allocation processတွေ (itemတွေကို နေရာရွှေ့ပေးတဲ့ processတွေ)ကိုပိုပြီး ချောမွေ့အောင်လုပ်ပေးပါတယ်။ အသုံးပြုရတာလွယ်ကူပြီးတော့ performanceကောင်းတဲ့ data structureတစ်ခု ဖြစ်လို့ Java programmingမှာ အသုံးအများဆုံး data structure တစ်ခုဖြစ်ပါတယ်။

ဒီအပါတ်တော့ ဒီလောက်ပါပဲ။ နောက်အပါတ်တွေမှာ popular programming language တေွမှာ အသုံးပြုတဲ့ နည်းပညာတွေနဲ့ software development process တွေအကြာင်း ဆက်ပြောပြသွားပါမယ်။

30/04/2023

ဒီနေ့ည 12 နာရီမှာ Road to Jr Pe*******on Tester Class အတွက် Register Form ပိတ်ပါမယ်ဗျ

Telegram Group Link ပါတဲ့ Confirm Mail ကို Register Form ပိတ်ပြီးတာနဲ့ အကုန်ပို့ထားပေးပါမယ်

Class ကို Support ပေးတဲ့သူတွေကိုရော စိတ်ဝင်တစားနဲ့ Register လုပ်ပေးတဲ့သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ 🙆‍♂️

21/04/2023

Workshop အတွက် အခုချိန်ထိ Register လုပ်ထားသူအားလုံးကို Invitation Mail တွေပြန်ပို့ထားပေးထားပါတယ်နော်

တကယ်လို့ Register လဲလုပ်ထားတယ် ဘာ Mail မှမရဘူးဆိုရင်တော့ Page Chat Box မှာ Nickname လေးတစ်ချက်ပြောပြီး Invitation ပြန်ယူလို့ရပါတယ်ဗျ

Invitation Mail မှာ Nickname မှားတာတို့ Google Meet Link ကို Clickable ဖြစ်အောင်မလုပ်ပေးမိလိုက်တာမျိုးရှိခဲ့ရင်‌လဲ ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်ဗျ 🙇‍♂️

Post ကို Share ပေးပြီး Supporting လုပ်ပေးတဲ့သူတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ဗျ ❤️

Road to Jr Pe*******on Tester (Free Class)

အားလုံးပဲ မင်္ဂလာပါဗျ 🙋‍♂️

ကျတော်တို့ Try2Learn Page ကနေ Pentesting နဲ့ဆိုင်တဲ့ Knowledge Sharing Post တွေကို စောင့်မျှော်နေတဲ့သူတွေနဲ့ Supporting ပေးနေတဲ့သူတွေကို အရင်ဆုံးကျေးဇူးတင်ပါရစေ။

ကျတော်တို့ Page ကနေ Pentesting ကိုစိတ်ဝင်စားပြီး ဘယ်ကစလေ့လာရမှန်းမသိဖြစ်နေတဲ့သူတွေ၊ Pentesting ပိုင်းကိုလေ့လာဖို့အတွက် Essential Skill တွေဖြည့်နေတဲ့သူတွေနဲ့ Pentesting ပိုင်းကိုစလေ့လာနေတဲ့သူတွေအတွက်ရည်ရွယ်ပြီး Road to Jr Pe*******on Tester ဆိုတဲ့ Title နဲ့ Free Class လေးကို Myanmar New Year Present အနေနဲ့ Share ပေးချင်ပါတယ်။

ဒီ Class လေးကိုဘယ်သူတွေတက်သင့်လဲတို့ ဘာတွေ Learning လုပ်ရမလဲတို့ Class နဲ့ဆိုင်တဲ့ Rule တွေ ဘယ်နေ့စမှာလဲဆိုတာတွေနဲ့ ဘယ်ချိန်တွေလဲဆိုတာကိုတော့ အသေးစိတ်ရှင်းပြဖို့အတွက် April 25 ရက်နေ့ Tuesday မှာ Workshop တစ်ခုလုပ်သွားဖို့ရှိပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်က Google Form လေးကိုဖြည့်ပြီး Workshop အတွက်စာရင်းပေးလို့ရပါတယ်။

Google Form - https://forms.gle/XH4NwV7tHk3xWXVc8

အရင်လို Knowledge Sharing Post တွေအစား ဒီ Sharing အကြီးကြီးကိုကြိုက်နှစ်သက်မယ်လို့မျှော်လင့်ရင်း နှစ်သစ်မှာစိတ်ချမ်းသာြခင်း ကိုယ်ကျန်းမာြခင်းများနဲ့ပြည့်စုံပါစေလို့ဆုမွန်တောင်းတောင်းပေးပါရစေ။

So, hope to see you in my workshop ❤️

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon